News

စကစမှ ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ပြည်ထောင်စုလွှတ်တော်၏

အတည်ပြုချက်ဖြင့် ပြောင်းလဲ ပြင်ဆင်ထားသော မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ် သတ်မှတ်ချက်ကို

အာဏာသိမ်းစစ်ကောင်စီက ပြန်လည် ပြောင်းလဲရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်တွင် ဇွန်လ ၇ ရက်နေ့က ပြုလုပ်သော စစ်ကောင်စီ၏ ၁၂/ ၂၀၂၁ အစည်းအဝေးတွင်

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးနှစ်ကို

ပြန်လည် ပြင်ဆင်သတ်မှတ်ရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ ဖြစ်သဖြင့် မိုး၊ ဆောင်း စိုက်ပျိုးသီးနှံထွက်ရှိမှုနှင့်

အခွန်အခများပေါ် မူတည်၍ ယခင်က ဘဏ္ဍာရေးနှစ်ကို သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး NLD အစိုးရက

ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာ ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ သတ်မှတ်ခဲ့ခြင်းကြောင့်

နိုင်ငံတော်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးတောင်သူများ အဆင်မ ပြေမှုများ ဖြစ်ပေါ်နေ၍

ဘဏ္ဍာရေးနှစ်ကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန် လိုအပ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ စစ်ကောင်စီဘက်က ဘဏ္ဍာရေးနှစ်ကို ပြောင်းလဲပြင်ဆင်မည်ဟု ပြောဆိုနေသော်လည်း

ပြောင်းလဲမည့် ဘဏ္ဍာရေးနှစ် အချိန်ကာလနှင့် ပတ်သက်၍ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ယခင်က ဘဏ္ဍာရေးနှစ်သည် ဧပြီ ၁ ရက်နေ့မှ မတ် ၃၁ ရက်နေ့အထိဖြစ်ပြီး NLD အစိုးရက

အစိုးရ၏ တင်ဒါဆောက် လုပ်ရေးလုပ်ငန်းများနှင့် ငွေပေးချေမှု ကိစ္စရပ်များ အဆင်ပြေစေနိုင်ရေ

း မိုးရာသီအကုန် ပွင့်လင်းရာသီဖြင့် စတင်နိုင်ရန် အတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှ စတင်ကာ

အောက်တိုဘာ ၁ ရက် မှ စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြောင်းလဲ ပြင်ဆင်ခဲ့ ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ စီးပွားရေး လေ့လာသုံးသပ်သူတဦး က “အရင်ကလည်း ဘဏ္ဍာနှစ်တွေကို အပြောင်းအလဲ

လုပ်ခဲ့ပေမယ့် အစိုးရရဲ့ ငွေလုံးငွေရင်း အသုံးစရိတ်တွေ၊ သာမန် အသုံး စရိတ်တွေနဲ့ ချိန်ကိုက်ရမယ့်

စနစ်တွေက မကောင်းဘူး။ တင်ဒါကိစ္စတွေကို ဝန်ကြီးဌာနတွေတိုင်းက ၆ လ လောက် အချိန် ကုန်ပြီး

လုပ်နေကြတာပဲ။ တကယ်က ဘဏ္ဍာရေးနှစ်ဆိုတာက အချိန်ကာလတွေ ဘယ်လိုပဲပြောင်းပြောင်း

တကယ့် စနစ်တွေ ပြောင်းလဲဖို့ လိုတယ်” ဟု မှတ်ချက်ပြုသည်။

ကမ္ဘာ့နိုင်ငံအများစုသည် ဘဏ္ဍာရေးနှစ်ကို အင်္ဂလိပ်ပြက္ခဒိန် ပြထားသည့် လများအတိုင်း (Calendar Year)

သတ် မှတ်လေ့ရှိပြီး အစိုးရတင်ဒါများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးသော နိုင်ငံများသည်

စီးပွားရေး လုပ်ငန်းများ အခွန်အခ ပေးဆောင်ရန် ပိုမိုလွယ်ကူစေရေး အစိုးရက ဘဏ္ဍာရေးနှစ်ကို

သတ်မှတ်ထားခြင်း မရှိဘဲ စီးပွားရေးလုပ်ငန်း များက သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်အတိုင်း

လုပ်ဆောင်ကြလေ့ရှိသည်ဟုလည်း ၎င်းက ရှင်းပြသည်။

စစ်ကောင်စီက အစိုးရ အခွန်အခ အနည်းဆုံးရရှိသော ကဏ္ဍတခုဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍအပေါ် အခြေခံပြီး

ဘဏ္ဍာရေး နှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်ခြင်းသည် NLD အစိုးရ ပြင်ဆင်ထားခဲ့သော ဘဏ္ဍာရေးနှစ်ကို

ပယ်ဖျက်ရန် အကြောင်းပြ ချက် တခုသာ ဖြစ်ကြောင်း သွင်းကုန်ပို့ကုန်လုပ်ငန်းရှင် တဦးက ပြောသည်။

၎င်းက “ပုဂ္ဂလိက လုပ်ငန်းကဏ္ဍ အားလုံးက ကုမ္ပဏီတွေက ဘယ်လို ဘဏ္ဍာရေးနှစ် သတ်မှတ်ထားလဲ။

ဒါနဲ့ အစိုးရ အသုံးစရိတ်တွေနဲ့ ဘယ်လို ချိတ်ဆက်မလဲဆိုတဲ့ စဉ်းစားချက်မျိုးနဲ့ လုပ်သင့်တယ်။ တချို့နိုင်ငံတွေဆို

အစိုးရက ဘဏ္ဍာ နှစ်တောင် မသတ်မှတ်ထားဘူး” ဟု ဆိုသည်။

ဘဏ္ဍာရေးနှစ်အား မည့်သည် အချိန်ကာလကို သတ်မှတ်သည်ဖြစ်စေ စီးပွားရေးလုပ်ငန်းများ အနေဖြင့်

အဆင်ပြေအောင် လိုက်ပါ ဆောင်ရွက်နိုင်သော်လည်း ဘဏ္ဍာရေးနှစ်ကို မကြာခဏ အပြောင်းအလဲ

ပြုလုပ်ခြင်းက ယခုလို စီးပွားရေး ကျ ဆင်းနေသည့် အချိန်ကာလ၌ စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲတခု

ထပ်တိုးလာနိုင်စေကြောင်း စီးပွားရေးလုပ် ငန်းရှင်တချို့ က သုံးသပ်ပြောဆိုကြသည်။

Source-ဧရာဝတီ

zawgyi

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) အစိုးရလက္ထက္က ျပည္ေထာင္စုလႊတ္ေတာ္၏

အတည္ျပဳခ်က္ျဖင့္ ေျပာင္းလဲ ျပင္ဆင္ထားေသာ ျမန္မာႏိုင္ငံ၏ ဘ႑ာေရးႏွစ္ သတ္မွတ္ခ်က္ကို

အာဏာသိမ္းစစ္ေကာင္စီက ျပန္လည္ ေျပာင္းလဲရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

ေနျပည္ေတာ္တြင္ ဇြန္လ ၇ ရက္ေန႔က ျပဳလုပ္ေသာ စစ္ေကာင္စီ၏ ၁၂/ ၂၀၂၁ အစည္းအေဝးတြင္

စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဘ႑ာေရးႏွစ္ကို

ျပန္လည္ ျပင္ဆင္သတ္မွတ္ရန္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

၎က ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေရးႏိုင္ငံ ျဖစ္သျဖင့္ မိုး၊ ေဆာင္း စိုက္ပ်ိဳးသီးႏွံထြက္ရွိမႈႏွင့္

အခြန္အခမ်ားေပၚ မူတည္၍ ယခင္က ဘ႑ာေရးႏွစ္ကို သတ္မွတ္ခဲ့ျခင္းျဖစ္ၿပီး NLD အစိုးရက

ဘ႑ာေရးႏွစ္ကို ေအာက္တိုဘာ ၁ ရက္မွ စက္တင္ ဘာ ၃၀ ရက္အထိ သတ္မွတ္ခဲ့ျခင္းေၾကာင့္

ႏိုင္ငံေတာ္ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ စိုက္ပ်ိဳးေရးေတာင္သူမ်ား အဆင္မ ေျပမႈမ်ား ျဖစ္ေပၚေန၍

ဘ႑ာေရးႏွစ္ကို ျပန္လည္ျပင္ဆင္သတ္မွတ္ရန္ လိုအပ္သည္ဟု ဆိုသည္။

ထိုကဲ့သို႔ စစ္ေကာင္စီဘက္က ဘ႑ာေရးႏွစ္ကို ေျပာင္းလဲျပင္ဆင္မည္ဟု ေျပာဆိုေနေသာ္လည္း

ေျပာင္းလဲမည့္ ဘ႑ာေရးႏွစ္ အခ်ိန္ကာလႏွင့္ ပတ္သက္၍ အတိအက် ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးေပ။

ယခင္က ဘ႑ာေရးႏွစ္သည္ ဧၿပီ ၁ ရက္ေန႔မွ မတ္ ၃၁ ရက္ေန႔အထိျဖစ္ၿပီး NLD အစိုးရက

အစိုးရ၏ တင္ဒါေဆာက္ လုပ္ေရးလုပ္ငန္းမ်ားႏွင့္ ေငြေပးေခ်မႈ ကိစၥရပ္မ်ား အဆင္ေျပေစႏိုင္ေရ

း မိုးရာသီအကုန္ ပြင့္လင္းရာသီျဖင့္ စတင္ႏိုင္ရန္ အတြက္ ၂၀၁၈-၁၉ ဘ႑ာႏွစ္မွ စတင္ကာ

ေအာက္တိုဘာ ၁ ရက္ မွ စက္တင္ဘာ ၃၀ ရက္ေန႔အထိ ေျပာင္းလဲ ျပင္ဆင္ခဲ့ ျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ရွိ စီးပြားေရး ေလ့လာသုံးသပ္သူတဦး က “အရင္ကလည္း ဘ႑ာႏွစ္ေတြကို အေျပာင္းအလဲ

လုပ္ခဲ့ေပမယ့္ အစိုးရရဲ႕ ေငြလုံးေငြရင္း အသုံးစရိတ္ေတြ၊ သာမန္ အသုံး စရိတ္ေတြနဲ႔ ခ်ိန္ကိုက္ရမယ့္

စနစ္ေတြက မေကာင္းဘူး။ တင္ဒါကိစၥေတြကို ဝန္ႀကီးဌာနေတြတိုင္းက ၆ လ ေလာက္ အခ်ိန္ ကုန္ၿပီး

လုပ္ေနၾကတာပဲ။ တကယ္က ဘ႑ာေရးႏွစ္ဆိုတာက အခ်ိန္ကာလေတြ ဘယ္လိုပဲေျပာင္းေျပာင္း

တကယ့္ စနစ္ေတြ ေျပာင္းလဲဖို႔ လိုတယ္” ဟု မွတ္ခ်က္ျပဳသည္။

ကမာၻ႔ႏိုင္ငံအမ်ားစုသည္ ဘ႑ာေရးႏွစ္ကို အဂၤလိပ္ျပကၡဒိန္ ျပထားသည့္ လမ်ားအတိုင္း (Calendar Year)

သတ္ မွတ္ေလ့ရွိၿပီး အစိုးရတင္ဒါမ်ားကို ပုဂၢလိကသို႔ လႊဲေျပာင္းလုပ္ကိုင္ခြင့္ေပးေသာ ႏိုင္ငံမ်ားသည္

စီးပြားေရး လုပ္ငန္းမ်ား အခြန္အခ ေပးေဆာင္ရန္ ပိုမိုလြယ္ကူေစေရး အစိုးရက ဘ႑ာေရးႏွစ္ကို

သတ္မွတ္ထားျခင္း မရွိဘဲ စီးပြားေရးလုပ္ငန္း မ်ားက သတ္မွတ္ထားသည့္ ဘ႑ာေရးႏွစ္အတိုင္း

လုပ္ေဆာင္ၾကေလ့ရွိသည္ဟုလည္း ၎က ရွင္းျပသည္။

စစ္ေကာင္စီက အစိုးရ အခြန္အခ အနည္းဆုံးရရွိေသာ က႑တခုျဖစ္သည့္ စိုက္ပ်ိဳးေရးက႑အေပၚ အေျခခံၿပီး

ဘ႑ာေရး ႏွစ္ ေျပာင္းလဲသတ္မွတ္ရန္ စီစဥ္ျခင္းသည္ NLD အစိုးရ ျပင္ဆင္ထားခဲ့ေသာ ဘ႑ာေရးႏွစ္ကို

ပယ္ဖ်က္ရန္ အေၾကာင္းျပ ခ်က္ တခုသာ ျဖစ္ေၾကာင္း သြင္းကုန္ပို႔ကုန္လုပ္ငန္းရွင္ တဦးက ေျပာသည္။

၎က “ပုဂၢလိက လုပ္ငန္းက႑ အားလုံးက ကုမၸဏီေတြက ဘယ္လို ဘ႑ာေရးႏွစ္ သတ္မွတ္ထားလဲ။

ဒါနဲ႔ အစိုးရ အသုံးစရိတ္ေတြနဲ႔ ဘယ္လို ခ်ိတ္ဆက္မလဲဆိုတဲ့ စဥ္းစားခ်က္မ်ိဳးနဲ႔ လုပ္သင့္တယ္။ တခ်ိဳ႕ႏိုင္ငံေတြဆို

အစိုးရက ဘ႑ာ ႏွစ္ေတာင္ မသတ္မွတ္ထားဘူး” ဟု ဆိုသည္။

ဘ႑ာေရးႏွစ္အား မည့္သည္ အခ်ိန္ကာလကို သတ္မွတ္သည္ျဖစ္ေစ စီးပြားေရးလုပ္ငန္းမ်ား အေနျဖင့္

အဆင္ေျပေအာင္ လိုက္ပါ ေဆာင္႐ြက္ႏိုင္ေသာ္လည္း ဘ႑ာေရးႏွစ္ကို မၾကာခဏ အေျပာင္းအလဲ

ျပဳလုပ္ျခင္းက ယခုလို စီးပြားေရး က် ဆင္းေနသည့္ အခ်ိန္ကာလ၌ စီးပြားေရးလုပ္ငန္းမ်ားအတြက္ အခက္အခဲတခု

ထပ္တိုးလာႏိုင္ေစေၾကာင္း စီးပြားေရးလုပ္ ငန္းရွင္တခ်ိဳ႕ က သုံးသပ္ေျပာဆိုၾကသည္။

Source-ဧရာဝတီ