Celebrities

လွတ်မြောက်ရေးနယ်မြေမှာ စ.စ်သင်တန်းတက်နေတဲ့ အဓိကရည်ရွယ်ချက်တွေကို ပြောပြလာတဲ့ လူရွှင်တော်တိုင်းကျော်ရဲ့ ဗီဒီယိုရုပ်သံ

လွတ်မြောက်ရေးနယ်မြေမှာ စ.စ်သင်တန်းတက်နေတဲ့ အဓိကရည်ရွယ်ချက်တွေကို

ပြောပြလာတဲ့ လူရွှင်တော်တိုင်းကျော်ရဲ့ ဗီဒီယိုရုပ်သံ

ဟားငါးကောင်လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ လူရွှင်တော် တိုင်းကျော်ကတော့

လက်ရှိမှာ လွတ်မြောက်ရေးနယ်မြေကို ရောက်ရှိနေပြီး G-Z တို့နဲ့ အတူ စစ်သင်တန်း တက်ရောက်နေပြီ ဖြစ်ပါတယ်..။

လူရွှင်တော်တိုင်းကျော်ကတော့ အရေးတော်ပုံအောင်မြင်ဖို့အတွက် တော်လှန်ရေးတိုက်ပွဲကြီးမှာ

ရဲရဲဝင့်ဝင့်နဲ့ တတ်နိုင်သလောက် ပါဝင်အားဖြည့်ကြိုးစားနေရင်း ပြည်သူတွေနဲ့အတူ

အမြဲရပ်တည်နေကြောင်းကို ပြသလိုက်တာပဲ ဖြစ်ပါတယ်..။

တိုင်းကျော်ကတော့ လွတ်မြောက်ရေးနယ်မြေကိုရောက်ရှိနေရင်း တွေ့ဆုံခဲ့ရတဲ့ စစ်ကောင်စီရဲ့

တပ်ကနေ CDM လုပ်လာတဲ့ စစ်သားနှစ်ယောက်နဲ့အတူ သူတို့ရဲ့ ရည်ရွယ်ချက်တွေကို

ဖွင့်ဟပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှလာပါတယ်..။

ဗီဒီယိုထဲမှာတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိလာတဲ့ အကြောင်းအရင်းတွေကို အချင်းချင်းမေးမြန်းထားကြပြီး

လေးစားစရာ စိတ်ထားတွေနဲ့ ခိုင်မာပြတ်သားတဲ့ ယုံကြည်မှုတွေကို ပြန်လည်ပြောပြရင်း

အသက်စွန့်တိုက်ပွဲဝင် မယ့်အကြောင်းတွေကိုလည်း ပြောပြထားကြတာ တွေ့ရပါတယ်..။

“GZလေး၂ယောက်နဲ့ တော်လှန်ရေး အနုပညာ

ခလေး၂ ဦးသည် အမှန်တကယ် ( CDM )အစစ်များ ဖြစ်သည်..” ဆိုပြီးတိုင်းကျော်က ရေးသားပြောပြထားတာဖြစ်ပါတယ်..။

အရေးတော်ပုံကြီးမှာ ပြည်သူပရိသတ်တွေအတွက် စိတ်ခွန်အားတစ်ခုဖြစ်စေတဲ့ တိုင်းကျော်တို့ရဲ့

စွန့်လွှတ်စွန့်စားမှုတွေကလည်း တကယ်ကို ချီးကျူးစရာကောင်းတာမို့ ဗီဒီယိုလေးကြည့်ရင်း

အသက်စွန့်ကာကြိုးစား တျုက် ပွဲဝင် နေကြ တဲ့ GZတွေအတွက် ပြောချင်တာလေးတွေ ပြောသွားကြဖို့ မမေ့နဲ့နော်..။

သတင်းအရင်းမြစ်: Taingkyaw’s Fb Acc

zawgyi


















