International News

အာဆီယံနဲ႔တင္မျဖစ္ေတာ့လို႔ တ႐ုတ္ကျမန္မာ့အေရး သူပါပူးေပါင္းေဆာင္႐ြက္မည္ဟုေျပာဆို

အာဆီယံနဲ႔တင္မျဖစ္ေတာ့လို႔ တ႐ုတ္ကျမန္မာ့အေရး သူပါပူးေပါင္းေဆာင္႐ြက္မည္ဟုေျပာဆို

တ႐ုတ္ႏိုင္ငံဟာ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနအေပၚ အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကေန

ဆက္လက္ပါ၀င္လိုတဲ့ဆႏၵ ရွိတယ္လို႔ တ႐ုတ္ႏိုင္ငံ ႏိုင္ငံေတာ္ေကာင္စီဝင္ ႏိုင္ငံျခားေရး၀န္ႀကီး ဝန္ယိက ေျပာပါတယ္။

အာဆီယံနဲ႔ ပူးေပါင္းဖို႔ အဆင္သင့္ရွိတယ္လို႔လည္း ဇြန္လ ၇ ရက္က အာဆီယံ ႏိုင္ငံျခားေရး ဝန္ႀကီးေတြနဲ

႔ ေတြ႕ဆုံခ်ိန္မွာ တ႐ုတ္ရဲ႕ရပ္တည္ခ်က္ကို ေျပာဆိုပါတယ္။ ျမန္မာႏိုင္ငံရွိ သက္ဆိုင္တဲ့အဖြဲ႕အစည္းအားလုံးကလည္

း ျပည္သူလူထုရဲ႕ အက်ိဳးစီးပြားကို ထိပ္တန္းဦးစားေပးအျဖစ္ ေဆာင္႐ြက္ဖို႔နဲ႔ ကန႔္သတ္တားျမစ္ခ်က္ေတြကို

ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ဖို႔နဲ႔ အၾကမ္းဖက္မႈပုံစံအားလုံးကို ဖယ္ရွားရွင္းလင္းဖို႔ရာ

ပူးေပါင္းေဆာင္႐ြက္ဖို႔ တိုက္တြန္းလိုတဲ့ ဆႏၵရွိတယ္လို႔လည္း ဆိုပါတယ္။

ဒီမိုကေရစီ အသြင္ကူးေျပာင္းမႈျဖစ္စဥ္ကို ျပန္လည္စတင္ႏိုင္ဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ေအာက္မွာ ႏိုင္ငံေရးအရ

ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ ဥပေဒမူေဘာင္ လုပ္ေဆာင္ဖို႔ သက္ဆိုင္သူ အားလုံးကို တ႐ုတ္အစိုးရက

တိုက္တြန္းေၾကာင္းလည္း ႏိုင္ငံျခားေရးဝန္ႀကီး ဝန္ယိက ေျပာပါတယ္။ ကိုဗစ္-၁၉ ကပ္ေဘးကို

ရင္ဆိုင္ေနရခ်ိန္မွာ ျမန္မာႏိုင္ငံကို ေထာက္ပံ့ကူညီဖို႔အတြက္ အာဆီယံနဲ႔ ပူးေပါင္းရန္ အဆင္သင့္ရွိေနတယ္လို႔လည္း ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ စီးပြားေရး ျပန္လည္နာလန္ထူဖို႔ကိစၥ၊ ျပည္သူလူထုရဲ႕ သက္ေမြး၀မ္းေက်ာင္း

တိုးတက္ေအာင္ေဆာင္႐ြက္ဖို႔နဲ႔ သူတို႔ရဲ႕ အခြင့္အေရးနဲ႔ အက်ိဳးစီးပြားကို ေသခ်ာေအာင္လုပ္ဖို႔ေတြမွာ

တ႐ုတ္ႏိုင္ငံဟာ အတူတကြ ပံ့ပိုးကူညီဖို႔ ဆႏၵရွိတယ္လို႔လည္း ေျပာပါတယ္။ တဖက္သတ္

ဒဏ္ခတ္အေရးယူမႈေတြနဲ႔ မသင့္ေလ်ာ္တဲ့ ၀င္ေရာက္စြက္ဖက္မႈေတြကို ေရွာင္ရွားႏိုင္ဖို႔ တျခားႏိုင္ငံေတြအေနနဲ႔

ကုလသမဂၢ ပဋိညာဥ္ရဲ႕ရည္႐ြယ္ခ်က္ေတြနဲ႔ မူေဘာင္စည္းကမ္းကမ္းေတြကို လိုက္နာဖို႔လည္း တ႐ုတ္က တိုက္တြန္းထားပါတယ္။

တ႐ုတ္-အာဆီယံ ႏိုင္ငံျခားေရး၀န္ႀကီးေတြဟာ တ႐ုတ္ျပည္ အေနာက္ေတာင္ပိုင္း ခ်ဳံက်င္းမွာ က်င္းပတဲ့

ႏွစ္ ၃၀ ေျမာက္ ေတြ႕ဆုံေဆြးေႏြးေရးဆက္ဆံေရး ႏွစ္ပတ္လည္ အထိမ္းအမွတ္ တ႐ုတ္-အာဆီယံ

ႏိုင္ငံျခားေရးဝန္ႀကီးမ်ား အထူးအစည္းအေဝးမွာ ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီအစည္းအေဝးမွ

ာ ျမန္မာစစ္ေကာင္စီၾကမ္းဖက္အဖြဲ႕ရဲ႕ ကိုယ္စားလွယ္ ဦးဝဏၰေမာင္လြင္ လည္း တက္ေရာက္ပါတယ္။

crd-DVB

ယူနီကုတ္

အာဆီယံနဲ့တင်မဖြစ်တော့လို့ တရုတ်ကမြန်မာ့အရေး သူပါပူးပေါင်းဆောင်ရွက်မည်ဟုပြောဆို

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အပြုသဘောဆောင်တဲ့

အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်လိုတဲ့ဆန္ဒ ရှိတယ်လို့ တရုတ်နိုင်ငံ

နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက ပြောပါတယ်။

အာဆီယံနဲ့ ပူးပေါင်းဖို့ အဆင်သင့်ရှိတယ်လို့လည်း ဇွန်လ ၇ ရက်က အာဆီယံ နိုင်ငံခြားရေး

ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်ရဲ့ရပ်တည်ချက်ကို ပြောဆိုပါတယ်။ မြန်မာနိုင်ငံရှိ

သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကလည်း ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိပ်တန်းဦးစားပေးအဖြစ်

ဆောင်ရွက်ဖို့နဲ့ ကန့်သတ်တားမြစ်ချက်တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့နဲ့

အကြမ်းဖက်မှုပုံစံအားလုံးကို ဖယ်ရှားရှင်းလင်းဖို့ရာ ပူးပေါင်းဆောင်ရွက်ဖို့

တိုက်တွန်းလိုတဲ့ ဆန္ဒရှိတယ်လို့လည်း ဆိုပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်စတင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ

နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုနဲ့ ဥပဒေမူဘောင် လုပ်ဆောင်ဖို့ သက်ဆိုင်သူ အားလုံးကို တရုတ်အစိုးရက

တိုက်တွန်းကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကိုရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီဖို့အတွက် အာဆီယံနဲ့

ပူးပေါင်းရန် အဆင်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြန်လည်နာလန်ထူဖို့ကိစ္စ၊ ပြည်သူလူထုရဲ့ သက်မွေးဝမ်းကျောင်း

တိုးတက်အောင်ဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို သေချာအောင်လုပ်ဖို့တွေမှာ

တရုတ်နိုင်ငံဟာ အတူတကွ ပံ့ပိုးကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။

တဖက်သတ်ဒဏ်ခတ်အရေးယူမှုတွေနဲ့ မသင့်လျော်တဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ရှောင်ရှားနိုင်ဖို့

တခြားနိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ ပဋိညာဉ်ရဲ့ရည်ရွယ်ချက်တွေနဲ့ မူဘောင်စည်းကမ်းကမ်းတွေကို

လိုက်နာဖို့လည်း တရုတ်က တိုက်တွန်းထားပါတယ်။

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်ပြည် အနောက်တောင်ပိုင်း ချုံကျင်းမှာ

ကျင်းပတဲ့ နှစ် ၃၀ မြောက် တွေ့ဆုံဆွေးနွေးရေးဆက်ဆံရေး နှစ်ပတ်လည် အထိမ်းအမှတ်

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကြမ်းဖက်အဖွဲ့ရဲ့ ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင် လည်း တက်ရောက်ပါတယ်။

crd-DVB