International News

မြန်မာ့အရေးပါ ထည့်သွင်းဆွေးနွေးမယ့် အာဆီယံ – အမေရိကန် အွန်လိုင်းအစည်းအဝေးကို နည်းပညာအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရ

မြန်မာ့အရေးပါ ထည့်သွင်းဆွေးနွေးမယ့် အာဆီယံ – အမေရိကန် အွန်လိုင်းအစည်းအဝေးကို နည်းပညာအခက်အခဲကြောင့် ရွှေ့ဆိုင်းခဲ့ရ

မေ ၃၁

အာဆီယံ – အမေရိကန် သံတမန်ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးမယ့် အွန်လိုင်းအစည်းအဝေးပွဲတရပ်ကို

အင်္ဂါနေ့မှာ ကျင်းပဖို့စီစဉ်ထားခဲ့ပေမယ့် နည်းပညာအခက်အခဲအကြောင်းပြချက်နဲ့

ရွှေ့ဆိုင်းခဲ့ရတယ်လို့ အာဆီယံသတင်းရင်းမြစ်တွေအရ သိရပါတယ်။

အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်

နဲ့အင်္ဂါနေ့ မနက်ခင်းပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေခဲ့ကြပါတယ်။

ဒါပေမယ့်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အရှေ့အလယ်ပိုင်းဒေသကိုဦးတည်နေတဲ့ လေယာဉ်တစင်းပေါ်မှာ

ရှိနေခဲ့ပြီး ဆက်သွယ်ရေးဆိုင်ရာချို့ယွင်းချက်ကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

နောက်ထပ် အစည်းအဝေး ပြန်လည်ကျင်းပမယ့် နေ့ရက်ကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

နှစ်ဘက်သံတမန်တွေတွေ့ဆုံမယ့် အွန်လိုင်းအစည်းအဝေးမှာ မြန်မာ့အရေးအပါအဝင် အမေရိကန် –

အာဆီယံဆက်ဆံရေး ၊ တောင်တရုတ်ပင်လယ်အတွင်း

တရုတ်ရဲ့ခိုင်မာတောင့်တင်းလာမှု စတဲ့ကိစ္စတွေကို ဆွေးနွေးဖို့စီစဉ်ထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်တွေအပါအဝင်

အာဏာသိမ်းမှုထောက်ခံသူတချို့ကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံမှုပြုလုပ်ဖို့ အမေရိကန်ဘက်က ကြိုးစားခဲ့ပေမယ့်

မြန်မာအပါအဝင် အာဆီယံခေါင်းဆောင်တွေက အမေရိကန်ရဲ့အားထုတ်မှုကို သတိကြီးကြီးထားနေကြပါတယ်။

နည်းပညာပိုင်းဆိုင်ရာအခက်အခဲကြောင့် ပထမဆုံးအကြိမ်ပြုလုပ်မယ့် အာဆီယံ – အမေရိကန်

အစည်းအဝေးကိုရွှေ့ဆိုင်းလိုက်ရပေမယ့် ပြန်လည်ကျင်းပမယ့်အချိန်မှာတော့

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အဖြေတစုံတရာ ထွက်ကောင်းထွက်လာနိုင်ပါတယ်။

Ref:thejakartapost

Photo:AFP

zawgyi

ျမန္မာ့အေရးပါ ထည့္သြင္းေဆြးေႏြးမယ့္ အာဆီယံ – အေမရိကန္ အြန္လိုင္းအစည္းအေဝးကို နည္းပညာအခက္အခဲေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ရ

ေမ ၃၁

အာဆီယံ – အေမရိကန္ သံတမန္ေခါင္းေဆာင္ေတြ ပါဝင္ေဆြးေႏြးမယ့္ အြန္လိုင္းအစည္းအေဝးပြဲတရပ္ကို

အဂၤါေန႔မွာ က်င္းပဖို႔စီစဥ္ထားခဲ့ေပမယ့္ နည္းပညာအခက္အခဲအေၾကာင္းျပခ်က္နဲ႔

ေ႐ႊ႕ဆိုင္းခဲ့ရတယ္လို႔ အာဆီယံသတင္းရင္းျမစ္ေတြအရ သိရပါတယ္။

အာဆီယံ ၁၀ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြဟာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင့္ကင္

နဲ႔အဂၤါေန႔ မနက္ခင္းပိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ ေတြ႕ဆုံေဆြးေႏြးဖို႔ အဆင္သင့္ရွိေနခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ အေရွ႕အလယ္ပိုင္းေဒသကိုဦးတည္ေနတဲ့ ေလယာဥ္တစင္းေပၚမွာ

ရွိေနခဲ့ၿပီး ဆက္သြယ္ေရးဆိုင္ရာခ်ိဳ႕ယြင္းခ်က္ေၾကာင့္ အစည္းအေဝးကို ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ေနာက္ထပ္ အစည္းအေဝး ျပန္လည္က်င္းပမယ့္ ေန႔ရက္ကိုေတာ့ ေၾကညာထားျခင္း မရွိေသးပါဘူး။

ႏွစ္ဘက္သံတမန္ေတြေတြ႕ဆုံမယ့္ အြန္လိုင္းအစည္းအေဝးမွာ ျမန္မာ့အေရးအပါအဝင္ အေမရိကန္ –

အာဆီယံဆက္ဆံေရး ၊ ေတာင္တ႐ုတ္ပင္လယ္အတြင္း

တ႐ုတ္ရဲ႕ခိုင္မာေတာင့္တင္းလာမႈ စတဲ့ကိစၥေတြကို ေဆြးေႏြးဖို႔စီစဥ္ထားပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း စစ္ေခါင္းေဆာင္ေတြအပါအဝင္

အာဏာသိမ္းမႈေထာက္ခံသူတခ်ိဳ႕ကို အေမရိကန္က အေရးယူပိတ္ဆို႔မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အာဏာသိမ္းမႈနဲ႔ပတ္သက္ၿပီး အာဆီယံႏိုင္ငံေတြနဲ႔ ေတြ႕ဆုံမႈျပဳလုပ္ဖို႔ အေမရိကန္ဘက္က ႀကိဳးစားခဲ့ေပမယ့္

ျမန္မာအပါအဝင္ အာဆီယံေခါင္းေဆာင္ေတြက အေမရိကန္ရဲ႕အားထုတ္မႈကို သတိႀကီးႀကီးထားေနၾကပါတယ္။

နည္းပညာပိုင္းဆိုင္ရာအခက္အခဲေၾကာင့္ ပထမဆုံးအႀကိမ္ျပဳလုပ္မယ့္ အာဆီယံ – အေမရိကန္

အစည္းအေဝးကိုေ႐ႊ႕ဆိုင္းလိုက္ရေပမယ့္ ျပန္လည္က်င္းပမယ့္အခ်ိန္မွာေတာ့

ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အေျဖတစုံတရာ ထြက္ေကာင္းထြက္လာႏိုင္ပါတယ္။

Ref:thejakartapost

Photo:AFP