News

အကြောင်းမဲ့ အသက်ပေးလိုက်ရတဲ့ အနာဂတ် ကြယ်တစ်ပွင့်ဖြစ်လာမဲ့ မော်ဒယ်ထက်အောင် အမေရဲ့ နူတ်ဆက်စကား

စစ္ကားနဲ႔လိုက္တိုက္လို႔ အသက္ဆုံးရႈံးခဲ့ရတဲ့ ေမာ္ဒယ္ထက္ေအာင္ရဲ႕ေနာက္ဆုံးခရီးကို

လူအမ်ားအျပား လိုက္ပါပို႔ေဆာင္ေပးၾကတဲ့ျမင္ကြင္း

ျမန္မာျပည္သူ၊ျပည္သားေတြကေတာ့ လက္ရွိအေျခအေနႀကီးကို ႀကံ့ႀကံ့ခံရင္ဆိုင္ရင္း တစ္ေယာက္ကို

တစ္ေယာက္ေဖးမကူညီေနၾကတာျဖစ္ပါတယ္။ဒီ(၄)လအတြင္းမွာ အသက္ေပးသြားရသူေတြ

(၈၀၀)ေက်ာ္ရွိေနၿပီျဖစ္တာေၾကာင့္ ျပည္သူလူထုက သူရဲေကာင္းေတြကိုရည္စူးၿပီး ေကာင္းမႉကုသိုလ္ေတြ၊

ဆုေတာင္းပြဲေတြ ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။အသက္မဆုံးရႈံးသင့္ဘဲ ဆုံးရႈံးသြားရတဲ့သူရဲေကာင္းေတြရဲ႕

က်န္ရစ္သူမိသားစုကလည္း ယူႀကဳံးမရျဖစ္ၿပီးေန႔စဥ္ရက္ဆက္ သတိရေနၾကတာျဖစ္ပါတယ္။

ေမလ(၂၉)ရက္ေန႔ ညပိုင္းကဆိုရင္ အင္းစိန္ၿမိဳ႕နယ္မွာ စစ္ေကာင္စီက ဆိုင္ကယ္စီးလာတဲ့လူငယ္တစ္ဦးကိုတားခဲ့ေပမယ့္

မရပ္ေပးတာေၾကာင့္ စစ္ကားနဲ႔လိုက္တိုက္တဲ့ အေျခအေနတစ္ခုျဖစ္ပြါးခဲ့ပါတယ္။ကားနဲ႔လိုက္တိုက္တဲ့အရွိန္မ်ားလို႔

လူငယ္ေလးခမ်ာ အသက္ဆုံးရႈံးသြားခဲ့ရတာျဖစ္ပါတယ္။ေသဆုံးသူလူငယ္ေလးကေတာ့ Model

တစ္ေယာက္အျဖစ္ ရပ္တည္ေနၿပီး မိဘကိုလုပ္ေကြၽးျပဳစုေနတဲ့ သားလိမၼာေလးျဖစ္ပါတယ္။အခုလိုအျဖစ္ဆိုးမ်ိဳးနဲ႔

ႀကဳံေတြ႕ခဲ့ရတဲ့ လူငယ္ေလးအတြက္ ျပည္သူလူထုကလည္း နာက်င္ေၾကကြဲေနၾကတာျဖစ္ပါတယ္။

ေန႔ ေမလ(၃၀)ရက္ေနမွာေတာ့ ေသဆုံးသူလူငယ္ေလးရဲ႕ ႐ုပ္ကလာပ္ကို ထိန္ပင္သုသာန္မွာ

ပို႔ေဆာင္သၿဂႋဳလ္ခဲ့တာျဖစ္ပါတယ္။မိခင္ျဖစ္သူမွာလည္း သားေလးကို အၿပီးတိုင္ဆုံးရႈံးလိုက္ရလို႔

ရင္ကြဲမတတ္နာက်င္ေနရကာ ငိုေႂကြးေနခဲ့တာျဖစ္ပါတယ္။ေမာင္ထက္ေအာင္ရဲ႕ နာေရးကိုေတာ့

သူငယ္ခ်င္း၊မိတ္ေဆြေတြအမ်ားအျပားကဝမ္းနည္းစြာနဲ႔ လိုက္ပါပို႔ေဆာင္ေပးၾကတာျဖစ္ပါတယ္။

အနာဂတ္ရဲ႕ၾကယ္ပြင့္ေလးေတြ တစ္ပြင့္ၿပီးတစ္ပြင့္ ေႂကြလြင့္ေနရတာေၾကာင့္

ဒီလိုအျဖစ္အပ်က္မ်ိဳးေတြထပ္မႀကဳံၾကပါေစနဲ႔ေတာ့လို႔ ဆုေတာင္းရင္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Unicode

စစ်ကားနဲ့လိုက်တိုက်လို့ အသက်ဆုံးရှုံးခဲ့ရတဲ့ မော်ဒယ်ထက်အောင်ရဲ့နောက်ဆုံးခရီးကို

လူအများအပြား လိုက်ပါပို့ဆောင်ပေးကြတဲ့မြင်ကွင်း

မြန်မာပြည်သူ၊ပြည်သားတွေကတော့ လက်ရှိအခြေအနေကြီးကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း တစ်ယောက်ကို

တစ်ယောက်ဖေးမကူညီနေကြတာဖြစ်ပါတယ်။ဒီ(၄)လအတွင်းမှာ အသက်ပေးသွားရသူတွေ

(၈၀၀)ကျော်ရှိနေပြီဖြစ်တာကြောင့် ပြည်သူလူထုက သူရဲကောင်းတွေကိုရည်စူးပြီး ကောင်းမှူကုသိုလ်တွေ၊

ဆုတောင်းပွဲတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့သူရဲကောင်းတွေရဲ့

ကျန်ရစ်သူမိသားစုကလည်း ယူကြုံးမရဖြစ်ပြီးနေ့စဉ်ရက်ဆက် သတိရနေကြတာဖြစ်ပါတယ်။

မေလ(၂၉)ရက်နေ့ ညပိုင်းကဆိုရင် အင်းစိန်မြို့နယ်မှာ စစ်ကောင်စီက ဆိုင်ကယ်စီးလာတဲ့လူငယ်တစ်ဦးကိုတားခဲ့ပေမယ့်

မရပ်ပေးတာကြောင့် စစ်ကားနဲ့လိုက်တိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ကားနဲ့လိုက်တိုက်တဲ့အရှိန်များလို့

လူငယ်လေးခမျာ အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။သေဆုံးသူလူငယ်လေးကတော့ Model

တစ်ယောက်အဖြစ် ရပ်တည်နေပြီး မိဘကိုလုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။အခုလိုအဖြစ်ဆိုးမျိုးနဲ့

ကြုံတွေ့ခဲ့ရတဲ့ လူငယ်လေးအတွက် ပြည်သူလူထုကလည်း နာကျင်ကြေကွဲနေကြတာဖြစ်ပါတယ်။

နေ့ မေလ(၃၀)ရက်နေမှာတော့ သေဆုံးသူလူငယ်လေးရဲ့ ရုပ်ကလာပ်ကို ထိန်ပင်သုသာန်မှာ

ပို့ဆောင်သင်္ဂြိုလ်ခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူမှာလည်း သားလေးကို အပြီးတိုင်ဆုံးရှုံးလိုက်ရလို့

ရင်ကွဲမတတ်နာကျင်နေရကာ ငိုကြွေးနေခဲ့တာဖြစ်ပါတယ်။မောင်ထက်အောင်ရဲ့ နာရေးကိုတော့

သူငယ်ချင်း၊မိတ်ဆွေတွေအများအပြားကဝမ်းနည်းစွာနဲ့ လိုက်ပါပို့ဆောင်ပေးကြတာဖြစ်ပါတယ်။

အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေ တစ်ပွင့်ပြီးတစ်ပွင့် ကြွေလွင့်နေရတာကြောင့်

ဒီလိုအဖြစ်အပျက်မျိုးတွေထပ်မကြုံကြပါစေနဲ့တော့လို့ ဆုတောင်းရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။