News

ရန္ကုန္ ဆင္ေျခဖုံးေနရာတခ်ိဳ့တြင္ ေက်ာင္းမတက္ပါက ေက်ာင္းတက္ခြင့္ ၅ႏွစ္ ပိတ္မည္ဟု ခ်ိန္းေျခာက္ထားမွုမ်ားရွိေန

ရန္ကုန္ ဆင္ေျခဖုံးေနရာတခ်ိဳ့တြင္ ေက်ာင္းမတက္ပါက ေက်ာင္းတက္ခြင့္ ၅ႏွစ္ ပိတ္မည္ဟု ခ်ိန္းေျခာက္ထားမွုမ်ားရွိေန

ဧရာဝတီတိုင္းမ္။

ဇြန္လ ၁ရက္။

ရန္ကုန္ၿမိဳ့ရွိ ဆင္ေျခဖုံး ရပ္ကြက္တခ်ိဳ့တြင္ ေက်ာင္းဖြင့္ရက္မတိုင္မီ စစ္ေကာင္စီက ခန္႔အပ္ထားသည့္

ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွူးမ်ားက ေက်ာင္းသားမိဘမ်ားကို ေခၚယူအစည္းအေဝး ျပဳလုပ္ၿပီး ယခုေက်ာင္းဖြင့္ခ်ိန္

ေက်ာင္းမအပ္ပါက ေက်ာင္းသား ေက်ာင္းသူမ်ားကို ၅ ႏွစ္အထိ ေက်ာင္းတက္ခြင့္

ပိတ္ပင္မည္ဟု ခ်ိန္းေျခာက္ခဲ့ေၾကာင္း ရန္ကုန္ၿမိဳ့ခံ တခ်ိဳ့က ေျပာသည္။

ေတာင္ဒဂုံၿမိဳ့နယ္၊ က်ည္စုရြာ ေဒသခံတဦးက “ပထမ က်ေနာ္တို့သိတာက ကိုယ့္သားသမီးကို ေက်ာင္းအပ္ခ်င္အပ္၊

မအပ္ခ်င္ေနေပါ့။ ဒါေပမယ့္ က်ေနာ္တို့ကို အုပ္ခ်ဳပ္ေရးမွူး ေခၚေျပာတာက ေက်ာင္းမအပ္ပါက ၅ ႏွစ္အထိ

ေပးမတက္ဘူးဆိုေတာ့ အပ္လိုက္ရတယ္။ ေက်ာင္းအဲ့ေလာက္အခ်ိန္ထိ ေနာက္က်တာမ်ိဳးေတာ့ အဆင္မေျပဘူး” ဟု ေျပာသည္။

ထို့အျပင္ တခ်ိဳ့ၿမိဳ့နယ္မ်ားရွိ စာသင္ေက်ာင္းမ်ားတြင္ ဗုံးမၾကာခဏ ေပါက္ကြဲေနျခင္းအေပၚ စာသင္ေက်ာင္းမ်ားတြင္

စစ္တပ္ႏွင့္ရဲမ်ား လုံျခဳံေရး လာေစာင့္ေနျခင္းက ဗုံးေပါက္ကြဲမွုကို ပိုမိုျဖစ္ေစနိုင္ေၾကာင္း၊ သို့ရာတြင္ ေက်ာင္းမ်ာ

း မျဖစ္မေန တက္ရန္ နည္းမ်ိဳးစုံျဖင့္ ဖိအားေပးေနျခင္းေၾကာင့္ မိမိတို့ကေလးမ်ားကို ေက်ာင္းသို့ ေစလႊတ္ရေသာ္လည္

း ရင္တမမႏွင့္ ေနၾကရေၾကာင္း အဆိုပါ က်ည္စုရြာရွိ အလယ္တန္းေက်ာင္းသားမိဘ တဦးကလည္း ဆိုသည္။

ထို့အျပင္ စစ္ေကာင္စီ၏ လက္ေအာက္ခံ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွူးမ်ားက ေက်ာင္းသားမိဘမ်ား၊ ရပ္ကြက္အတြင္းရွိ

က်ဴးေက်ာ္ေျမမ်ားတြင္ ေနထိုင္ၾကရသူမ်ားကို တအိမ္လၽွင္ တေယာက္ႏွုန္းျဖင့္ ေက်ာင္းလုံျခဳံေရးဟုဆိုကာ အဓမၼ

လုပ္အားေပး ေစခိုင္းေနျခင္းက မျဖစ္သင့္ေၾကာင္း ဒဂုံအေရွ႕ၿမိဳ့နယ္ရွိ ေဒသခံတဦးက ေဝဖန္လိုက္သည္။

ထိုသို့ ေက်ာင္းသားမိဘမ်ား၊ ရြာသူရြာသားမ်ားကို ေက်ာင္းလုံျခဳံေရးဟုဆိုကာ အဓမၼ လုပ္အားေပး ေစခိုင္းေနမွုမ်ားက

ရန္ကုန္တြင္သာမက တိုင္းႏွင့္ျပည္နယ္ တခ်ိဳ့ရွိ ေက်းရြာမ်ားတြင္ပါ ၾကားသိေနရသည္။

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ့နယ္ရွိ ေဒသခံတဦးက “က်ေနာ္တို့အလွည့္က်ေန႔ မေစာင့္နိုင္ရင္ လူငွား ကိုယ့္ဘာသာ

ကိုယ္ရွာ၊ ကိုယ့္ပိုက္ဆံ ကိုယ္ေပးၿပီး ငွားေစာင့္ပဲ။ ေစာင့္ျပန္ေတာ့လဲ စစ္ေကာင္စီကို ဆန္႔က်င္တဲ့သူက ဒလံလို့

ယူဆမယ္။ ဗုံးေပါက္လို့ ထိရင္လဲ ကိုယ့္ဘာသာ ခံရမယ္။ အဲ့ဒီေက်ာင္းက ဆရာမေတြကေရာ

ကိုယ့္ကေလး တခုခု မျဖစ္ေအာင္ တာဝန္ယူေပးနိုင္တာလဲမဟုတ္ဘူး။ မထားျပန္လည္း ဆန္႔က်င္သူလို့ဆိုၿပီး

အုပ္ခ်ဳပ္ေရးေတြ၊ ဒလံေတြက အျမင္ကပ္မွုနဲ႔ တစုံတခု လုပ္မလားစိတ္နဲ႔ မလုံျခဳံျပန္ဘူး” ဟု ဆိုသည္။

#ရန္ကုန္ #ေက်ာင္းတက္ခြင့္ #ခ်ိန္းေျခာက္

#Ayeyarwaddy_Times

unicode

ရန်ကုန် ဆင်ခြေဖုံးနေရာတချို့တွင် ကျောင်းမတက်ပါက ကျောင်းတက်ခွင့် ၅နှစ် ပိတ်မည်ဟု ချိန်းခြောက်ထားမှုများရှိနေ

ဧရာဝတီတိုင်းမ်။

ဇွန်လ ၁ရက်။

ရန်ကုန်မြို့ရှိ ဆင်ခြေဖုံး ရပ်ကွက်တချို့တွင် ကျောင်းဖွင့်ရက်မတိုင်မီ စစ်ကောင်စီက ခန့်အပ်ထားသည့်

ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ကျောင်းသားမိဘများကို ခေါ်ယူအစည်းအဝေး ပြုလုပ်ပြီး ယခုကျောင်းဖွင့်ချိန်

ကျောင်းမအပ်ပါက ကျောင်းသား ကျောင်းသူများကို ၅ နှစ်အထိ ကျောင်းတက်ခွင့်

ပိတ်ပင်မည်ဟု ချိန်းခြောက်ခဲ့ကြောင်း ရန်ကုန်မြို့ခံ တချို့က ပြောသည်။

တောင်ဒဂုံမြို့နယ်၊ ကျည်စုရွာ ဒေသခံတဦးက “ပထမ ကျနော်တို့သိတာက ကိုယ့်သားသမီးကို ကျောင်းအပ်ချင်အပ်၊

မအပ်ချင်နေပေါ့။ ဒါပေမယ့် ကျနော်တို့ကို အုပ်ချုပ်ရေးမှူး ခေါ်ပြောတာက ကျောင်းမအပ်ပါက ၅ နှစ်အထိ

ပေးမတက်ဘူးဆိုတော့ အပ်လိုက်ရတယ်။ ကျောင်းအဲ့လောက်အချိန်ထိ နောက်ကျတာမျိုးတော့ အဆင်မပြေဘူး” ဟု ပြောသည်။

ထို့အပြင် တချို့မြို့နယ်များရှိ စာသင်ကျောင်းများတွင် ဗုံးမကြာခဏ ပေါက်ကွဲနေခြင်းအပေါ် စာသင်ကျောင်းများတွင်

စစ်တပ်နှင့်ရဲများ လုံခြုံရေး လာစောင့်နေခြင်းက ဗုံးပေါက်ကွဲမှုကို ပိုမိုဖြစ်စေနိုင်ကြောင်း၊ သို့ရာတွင် ကျောင်းမျာ

း မဖြစ်မနေ တက်ရန် နည်းမျိုးစုံဖြင့် ဖိအားပေးနေခြင်းကြောင့် မိမိတို့ကလေးများကို ကျောင်းသို့ စေလွှတ်ရသော်လည်

း ရင်တမမနှင့် နေကြရကြောင်း အဆိုပါ ကျည်စုရွာရှိ အလယ်တန်းကျောင်းသားမိဘ တဦးကလည်း ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသားမိဘများ၊ ရပ်ကွက်အတွင်းရှိ

ကျူးကျော်မြေများတွင် နေထိုင်ကြရသူများကို တအိမ်လျှင် တယောက်နှုန်းဖြင့် ကျောင်းလုံခြုံရေးဟုဆိုကာ အဓမ္မ

လုပ်အားပေး စေခိုင်းနေခြင်းက မဖြစ်သင့်ကြောင်း ဒဂုံအရှေ့မြို့နယ်ရှိ ဒေသခံတဦးက ဝေဖန်လိုက်သည်။

ထိုသို့ ကျောင်းသားမိဘများ၊ ရွာသူရွာသားများကို ကျောင်းလုံခြုံရေးဟုဆိုကာ အဓမ္မ လုပ်အားပေး စေခိုင်းနေမှုများက

ရန်ကုန်တွင်သာမက တိုင်းနှင့်ပြည်နယ် တချို့ရှိ ကျေးရွာများတွင်ပါ ကြားသိနေရသည်။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ဒေသခံတဦးက “ကျနော်တို့အလှည့်ကျနေ့ မစောင့်နိုင်ရင် လူငှား ကိုယ့်ဘာသာ

ကိုယ်ရှာ၊ ကိုယ့်ပိုက်ဆံ ကိုယ်ပေးပြီး ငှားစောင့်ပဲ။ စောင့်ပြန်တော့လဲ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူက ဒလံလို့

ယူဆမယ်။ ဗုံးပေါက်လို့ ထိရင်လဲ ကိုယ့်ဘာသာ ခံရမယ်။ အဲ့ဒီကျောင်းက ဆရာမတွေကရော

ကိုယ့်ကလေး တခုခု မဖြစ်အောင် တာဝန်ယူပေးနိုင်တာလဲမဟုတ်ဘူး။ မထားပြန်လည်း ဆန့်ကျင်သူလို့ဆိုပြီး

အုပ်ချုပ်ရေးတွေ၊ ဒလံတွေက အမြင်ကပ်မှုနဲ့ တစုံတခု လုပ်မလားစိတ်နဲ့ မလုံခြုံပြန်ဘူး” ဟု ဆိုသည်။

#ရန်ကုန် #ကျောင်းတက်ခွင့် #ချိန်းခြောက်

#Ayeyarwaddy_Times