Celebrities

ခန့်စည်သူ ဖက်ကနေ ရပ်တည်ပြီး ပရိတ်သတ်တွေ ဆဲချင် လောက်တဲ့ စကား ပြောလိုက်တဲ့ ဦးဝင်းမြိုင်….

မဂ်လာပါ ပရိတ်သတ်ကြီးရေ

မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံလိုက်ရတဲ့

အကယ်ဒမီ ခန့်စည်သူ ဖက်ကနေ ကာကွယ် ပြောဆိုပေးလို့ ပရိတ်သတ်တွေရဲ့ ဝေဖန်မှု့တွေကို ခံနေရတဲ့ဦးဝင်းမြိုင်

၂၀၁၉ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌတစ်ယောက်အနေနဲ့ တာ၀န်ယူဆောင်ရွက်ခဲ့တဲ့

ဒါရိုက်တာဦးညီညီထွန်းလွင်ဟာ ကျန်းမာရေးချို့ယွင်းမှုကြောင့်

ရာထူးတာ၀န်မှနှုတ်ထွက်သွားခဲ့ပြီးနောက်မှာတော့ လစ်လပ်နေတဲ့

အစည်းအရုံးဥက္ကဌရာထူးကို မင်းသားခန့်စည်သူကို ခန့်အပ်ကြောင်း

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ခန့်စည်သူက ယခင်တည်းကရုပ်ရှင်အစည်းအရုံးရဲ့ အမှုဆောင် တစ်ဦးအနေနဲ့ဆောင်ရွက်နေသူလည်းဖြစ်ကာ

သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိထားတဲ့ မင်းသားကြီးတစ်ဦးလည်းဖြစ်ပါတယ်။

ခန့်စည်သူက အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်နေတဲ့ ဝါရင့်မင်းသားကြီးတစ်ယောက်လည်းဖြစ်သလို

ပရဟိတအလုပ်တွေကိုလည်း တတ်အားရွေ့လုပ်နတဲ့သူတစ်ယောက် အဖြစ် အားလုံးသိထားပြီးသား ဖြစ်ပါတယ်။

အခုတစ်လော အလှူအတန်းတွေအရမ်းလုပ်ပြနေပြီး ပြည်သူ တွေရဲ့

မေတ္တာကိုရယူဖို့ ကြိုးစားနေတာဒီ အတွက် ကြောင့် များ ပါမလားဆိုတာ စဥ်းစားစရာပါပဲ

လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေ တွေနဲ့ပက်သက်ပြီး မသိချင် ယောင် ဆောင်

နေခဲ့လို့ခန့်စည်သူက ပရိသတ် တွေ ရဲ့ဝေဖန်မှုကိုခံနေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

အနုပညာရှင်တွေ အတော်များများ ၅၀၅(က)နဲ့ အမှုဖွင့် အရေးယူခံ ထားရသလို

အနုပညာရှင်အချို့လည်းဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေမှာ

ရုပ်ရှင် အစည်းအရုံးအနေနဲ့ ခန့်စည်သူကို အမှုဆောင်အားလုံးရဲ့ရွေးချယ်မှုနဲ့

ဥက္ကဌခန့်အပ်ခြင်းဖြစ်တယ်လို့ ကြေငြာလာခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပက်သက်ပြီး ဝါရင့်သရုပ်ဆောင်ဦးဝင်းမြိုင်က အခုလို ခန့်စည်သူ ဖက်ကနေ ကာကွယ်ပြောဆိုထားခဲ့ပါသေးတယ်။

“လူရိုသေ ရှင်ရိုသေ ၊image ကောင်းတဲ့လူတဲ့လူကိုရှာရတာမို့

ခန့်စည်သူကို ဥက္ကဌအဖြစ်ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်” ဆိုပြီး ပြောထားတာဖြစ်ပါတယ်။

အခုလိုဝင်ရောက်ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း

ကျန်းမာပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်

zawgyi
























