News

“လပိုင်း ၊ ရက်ပိုင်းနဲ့ အတန်းအောင်မယ့် အတန်းတင် ပညာရေးကို သင်မလား၊ တကယ်ပညာတတ်မဲ့ စာတတ်မဲ့ ပညာရေးစနစ်ကိုသင်မလား”

“လပိုင်း ၊ ရက်ပိုင်းနဲ့ အတန်းအောင်မယ့် အတန်းတင် ပညာရေးကို သင်မလား၊

တကယ်ပညာတတ်မဲ့ စာတတ်မဲ့ ပညာရေးစနစ်ကိုသင်မလား”

ကြားကာလပညာသင်ကြားရေးအစီအစဉ်တွေအတွက် အသေးစိတ်ပြင်ဆင်နေပြီး အစီအစဉ်အချို့စတင်နေပြီဖြစ်တယ်လို့

NUG အစိုးရ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

မြန်မာနိုင်ငံအနှံ့က ကျောင်းသားသမဂ္ဂတွေ၊ ဆရာသမဂ္ဂတွေ၊ CRPH ကိုယ်စားလှယ်တွေ၊

ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး ပြည်သူမှ ပြည်သူသို့ သင်ကြားပေးမဲ့ ကြားကာလပညာရေးအစီအစဉ်ကို

၁၀ ရက်အတွင်းမှာစတင်ကြေညာသွားဖို့ရှိတယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ အသည်းအသန်ကြိုးစားနေပြီး

မေလ ၂၄ရက်ကနေ ၃၁ ရက်အထိ တစ်နိုင်ငံလုံးကကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေတာလဲ

zawgyi








