News

CDM ဝင္သလို တိုက္ပြဲမွာလည္း သူကိုယ္တိုင္ဝင္တိုက္ရင္း သူရဲေကာင္းပီသစြာ အသက္ေပးသြားခဲ့ရတဲ့ ျပည္သူ႔ဘက္ေတာ္သား ရဲဝန္ထမ္းတစ္ဦး

Zawgyi

CDM ဝင္သလို တိုက္ပြဲမွာလည္း သူကိုယ္တိုင္ဝင္တိုက္ရင္း သူရဲေကာင္းပီသစြာ

အသက္ေပးသြားခဲ့ရတဲ့ ျပည္သူ႔ဘက္ေတာ္သား ရဲဝန္ထမ္းတစ္ဦး

ယေန႔ ဇြန္လ (၄) ရက္ေန႔မွာေတာ့ ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မွာ မနက္ပိုင္းကတည္းက

တိုက္ပြဲေတြျပင္းထန္ေနခဲ့တာ ျဖစ္ပါတယ္ ။ မင္းတပ္ၿမိဳ႕နယ္ရွိ ေ႐ႊေအာင္သာ႐ြာကို အင္အားအလုံးအရင္းနဲ႔

ဝင္ေရာက္ထိုးစစ္ဆင္ခဲ့တာေၾကာင့္ တစ္ဖက္နဲ႔တစ္ဖက္ အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ေပၚခဲ့တာ ျဖစ္ပါတယ္ ။

CDF မင္းတပ္အဖြဲ႕ဝင္ေတြကလည္း အစြမ္းကုန္ ခုခံကာကြယ္ခဲ့ၾကေပမယ့္ လက္နက္ႀကီးေတြနဲ႔ပါ ၿဖိဳခြင္းခံခဲ့ရတာ

ျဖစ္ပါတယ္။ယေန႔မွာျဖစ္ပြားခဲ့တဲ့ မင္းတပ္ၿမိဳ႕တိုက္ပြဲမွာေတာ့ ျပည္သူ႔ဘက္ေတာ္သား ရဲဝန္ထမ္းတစ္ဦ

း က်ဆုံးသြားခဲ့ေၾကာင္း သိရတာ ျဖစ္ပါတယ္ ။ သူ႔ရဲ႕နာမည္က ဆလိုင္းခြၽဲလိန္း (ခ)ေရွာင္လင္ေရျဖစ္ၿပီး

အမွန္တရားဘက္ကေန ရဲရဲဝင့္ဝင့္ရပ္တည္ေပးခဲ့တဲ့ သူရဲေကာင္းတစ္ေယာက္ ျဖစ္ပါတယ္ ။

သူကေတာ့ ျပည္သူေတြနဲ႔အတူ တိုက္ပြဲဝင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံးအခ်ိန္အထိ တိုင္းျပည္နဲ႔လူမ်ိဳးအေပၚမွာ

တာဝန္ေက်ပြန္သြားခဲ့တာ ျဖစ္ပါတယ္ ။သူရဲေကာင္းေရွာင္လင္ေရက တိုက္ပြဲမွာ စႏိုက္ပါထိမွန္ကာ

က်ဆုံးခဲ့တာျဖစ္ၿပီး သူ႔ရဲ႕႐ုပ္အေလာင္းကိုေတာ့ ျပန္မယူႏိုင္ေသးေၾကာင္း သိရတာျဖစ္ပါတယ္။

ျပည္သူေတြကေတာ့ ” CDM လည္းဝင္တယ္ ကိုယ္တိုင္လည္းတိုက္တယ္ သူရဲေကာင္းပီသလြန္းပါတယ္ ကိုေရွာင္လင္ေရ..

တကယ္စိတ္မေကာင္းဘူး…” ဆိုၿပီး ဝမ္းနည္းေၾကကြဲေနရတာ ျဖစ္ပါတယ္ ။ ယေန႔မင္းတပ္ၿမိဳ႕နယ္ရွိ

ေ႐ႊေအာင္သာ႐ြာတိုက္ပြဲမွာ ျမင့္ျမတ္စြာ အသက္ေပးခဲ့ရတဲ့ ျပည္သူ႔သူရဲေကာင္းအတြက္ ေလးစားဂုဏ္ျပဳရင္း

ေကာင္းရာမြန္ရာဘဝကို ေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

unicode

CDM ဝင်သလို တိုက်ပွဲမှာလည်း သူကိုယ်တိုင်ဝင်တိုက်ရင်း သူရဲကောင်းပီသစွာ

အသက်ပေးသွားခဲ့ရတဲ့ ပြည်သူ့ဘက်တော်သား ရဲဝန်ထမ်းတစ်ဦး

ယနေ့ ဇွန်လ (၄) ရက်နေ့မှာတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ မနက်ပိုင်းကတည်းက

တိုက်ပွဲတွေပြင်းထန်နေခဲ့တာ ဖြစ်ပါတယ် ။ မင်းတပ်မြို့နယ်ရှိ ရွှေအောင်သာရွာကို အင်အားအလုံးအရင်းနဲ့

ဝင်ရောက်ထိုးစစ်ဆင်ခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ် ။

CDF မင်းတပ်အဖွဲ့ဝင်တွေကလည်း အစွမ်းကုန် ခုခံကာကွယ်ခဲ့ကြပေမယ့် လက်နက်ကြီးတွေနဲ့ပါ ဖြိုခွင်းခံခဲ့ရတာ

ဖြစ်ပါတယ်။ယနေ့မှာဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့တိုက်ပွဲမှာတော့ ပြည်သူ့ဘက်တော်သား ရဲဝန်ထမ်းတစ်ဦ

း ကျဆုံးသွားခဲ့ကြောင်း သိရတာ ဖြစ်ပါတယ် ။ သူ့ရဲ့နာမည်က ဆလိုင်းချွဲလိန်း (ခ)ရှောင်လင်ရေဖြစ်ပြီး

အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်ပေးခဲ့တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်ပါတယ် ။

သူကတော့ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့တာဖြစ်ပြီး နောက်ဆုံးအချိန်အထိ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ

တာဝန်ကျေပွန်သွားခဲ့တာ ဖြစ်ပါတယ် ။သူရဲကောင်းရှောင်လင်ရေက တိုက်ပွဲမှာ စနိုက်ပါထိမှန်ကာ

ကျဆုံးခဲ့တာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကိုတော့ ပြန်မယူနိုင်သေးကြောင်း သိရတာဖြစ်ပါတယ်။

ပြည်သူတွေကတော့ ” CDM လည်းဝင်တယ် ကိုယ်တိုင်လည်းတိုက်တယ် သူရဲကောင်းပီသလွန်းပါတယ် ကိုရှောင်လင်ရေ..

တကယ်စိတ်မကောင်းဘူး…” ဆိုပြီး ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။ ယနေ့မင်းတပ်မြို့နယ်ရှိ

ရွှေအောင်သာရွာတိုက်ပွဲမှာ မြင့်မြတ်စွာ အသက်ပေးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းအတွက် လေးစားဂုဏ်ပြုရင်း

ကောင်းရာမွန်ရာဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။