International News

ကမ္ဘာ့စံချိန်သစ်တင်တော့မယ့် တောင်အာဖရိကက ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ

ကမ္ဘာ့စံချိန်သစ်တင်တော့မယ့် တောင်အာဖရိကက ရှင်မွေးလွန်းနဲ့ မင်းနန္ဒာ

တောင်အာဖရိကအမျိုးသမီးတစ်ဦးဟာ ဆရာဝန်တွေကသာအတည်ပြုချက်ပေးခဲ့မယ်ဆိုပါက

ကမ္ဘာပေါ်မှာ အသက်ရှင်နိုင်သမျှအကြီးမားဆုံးမွေးဖွားမှုအဖြစ် ကလေး ၁၀ ဦးအထိမွေးဖွားကာ

စံချိန်တင်နိုင်လိမ့်မယ်လို့ Daily Mail က ဆိုပါတယ်။

June 9, 2021 By Pyae Phyo

အသက် ၃၇ နှစ်အရွယ် Gosiame Thamara Sithole ဆိုတဲ့

အမျိုးသမီးဟာ ယောကျ်ားလေး ၇ ဦးနဲ့ မိန်းကလေး ၃ ဦးကို

၁ဝမြွာပူးအဖြစ်နဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့က မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

Pretoria က ဆေးရုံတစ်ခုမှာ မွေးဖွားခဲ့တာဖြစ်ပြီး တောင်အာဖရိကအစိုးရကတော့

ဒီလိုမွေးဖွားမှုအတွက် ဘယ်လိုမှတ်တမ်းမျိုးမှကို မတွေ့ရှိရသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

အစိုးရရဲ့ လူထုဆက်သွယ်ရေးဌာနက ဒါရိုက်တာဖြစ်သူ Phumla Williams က ဒီမွေးဖွားမှုနဲ့ပတ်သက်ပြီး

အသေးစိတ်အချက်အလက်တွေကို တွစ်တာကတဆင့် အများပြည်သူကို မေးမြန်းတောင်းဆိုထားခဲ့ပါတယ်။

“ဒီဇာတ်လမ်းကို အတည်ပြုနိုင်ဖို့အတွက် လိုအပ်ပါတယ်၊ လိုအပ်တဲ့အထောက်အထားတွေကို ဘယ်မှာရနိုင်မလဲ” လို့

သူက ရေးသားခဲ့ပါတယ်။ Ekurhuleni မြို့တော်ဝန် Mzwandile Masina က

သူတို့ဇနီးမောင်နှံဘယ်မှာနေထိုင်သလဲဆိုတာကို ကြိုးစားရှာဖွေခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

၁ဝမြွာပူးတွေရဲ့ ဖခင်ဖြစ်သူ Tebogo Tsottsi ကတော့ လက်ရှိမှာအလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး

“တနင်္လာနေ့မှာ မွေးဖွားခဲ့တာပါ၊ အရမး်ပျော်ရွှင်ပြီး စိတ်ထဲမှာလည်း ခံစားရပါတယ်” လို့

သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒါဟာ မာလီမှာ ကလေး ၉ မြွာပူးကို မွေးဖွားခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ သတင်းအပြီးမှာ

နောက်ထပ်ထူးခြားတဲ့မွေးဖွားမှုလည်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

Daily Mail သတင်းဌာနကလည်း ၁၀ မြွာပူးမွေးဖွားခဲ့ရာ ဆေးရုံနာမည်ကို လူသိရှင်ကြားထုတ်ပြန်ခြင်းမရှိတာကြောင့်

ဒီကိစ္စကို သူတို့အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

Pretoria သတင်းဌာနကို တနင်္လာနေ့ညမှာပဲ Tsottsi က “ယောကျ်ားလေး ၇ ဦးနဲ့ မိန်းကလေး ၃ဦး

မွေးဖွားခဲ့တာပါ၊ သူမအနေနဲ့ ၇ လနဲ့ ၇ ရက်ကြာ ကိုယ်ဝန်ဆောင်ခဲ့ပါတယ်၊ ကျွန်တော်ပျော်ရွှင်ပါတယ်၊

စကားတွေတောင် အများကြီးမပြောနိုင်ပါဘူး” လို့ ပြောဆိုခြ့ပါတယ်။

ကလေးမမွေးခင်ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း မိခင်ဖြစ်သူ Sithole က သူမဟာ

ကလေးခြောက်ဦးကိုလွယ်ထားရတယ်လို့ ဆရာဝန်တွေကပြောဆိုခဲ့ကြောင်း ဖြေကြားခဲ့ဖူးပါတယ်။

ဒါပေမယ့်လည်း နောက်ထပ်တကြိမ် Scan ဖတ်ပြီးချိန်မှာတော့ ၈ ဦးဖြစ်နေပြီလို့ သိခဲ့ရပြီး ခွဲစိတ်မွေးဖွားချိန်မှာ

နောက်ထပ် ၂ဦးထပ်မံတိုးခဲ့ကာ စုစုပေါင်း ၁၀ ဦးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကလေးမွေးမယ့်နေ့

မနက်ပိုင်းမှာ နေမကောင်းဖြစ်ခဲ့ပြီး ခြေထောက်နာကျင်မှုလည်းဖြစ်ခဲ့တယ်လို့ သူမက ဆိုပါတယ်။

The River News

Zawgyi

ကမာၻ႔စံခ်ိန္သစ္တင္ေတာ့မယ့္ ေတာင္အာဖရိကက ရွင္ေမြးလြန္းနဲ႔ မင္းနႏၵာ

ေတာင္အာဖရိကအမ်ိဳးသမီးတစ္ဦးဟာ ဆရာဝန္ေတြကသာအတည္ျပဳခ်က္ေပးခဲ့မယ္ဆိုပါက

ကမာၻေပၚမွာ အသက္ရွင္ႏိုင္သမွ်အႀကီးမားဆုံးေမြးဖြားမႈအျဖစ္ ကေလး ၁၀ ဦးအထိေမြးဖြားကာ

စံခ်ိန္တင္ႏိုင္လိမ့္မယ္လို႔ Daily Mail က ဆိုပါတယ္။

June 9, 2021 By Pyae Phyo

အသက္ ၃၇ ႏွစ္အ႐ြယ္ Gosiame Thamara Sithole ဆိုတဲ့

အမ်ိဳးသမီးဟာ ေယာက်္ားေလး ၇ ဦးနဲ႔ မိန္းကေလး ၃ ဦးကို

၁ဝႁမြာပူးအျဖစ္နဲ႔ ၿပီးခဲ့တဲ့ တနလၤာေန႔က ေမြးဖြားခဲ့တယ္လို႔ သိရပါတယ္။

Pretoria က ေဆး႐ုံတစ္ခုမွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ေတာင္အာဖရိကအစိုးရကေတာ့

ဒီလိုေမြးဖြားမႈအတြက္ ဘယ္လိုမွတ္တမ္းမ်ိဳးမွကို မေတြ႕ရွိရေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အစိုးရရဲ႕ လူထုဆက္သြယ္ေရးဌာနက ဒါ႐ိုက္တာျဖစ္သူ Phumla Williams က ဒီေမြးဖြားမႈနဲ႔ပတ္သက္ၿပီး

အေသးစိတ္အခ်က္အလက္ေတြကို တြစ္တာကတဆင့္ အမ်ားျပည္သူကို ေမးျမန္းေတာင္းဆိုထားခဲ့ပါတယ္။

“ဒီဇာတ္လမ္းကို အတည္ျပဳႏိုင္ဖို႔အတြက္ လိုအပ္ပါတယ္၊ လိုအပ္တဲ့အေထာက္အထားေတြကို ဘယ္မွာရႏိုင္မလဲ” လို႔

သူက ေရးသားခဲ့ပါတယ္။ Ekurhuleni ၿမိဳ႕ေတာ္ဝန္ Mzwandile Masina က

သူတို႔ဇနီးေမာင္ႏွံဘယ္မွာေနထိုင္သလဲဆိုတာကို ႀကိဳးစားရွာေဖြခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုခဲ့ပါတယ္။

၁ဝႁမြာပူးေတြရဲ႕ ဖခင္ျဖစ္သူ Tebogo Tsottsi ကေတာ့ လက္ရွိမွာအလုပ္လက္မဲ့တစ္ဦးျဖစ္ၿပီး

“တနလၤာေန႔မွာ ေမြးဖြားခဲ့တာပါ၊ အရမး္ေပ်ာ္႐ႊင္ၿပီး စိတ္ထဲမွာလည္း ခံစားရပါတယ္” လို႔

သတင္းေထာက္ေတြကို ေျပာဆိုခဲ့ပါတယ္။

ဒါဟာ မာလီမွာ ကေလး ၉ ႁမြာပူးကို ေမြးဖြားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ သတင္းအၿပီးမွာ

ေနာက္ထပ္ထူးျခားတဲ့ေမြးဖြားမႈလည္းျဖစ္လာခဲ့တာျဖစ္ပါတယ္။

Daily Mail သတင္းဌာနကလည္း ၁၀ ႁမြာပူးေမြးဖြားခဲ့ရာ ေဆး႐ုံနာမည္ကို လူသိရွင္ၾကားထုတ္ျပန္ျခင္းမရွိတာေၾကာင့္

ဒီကိစၥကို သူတို႔အေနနဲ႔ အတည္ျပဳႏိုင္ျခင္းမရွိေသးဘူးလို႔ ဆိုပါတယ္။

Pretoria သတင္းဌာနကို တနလၤာေန႔ညမွာပဲ Tsottsi က “ေယာက်္ားေလး ၇ ဦးနဲ႔ မိန္းကေလး ၃ဦး

ေမြးဖြားခဲ့တာပါ၊ သူမအေနနဲ႔ ၇ လနဲ႔ ၇ ရက္ၾကာ ကိုယ္ဝန္ေဆာင္ခဲ့ပါတယ္၊ ကြၽန္ေတာ္ေပ်ာ္႐ႊင္ပါတယ္၊

စကားေတြေတာင္ အမ်ားႀကီးမေျပာႏိုင္ပါဘူး” လို႔ ေျပာဆိုျခ့ပါတယ္။

ကေလးမေမြးခင္ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာလည္း မိခင္ျဖစ္သူ Sithole က သူမဟာ

ကေလးေျခာက္ဦးကိုလြယ္ထားရတယ္လို႔ ဆရာဝန္ေတြကေျပာဆိုခဲ့ေၾကာင္း ေျဖၾကားခဲ့ဖူးပါတယ္။

ဒါေပမယ့္လည္း ေနာက္ထပ္တႀကိမ္ Scan ဖတ္ၿပီးခ်ိန္မွာေတာ့ ၈ ဦးျဖစ္ေနၿပီလို႔ သိခဲ့ရၿပီး ခြဲစိတ္ေမြးဖြားခ်ိန္မွာ

ေနာက္ထပ္ ၂ဦးထပ္မံတိုးခဲ့ကာ စုစုေပါင္း ၁၀ ဦးျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ကေလးေမြးမယ့္နေ့

မနက္ပိုင္းမွာ ေနမေကာင္းျဖစ္ခဲ့ၿပီး ေျခေထာက္နာက်င္မႈလည္းျဖစ္ခဲ့တယ္လို႔ သူမက ဆိုပါတယ္။

The River News