News

စားစရာမရွိလို႔ ညစ္ပတ္ေနတဲ့ပုံးတစ္လုံးနဲ႔ ဆြမ္းက်န္ေတြလာေတာင္းတဲ့ အဖြားအိုရဲ႕ စိတ္မေကာင္းစရာအျဖစ္အပ်က္

လက္ရွိ အေျခအေနေတြေၾကာင့္ အနယ္နယ္အရပ္ရပ္က ျပည္သူေတြမွာစားဝတ္ေနေရးအျပင္

အခက္အခဲေတြအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနၾကရတာလည္း ေတာ္ေတာ္မ်ားမ်ားသိျမင္ၾကမွာပါ..။

ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အသက္ေပးသြားၾကတဲ့ အသက္ေပးရင္း ဆက္လက္ေတာ္လွန္ေနၾကတဲ့

သူရဲေကာင္းျပည္သူေတြရွိသလို မိသားစုေတြတစ္ကြဲတစ္ျပားနဲ႔ အိုးပစ္အိမ္ပစ္နဲ႔ စစ္ေဘးေရွာင္ေနၾကရသူေတြလည္းရွိၾကတာမို

႔ ျပည္သူေတြက အခ်င္းခ်င္းကူညီလႉဒါန္းေနၾကတာလည္း ျဖစ္ပါတယ္..။

Photo Credit – GraceRuth Lahpai’s Fb Acc

ဒီကေန႔မွာေတာ့ အသက္အ႐ြယ္အိုမင္းေနသလို လတ္တေလာအေျခအေနေတြေၾကာင့္ သားေတြနဲ႔

ေဝးကြာေနၿပီး တစ္ေယာက္တည္းခက္ခက္ခဲခဲျဖတ္သန္းေနရတဲ့ အဖြားတစ္ေယာက္ရဲ႕

စိတ္မေကာင္းစရာ အေၾကာင္းအရာေလးေတြကို အသိေပးေျပာျပခ်င္ပါတယ္..။

စစ္ေဘးေရွာင္ျပည္သူေတြအတြက္ ကူညီလႉဒါန္းေပးဖို႔သြားရင္ ေတြ႕ခဲ့ရတဲ့ရွမ္းလူမ်ိဳးအဖြားတစ္ေယာက္ကေတာ့

စားစရာမရွိလို႔ ညစ္ပတ္ေနတဲ့ပုံးတစ္လုံးနဲ႔ ဆြမ္းက်န္ေတြလာေတာင္းရင္း

ႀကဳံေတြ႕ခံစားေနရတဲ့အခက္အခဲေတြကို ငိုၿပီး ေျပာျပခဲ့တာျဖစ္ပါတယ္..။

“အသဲႏွလုံးေတြ နာက်င္ရတဲ့ေန႔တေန႔. . . 🥺💔

ဒီေန႔အလႉသြားတဲ့ ေနရာတစ္ခုမွာ ကြၽန္မတို႔ ျပန္ခါနီးမွ ဒီအဖြားက ပုံးအစိမ္းေလးနဲ႔ ေရာက္လာတယ္. . .

ဆြမ္းက်န္ေလးေတြ လာေတာင္းတာတဲ့. . . အဲ့က အမတစ္ေယာက္က သူ႔ပုံးစိမ္းေလးထဲကို

ဆြမ္းက်န္ေတြထည့္ေပးလိုက္တယ္. . . ဆြမ္းက်န္ေတြက ဘာလုပ္ဖို႔လဲလို႔ ေမးၾကည့္လိုက္ေတာ့

သူစားဖို႔တဲ့၊ အဖြားရဲ႕ပုံးကမသန႔္ဘူး ဘာေတြေပေနမွန္းမသိ. . . 🥺🥺 ၿပီးေတာ့သူ႔ကို

ေဆးေလးနည္းနည္းေလာက္ေပးဖို႔ေတာင္းလို႔ Nutrivita တစ္ဘူးေပးလိုက္တယ္. . .

ငိုၿပီးေတာ့ေျပာရွာတယ္ ခုကသူတစ္ေယာက္ထဲေနတာတဲ့. . . တိုက္ပြဲေတြျဖစ္ေတာ့ ေမာ္ထဲက

သူ႔သားေတြက ျပန္လာလို႔ရဘူးတဲ့ ပိုက္ဆံေတြလည္းပို႔ေပးလို႔မရလို႔ မပို႔ေပးၾကလို႔ အဖြားက စားစရာမရွိဘူးတဲ့

. . . အာ့ေၾကာင့္ စားဖို႔ ဆြမ္းက်န္လာေတာင္းစားတာတဲ့. . . 😭😭

ကိုလူေခးလည္း အဖြားသုံးဖို႔ ေငြသားလႉေပးလိုက္တယ္. . . ကြၽန္မလည္း အလႉ Budget ထဲကမဟုတ္ပဲ

ကြၽန္မရဲ႕ မုန႔္ဖိုးနည္းနည္းေလးကို အဖြားကိုလႉလိုက္တယ္. . . 🥰🥰

ျပည္သူေတြရဲ႕ ဒုကၡဘယ္ခ်ိန္အဆုံးသတ္မွာလဲ???😷

မအလ အာဏာ႐ူးေတြအျမန္ေသပါေစ. . . 😡😡

အျပစ္မဲ့တဲ့ ျပည္သူေတြ မိသားစုတကြဲတျပား ေနေနရတယ္. . . တခ်ိဳ႕ေတြဆို မိသားစု မစုံေတာ့ဘူး. .

. 😭😭..” ဆိုၿပီးေတာ့ ကူညီေဖးမခဲ့တဲ့ ျပည္သူတစ္ဦးက အျဖစ္အပ်က္ေလးေတြကို

စိတ္မေကာင္းစြာေရးသားေျပာျပထားတာ ျဖစ္ပါတယ္..။

ျပည္သူေတြကလည္း အဖြားႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကို စာနာဝမ္းနည္းကာ အားေပးရင္း

ကူညီလႉဒါန္းခ်င္ၾကတဲ့အေၾကာင္းေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

unicode

လက်ရှိ အခြေအနေတွေကြောင့် အနယ်နယ်အရပ်ရပ်က ပြည်သူတွေမှာစားဝတ်နေရေးအပြင်

အခက်အခဲတွေအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတာလည်း တော်တော်များများသိမြင်ကြမှာပါ..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြတဲ့ အသက်ပေးရင်း ဆက်လက်တော်လှန်နေကြတဲ့

သူရဲကောင်းပြည်သူတွေရှိသလို မိသားစုတွေတစ်ကွဲတစ်ပြားနဲ့ အိုးပစ်အိမ်ပစ်နဲ့ စစ်ဘေးရှောင်နေကြရသူတွေလည်းရှိကြတာမို

့ ပြည်သူတွေက အချင်းချင်းကူညီလှူဒါန်းနေကြတာလည်း ဖြစ်ပါတယ်..။

Photo Credit – GraceRuth Lahpai’s Fb Acc

ဒီကနေ့မှာတော့ အသက်အရွယ်အိုမင်းနေသလို လတ်တလောအခြေအနေတွေကြောင့် သားတွေနဲ့

ဝေးကွာနေပြီး တစ်ယောက်တည်းခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့ အဖွားတစ်ယောက်ရဲ့

စိတ်မကောင်းစရာ အကြောင်းအရာလေးတွေကို အသိပေးပြောပြချင်ပါတယ်..။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးဖို့သွားရင် တွေ့ခဲ့ရတဲ့ရှမ်းလူမျိုးအဖွားတစ်ယောက်ကတော့

စားစရာမရှိလို့ ညစ်ပတ်နေတဲ့ပုံးတစ်လုံးနဲ့ ဆွမ်းကျန်တွေလာတောင်းရင်း

ကြုံတွေ့ခံစားနေရတဲ့အခက်အခဲတွေကို ငိုပြီး ပြောပြခဲ့တာဖြစ်ပါတယ်..။

“အသဲနှလုံးတွေ နာကျင်ရတဲ့နေ့တနေ့. . . 🥺💔

ဒီနေ့အလှူသွားတဲ့ နေရာတစ်ခုမှာ ကျွန်မတို့ ပြန်ခါနီးမှ ဒီအဖွားက ပုံးအစိမ်းလေးနဲ့ ရောက်လာတယ်. . .

ဆွမ်းကျန်လေးတွေ လာတောင်းတာတဲ့. . . အဲ့က အမတစ်ယောက်က သူ့ပုံးစိမ်းလေးထဲကို

ဆွမ်းကျန်တွေထည့်ပေးလိုက်တယ်. . . ဆွမ်းကျန်တွေက ဘာလုပ်ဖို့လဲလို့ မေးကြည့်လိုက်တော့

သူစားဖို့တဲ့၊ အဖွားရဲ့ပုံးကမသန့်ဘူး ဘာတွေပေနေမှန်းမသိ. . . 🥺🥺 ပြီးတော့သူ့ကို

ဆေးလေးနည်းနည်းလောက်ပေးဖို့တောင်းလို့ Nutrivita တစ်ဘူးပေးလိုက်တယ်. . .

ငိုပြီးတော့ပြောရှာတယ် ခုကသူတစ်ယောက်ထဲနေတာတဲ့. . . တိုက်ပွဲတွေဖြစ်တော့ မော်ထဲက

သူ့သားတွေက ပြန်လာလို့ရဘူးတဲ့ ပိုက်ဆံတွေလည်းပို့ပေးလို့မရလို့ မပို့ပေးကြလို့ အဖွားက စားစရာမရှိဘူးတဲ့

. . . အာ့ကြောင့် စားဖို့ ဆွမ်းကျန်လာတောင်းစားတာတဲ့. . . 😭😭

ကိုလူခေးလည်း အဖွားသုံးဖို့ ငွေသားလှူပေးလိုက်တယ်. . . ကျွန်မလည်း အလှူ Budget ထဲကမဟုတ်ပဲ

ကျွန်မရဲ့ မုန့်ဖိုးနည်းနည်းလေးကို အဖွားကိုလှူလိုက်တယ်. . . 🥰🥰

ပြည်သူတွေရဲ့ ဒုက္ခဘယ်ချိန်အဆုံးသတ်မှာလဲ???😷

မအလ အာဏာရူးတွေအမြန်သေပါစေ. . . 😡😡

အပြစ်မဲ့တဲ့ ပြည်သူတွေ မိသားစုတကွဲတပြား နေနေရတယ်. . . တချို့တွေဆို မိသားစု မစုံတော့ဘူး. .

. 😭😭..” ဆိုပြီးတော့ ကူညီဖေးမခဲ့တဲ့ ပြည်သူတစ်ဦးက အဖြစ်အပျက်လေးတွေကို

စိတ်မကောင်းစွာရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ပြည်သူတွေကလည်း အဖွားကြုံတွေ့နေရတဲ့အခက်အခဲတွေကို စာနာဝမ်းနည်းကာ အားပေးရင်း

ကူညီလှူဒါန်းချင်ကြတဲ့အကြောင်းတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – GraceRuth Lahpai’s Fb Acc