News

မိခင်က CDM လုပ်တာကြောင့် သူမလည်း စာသင်ခန်းကိုကျောခိုင်းပြီး အမေ့လက်ရာလေးတွေကို လမ်းဘေးမှာချရောင်းနေတဲ့ ဆယ်တန်းကျောင်းသူလေ

(၄)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ ဒီအခြေအနေကြီးကို

တချို့အစိုးရဝန်ထမ်းတွေကလည်း တောင့်ခံပြီး အလုပ်ဆက်မလုပ်ကြတော့တာဖြစ်ပါတယ်။

ပြည်သူတွေကတော့အလုပ်ရပ်နားထားကြတဲ့ ဝန်ထမ်းတွေကို တတ်နိုင်သလောက်ကူညီပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။

ပြည်သူအချင်းချင်းက ကြုံတွေ့လာရတဲ့အခက်အခဲတွေကို

မျှဝေခံစားကြပြီးရှိတာလေးတွေနဲ့သာ ရောင့်ရဲနေကြတာဖြစ်ပါတယ်။

အသက်ပေးသွားရတဲ့ထဲမှာ ကျောင်းသားလူငယ်၊ကလေးငယ်တွေပါဝင်နေတာကြောင့်

သူတို့ကို ကိုယ်ချင်းစာပြီး တချို့ဆရာမတွေနဲ့ကျောင်းသားတွေက

စာသင်ခန်းထဲမဝင်ကြသေးတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ဆရာမတစ်ယောက်က လူထုလှုပ်ရှားမှုတွေမှာလည်း

အားတက်သရောပါဝင်သလို အလုပ်လည်းရပ်နားထားတာဖြစ်ပါတယ်။ဆရာမတို့က

သာမာန်မိသားစုလေးဖြစ်ပေမယ့် အခုချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားရပ်တည်နေကြတာဖြစ်ပါတယ်။

ဆရာမရဲ့ သမီးကြီးဖြစ်သူကလည်း မိခင်ရဲ့သွေးအပြည့်ပါတာကြောင့် ကျောင်းမတက်တော့ဘဲ

စာသင်ခန်းကိုကျောခိုင်းလိုက်တာဖြစ်ပါတယ်။

သူမကတော့ဆယ်တန်းအရမ်းအောင်ချင်ပေမယ့်လည်း အခုလိုအချိန်မှာ

တာဝန်ယူချင်စိတ်အပြည့်ရှိလို့ လေးစားဖို့ကောင်းလှပါတယ်။

ဆရာမရဲ့သမီးကြီးလေးကတော့ မိခင်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကလစ်၊ခေါင်းစည်းကွင်း၊ဖဲပြား

လေးတွေကို လမ်းဘေးမှာ ချရောင်းနေတာဖြစ်ပါတယ်။

သမီးလေးဈေးရောင်းနေတဲ့ မြင်ကွင်းကြောင့် မိခင်အနေနဲ့ ရင်နင့်ရပေမယ့်လည်း ဂုဏ်ယူနေရှာတာဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်လေးဖြစ်ပေမယ့် စိတ်ဓာတ်ကြံ့ခိုင်ပြီး ပြည်သူတွေကိုတစ်ဖက်တစ်လမ်းကနေကူညီပေးဖို့

ကျောင်းမတက်တော့ဘဲ ဈေးရောင်းနေတဲ့မိန်းကလေးရဲ့ ပုံရိပ်တချို့ကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

ZAWGYI.

(၄)လေက်ာ္ၾကာျမင့္သြားၿပီျဖစ္တဲ့ ဒီအေျခအေနႀကီးကို တခ်ိဳ႕အစိုးရဝန္ထမ္းေတြကလည္း ေတာင့္ခံၿပီး

အလုပ္ဆက္မလုပ္ၾကေတာ့တာျဖစ္ပါတယ္။ျပည္သူေတြကေတာ့ အလုပ္ရပ္နားထားၾကတဲ့ ဝန္ထမ္းေတြကို

တတ္ႏိုင္သေလာက္ကူညီပံ့ပိုးေပးေနၾကတာျဖစ္ပါတယ္။ျပည္သူအခ်င္းခ်င္းက ႀကဳံေတြ႕လာရတဲ့အခက္အခဲေတြကို

မွ်ေဝခံစားၾကၿပီးရွိတာေလးေတြနဲ႔သာ ေရာင့္ရဲေနၾကတာျဖစ္ပါတယ္။

အသက္ေပးသြားရတဲ့ထဲမွာ ေက်ာင္းသားလူငယ္၊ကေလးငယ္ေတြပါဝင္ေနတာေၾကာင့္ သူတို႔ကို ကိုယ္ခ်င္းစာၿပီး

တခ်ိဳ႕ဆရာမေတြနဲ႔ေက်ာင္းသားေတြက စာသင္ခန္းထဲမဝင္ၾကေသးတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ဆရာမတစ္ေယာက္က လူထုလႈပ္ရွားမႈေတြမွာလည္း အားတက္သေရာပါဝင္သလို

အလုပ္လည္းရပ္နားထားတာျဖစ္ပါတယ္။ဆရာမတို႔က သာမာန္မိသားစုေလးျဖစ္ေပမယ့္

အခုခ်ိန္မွာေတာ့ ကိုယ့္အားကိုယ္ကိုးၿပီး ႀကိဳးစားရပ္တည္ေနၾကတာျဖစ္ပါတယ္။

ဆရာမရဲ႕ သမီးႀကီးျဖစ္သူကလည္း မိခင္ရဲ႕ေသြးအျပည့္ပါတာေၾကာင့္ ေက်ာင္းမတက္ေတာ့ဘဲ စာသင္ခန္းကို

ေက်ာခိုင္းလိုက္တာျဖစ္ပါတယ္။သူမကေတာ့ ဆယ္တန္းအရမ္းေအာင္ခ်င္ေပမယ့္လည္း အခုလိုအခ်ိန္မွာ

တာဝန္ယူခ်င္စိတ္အျပည့္ရွိလို႔ ေလးစားဖို႔ေကာင္းလွပါတယ္။

ဆရာမရဲ႕သမီးႀကီးေလးကေတာ့ မိခင္ကိုယ္တိုင္ျပဳလုပ္ထားတဲ့ ကလစ္၊ေခါင္းစည္းကြင္း၊ဖဲျပား ေလးေတြကို

လမ္းေဘးမွာ ခ်ေရာင္းေနတာျဖစ္ပါတယ္။သမီးေလးေဈးေရာင္းေနတဲ့ ျမင္ကြင္းေၾကာင့္

မိခင္အေနနဲ႔ ရင္နင့္ရေပမယ့္လည္း ဂုဏ္ယူေနရွာတာျဖစ္ပါတယ္။

ဆယ္ေက်ာ္သက္အ႐ြယ္ေလးျဖစ္ေပမယ့္ စိတ္ဓာတ္ႀကံ့ခိုင္ၿပီး ျပည္သူေတြကိုတစ္ဖက္တစ္လမ္းကေနကူညီေပးဖို႔

ေက်ာင္းမတက္ေတာ့ဘဲ ေဈးေရာင္းေနတဲ့မိန္းကေလးရဲ႕ ပုံရိပ္တခ်ိဳ႕ကိုျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Photo Credit: Original Uploder