News

ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာအောင် လုပ်ဆောင်သွားမည်

ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်တပ်အပါအဝင် လုံခြုံရေးတပ်ဖွဲ့များအပေါ်

တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာအောင် လုပ်ဆောင်သွားမည်

မေလ ၃၁ရက်

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စု ၀န်ကြီး ဦးအောင်မျိုးမင်းနှင့်

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်အိသဉ္ဇာမောင်တို့သည်

Free Burma Task Force (USA) က ကြီးမှူးကျင်းပသည့်

ဆွေးနွေးစကားဝိုင်းသို့ တက်ရောက်ပြီး ဆွေးနွေးပြောကြားခဲ့သည်။

ဆွေးနွေးပွဲစကားဝိုင်းကို မေလ (၃၀) ရက်နေ့တွင် ကျင်းပခဲ့ပြီး နိုင်ငံတကာမှ မြန်မာ့အရေးစိတ်ဝင်စားသေ

ာ လူငယ်များနှင့် တက်ကြွလှုပ်ရှားသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား တွန်းလှန်ခြင်း”ဆိုသည့် ခေါင်းစဉ်နှင့်အညီ

NUG အစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးအခွင့်အရေးဆိုင်ရာ

ဆောင်ရွက်နေမှုများကို ရှင်းပြဆွေးနွေးခဲ့သည်။ ထို့ပြင် လူ့အခွင့်အရေးနှင့်ပတ်သက်၍

ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များ၊ ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်တပ်အပါအဝင်

လုံခြုံရေးတပ်ဖွဲ့များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာအောင်

လုပ်ဆောင်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

တချိန်တည်းမှာပင် ဒီမိုကရေစီ အင်အားစုဘက် ကူးပြောင်းလာကြသည့် စစ်တပ်၊

ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လူ့အခွင့်အရေးကို လေးစားကာကွယ်အောင် လုပ်ဆောင်သင့်သည့် အစီအစဉ်များနှင့်

အနာဂါတ် မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များက အာဏာသိမ်းခြင်း၊ လက်နက်ပြ၍

မတရား ကျူးလွန်ခြင်းများ မဖြစ်အောင် မည်ကဲ့သို့ ကာကွယ်တားဆီးကြမည်

စသည့်အကြောင်းအရာများကို အဓိက မေးမြန်းဆွေးနွေးခဲ့ကြသည်။

သက်ဆိုင်ရာ NUG ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှလည်း ပြန်လည်ဖြေကြားခဲ့ကြသည်။

zawgyi

ရာဇဝတ္မႈမ်ားက်ဴးလြန္ေနသည့္ စစ္တပ္အပါအဝင္ လုံၿခဳံေရးတပ္ဖြဲ႕မ်ားအေပၚ

တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားရွိလာေအာင္ လုပ္ေဆာင္သြားမည္

ေမလ ၃၁ရက္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ လူ႔အခြင့္အေရးဆိုင္ရာျပည္ေထာင္စု ၀န္ႀကီး ဦးေအာင္မ်ိဳးမင္းႏွင့္

အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးသူငယ္ဆိုင္ရာ ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးေဒၚအိသၪၨာေမာင္တို႔သည္

Free Burma Task Force (USA) က ႀကီးမႉးက်င္းပသည့္

ေဆြးေႏြးစကားဝိုင္းသို႔ တက္ေရာက္ၿပီး ေဆြးေႏြးေျပာၾကားခဲ့သည္။

ေဆြးေႏြးပြဲစကားဝိုင္းကို ေမလ (၃၀) ရက္ေန႔တြင္ က်င္းပခဲ့ၿပီး ႏိုင္ငံတကာမွ ျမန္မာ့အေရးစိတ္ဝင္စားေသ

ာ လူငယ္မ်ားႏွင့္ တက္ႂကြလႈပ္ရွားသူမ်ား တက္ေရာက္ေဆြးေႏြးခဲ့ၾကသည္။

“ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအား တြန္းလွန္ျခင္း”ဆိုသည့္ ေခါင္းစဥ္ႏွင့္အညီ

NUG အစိုးရ၏ လူ႔အခြင့္အေရးဆိုင္ရာ၊ အမ်ိဳးသမီး၊ လူငယ္ႏွင့္ ကေလးအခြင့္အေရးဆိုင္ရာ

ေဆာင္႐ြက္ေနမႈမ်ားကို ရွင္းျပေဆြးေႏြးခဲ့သည္။ ထို႔ျပင္ လူ႔အခြင့္အေရးႏွင့္ပတ္သက္၍

ဆက္လက္လုပ္ေဆာင္မည့္ အစီအစဥ္မ်ား၊ ရာဇဝတ္မႈမ်ားက်ဴးလြန္ေနသည့္ စစ္တပ္အပါအဝင္

လုံၿခဳံေရးတပ္ဖြဲ႕မ်ားအေပၚ တာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားရွိလာေအာင္

လုပ္ေဆာင္သြားမည့္ အေျခအေနမ်ားကို ေဆြးေႏြးခဲ့ၾကသည္။

တခ်ိန္တည္းမွာပင္ ဒီမိုကေရစီ အင္အားစုဘက္ ကူးေျပာင္းလာၾကသည့္ စစ္တပ္၊

ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ လူ႔အခြင့္အေရးကို ေလးစားကာကြယ္ေအာင္ လုပ္ေဆာင္သင့္သည့္ အစီအစဥ္မ်ားႏွင့္

အနာဂါတ္ ျမန္မာႏိုင္ငံအတြင္း ယခုကဲ့သို႔ လက္နက္ကိုင္တပ္ဖြဲ႕မ်ားက အာဏာသိမ္းျခင္း၊ လက္နက္ျပ၍

မတရား က်ဴးလြန္ျခင္းမ်ား မျဖစ္ေအာင္ မည္ကဲ့သို႔ ကာကြယ္တားဆီးၾကမည္

စသည့္အေၾကာင္းအရာမ်ားကို အဓိက ေမးျမန္းေဆြးေႏြးခဲ့ၾကသည္။

သက္ဆိုင္ရာ NUG ဝန္ႀကီးႏွင့္ ဒုတိယဝန္ႀကီးတို႔မွလည္း ျပန္လည္ေျဖၾကားခဲ့ၾကသည္။