International News

တိုးတက်မှုမရှိတဲ့ မြန်မာအခြေအနေ စင်ကာပူ စိတ်ပျက် ကြောင်း ဝေဖန်ပြောဆို

တိုးတက်မှုမရှိတဲ့ မြန်မာအခြေအနေ စင်ကာပူ စိတ်ပျက် ကြောင်း ဝေဖန်ပြောဆို

မြန်မာနိုင်ငံမှာ အခုချိန်အထိ တိုးတက်မှုသိပ်ကို နှေးကွေးနေတဲ့အတွက် စိတ်ပျက်ရတယ်လို့

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက

ပြောကြားလိုက်သလို စစ်တပ်အနေနဲ့အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့နဲ့ သဘောတူထားတဲ့

အတိုင်း နိုင်ငံရေးဆွေးနွေးမှုတွေ စတင်ဖို့ပါ တောင်းဆိုလိုက်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံအဖွဲ့ကြီးရဲ့

ကြိုးပမ်းမှုကိုကုလသမဂ္ဂကရော အနောက်နိုင်ငံတွေ အပြင်

တရုတ်အစိုးရကပါ ထောက်ခံပြီး ပံ့ပိုးပေးနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုးတက်မှုက သိပ်ကိုနှေးကွေးလွန်နေတာကြောင့် စိတ်ပျက်ရကြောင်း စင်္ကာပူ

နိုင်ငံခြားရေးဝန်ကြီးVivian Balakrishnan က တနင်္လာနေ့မှာ ပြောကြားလိုက်သလို

မြန်မာနိုင်ငံကိုယ်တိုင်က စစ်မှန်တဲ့ ညှိနှိုင်းမှုတွေ၊ဆွေးနွေးမှုတွေနဲ့ ပြန်လည်သင့်မြတ်မှုတွေ

တကယ်လိုချင်မှသာ တကယ်ဖြစ်လာနိုင်မယ်လို့ ပြောပါတယ်။

zawgyi

တိုးတက္မႈမရွိတဲ့ ျမန္မာအေျခအေန စင္ကာပူ စိတ္ပ်က္ ေၾကာင္း ေဝဖန္ေျပာဆို

ျမန္မာႏိုင္ငံမွာ အခုခ်ိန္အထိ တိုးတက္မႈသိပ္ကို ေႏွးေကြးေနတဲ့အတြက္ စိတ္ပ်က္ရတယ္လို႔

ျမန္မာ့အေရး ၾကားဝင္ေဆာင္႐ြက္ေပးေနတဲ့ အာဆီယံႏိုင္ငံေတြက ႏိုင္ငံျခားေရးဝန္ႀကီးေတြက

ေျပာၾကားလိုက္သလို စစ္တပ္အေနနဲ႔အက်ဥ္းသားေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ သေဘာတူထားတဲ့

အတိုင္း ႏိုင္ငံေရးေဆြးေႏြးမႈေတြ စတင္ဖို႔ပါ ေတာင္းဆိုလိုက္ပါတယ္။

ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ျမန္မာ့အေရးအေျဖရွာဖို႔ အာဆီယံအဖြဲ႕ႀကီးရဲ႕

ႀကိဳးပမ္းမႈကိုကုလသမဂၢကေရာ အေနာက္ႏိုင္ငံေတြ အျပင္

တ႐ုတ္အစိုးရကပါ ေထာက္ခံၿပီး ပံ့ပိုးေပးေနတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ တိုးတက္မႈက သိပ္ကိုေႏွးေကြးလြန္ေနတာေၾကာင့္ စိတ္ပ်က္ရေၾကာင္း စကၤာပူ

ႏိုင္ငံျခားေရးဝန္ႀကီးVivian Balakrishnan က တနလၤာေန႔မွာ ေျပာၾကားလိုက္သလို

ျမန္မာႏိုင္ငံကိုယ္တိုင္က စစ္မွန္တဲ့ ညႇိႏႈိင္းမႈေတြ၊ေဆြးေႏြးမႈေတြနဲ႔ ျပန္လည္သင့္ျမတ္မႈေတြ

တကယ္လိုခ်င္မွသာ တကယ္ျဖစ္လာႏိုင္မယ္လို႔ ေျပာပါတယ္။