News

ကုလတွင် မြန်မာအရေးလှုပ်ရှားမှု အာဆီယံနိုင်ငံထဲက ဘယ်နိုင်ငံက ဒလံလုပ်နေလဲ ?

ကုလတွင် မြန်မာအရေးလှုပ်ရှားမှု အာဆီယံနိုင်ငံထဲက ဘယ်နိုင်ငံက ဒလံလုပ်နေလဲ ?

ကုလသမဂ္ဂမှာ မြန်မာအရေးနဲ့ပတ်သက်ပြီး Liechtenstein နိုင်ငံက အဆိုပြုမူကြမ်းတစ်ခုကို

အခုလဆန်းပိုင်းက တင်သွင်းခဲ့ပါတယ်။ အဲဒီမှုကြမ်းနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှ

ာ မဲခွဲဆုံးဖြတ်ဖို့တစ်ရက်အလိုမှာဘဲ ရက်အကန့်အသတ်မရှိ ကုလသမဂ္ဂ (UN)က

ရွေ့ဆိုင်းလိုက်တယ်လို့နိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြခဲ့ကြပါတယ်။

ဘာကြောင့် ကုလသမဂ္ဂက ရက်ရွေ့ဆိုင်းလိုက်လဲဆိုတဲ့ အကြောင်းအရင်း အတိအကျကိုတော့

နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်မဖော်ပြနိုင်ခဲ့ကြပါဘူး။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ကုလသမဂ္ဂကိုတင်သွင်းတဲ့ Liechtenstein

နိုင်ငံက အဆိုပြုမူကြမ်းမှာ မြန်မာစစ်တပ်ကို လက်က်မရောင်းချဖို့တောင်းဆိုမှုတွေပါဝင်နေပါတယ်။

ဒီအချက်ကို အာဆီယံနိုင်ငံတွေအားလုံးက သဘောမတူဘူးဆိုတဲ့ သတင်းတွေလဲ နိုင်ငံတကာမီဒီယာတွေမှာဖော်ပြလာပါတယ်။

ဒါကြောင့် မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့တောင်းဆိုမှုတွေ ဖြုတ်ချပေးဖို့

အဆိုပြုမူကြမ်းတင်သွင်းထားတဲ့ နိုင်ငံကို အာဆီယံနိုင်ငံတစ်ချို့က ဖိအားပေးမှုတွေလည်းရှိနေပါတယ်။

ဒါကြောင့် မြန်မာအရေးမဲခွဲဆုံးဖြတ်မဲ့ ကုလသမဂ္ဂ (UNGA)အစည်းအဝေးကို

ရွေ့ဆိုင်းလိုက်ရတာလားဆိုတာ မေးခွန်းထုတ်စရာရှိနေပါတယ်။

မတ်လ ၃၀ရက်ဒီနေ့မှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Teddy Locsin Jr . က မြန်မာစစ်တပ်ကို လက်နက်ရောင်းချဖို့

တားမြစ်တဲ့ ကုလရဲ့ဆုံးဖြတ်ချက်ကို အာဆီယံကပိတ်ပင်တာမဟုတ်ဘူးလို့

၎င်းရဲ့ လူမှုကွန်ယက်မှာထုတ်ဖော်ရေးသားလာပါတယ်။

အာဆီယံကပိတ်ပင်တာကိုလည်း မိမိတို့ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန

အနေနဲ့လည်း မသိရှိရကြောင်း ပြောဆိုလာပြန်ပါတယ်။

အဲဒီလိုပါပဲ မြန်မာအရေးနဲ့ပတ်သက်ပြီး အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက

နိုင်ငံတော်သမ္မတ ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေလွှတ်ပေးဖို့တောင်းဆိုတဲ့

ဘုံသဘောတူညီချက်တစ်ချို့ပါဝင်လာခဲ့ခြင်းမရှိတာကြောင့် အာဆီယံနိုင်ငံတွေကြား ပဟေဠိဆန်ဆန်ဖြစ်လာခဲ့ကြပါတယ်။

လက်ရှိမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အလှည့်ကျ ဥက္ကဌ တာဝန်ကို ဘရူးနိုင်း

နိုင်ငံကတာဝန်ယူထားပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု အများဆုံး နိုင်ငံက စင်္ကာပူနိုင်ငံဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာနိုင်ငံတိုင်းနဲ့သက်ဆိုင်တဲ့ R2P အစီစဉ်ထည့်သွင်းရေးအတွက်

မဲခွဲဆုံးဖြတ်မှုမှာ ဘရူးနိုင်း နဲ့စင်္ကာပူကကြားနေခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံက မထောက်ခံခဲ့ပါဘူး ။

zawgyi

ကုလတြင္ ျမန္မာအေရးလႈပ္ရွားမႈ အာဆီယံႏိုင္ငံထဲက ဘယ္ႏိုင္ငံက ဒလံလုပ္ေနလဲ ?

ကုလသမဂၢမွာ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး Liechtenstein ႏိုင္ငံက အဆိုျပဳမူၾကမ္းတစ္ခုကို

အခုလဆန္းပိုင္းက တင္သြင္းခဲ့ပါတယ္။ အဲဒီမႈၾကမ္းနဲ႔ပတ္သက္ၿပီး ကုလသမဂၢအေထြေထြညီလာခံမွ

ာ မဲခြဲဆုံးျဖတ္ဖို႔တစ္ရက္အလိုမွာဘဲ ရက္အကန႔္အသတ္မရွိ ကုလသမဂၢ (UN)က

ေ႐ြ႕ဆိုင္းလိုက္တယ္လို႔ႏိုင္ငံတကာသတင္းမီဒီယာေတြမွာေဖာ္ျပခဲ့ၾကပါတယ္။

ဘာေၾကာင့္ ကုလသမဂၢက ရက္ေ႐ြ႕ဆိုင္းလိုက္လဲဆိုတဲ့ အေၾကာင္းအရင္း အတိအက်ကိုေတာ့

ႏိုင္ငံတကာသတင္းမီဒီယာေတြမွာ က်ယ္က်ယ္ျပန႔္ျပန႔္မေဖာ္ျပႏိုင္ခဲ့ၾကပါဘူး။

ၿပီးခဲ့တဲ့ ရက္ပိုင္းက ထြက္ေပၚလာခဲ့တဲ့ သတင္းေတြအရ ကုလသမဂၢကိုတင္သြင္းတဲ့ Liechtenstein

ႏိုင္ငံက အဆိုျပဳမူၾကမ္းမွာ ျမန္မာစစ္တပ္ကို လက္က္မေရာင္းခ်ဖို႔ေတာင္းဆိုမႈေတြပါဝင္ေနပါတယ္။

ဒီအခ်က္ကို အာဆီယံႏိုင္ငံေတြအားလုံးက သေဘာမတူဘူးဆိုတဲ့ သတင္းေတြလဲ ႏိုင္ငံတကာမီဒီယာေတြမွာေဖာ္ျပလာပါတယ္။

ဒါေၾကာင့္ ျမန္မာစစ္တပ္ကို လက္နက္မေရာင္းခ်ဖို႔ေတာင္းဆိုမႈေတြ ျဖဳတ္ခ်ေပးဖို႔

အဆိုျပဳမူၾကမ္းတင္သြင္းထားတဲ့ ႏိုင္ငံကို အာဆီယံႏိုင္ငံတစ္ခ်ိဳ႕က ဖိအားေပးမႈေတြလည္းရွိေနပါတယ္။

ဒါေၾကာင့္ ျမန္မာအေရးမဲခြဲဆုံးျဖတ္မဲ့ ကုလသမဂၢ (UNGA)အစည္းအေဝးကို

ေ႐ြ႕ဆိုင္းလိုက္ရတာလားဆိုတာ ေမးခြန္းထုတ္စရာရွိေနပါတယ္။

မတ္လ ၃၀ရက္ဒီေန႔မွာေတာ့ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ ဖိလစ္ပိုင္ႏိုင္ငံက

ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဝန္ႀကီး Teddy Locsin Jr . က ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်ဖို႔

တားျမစ္တဲ့ ကုလရဲ႕ဆုံးျဖတ္ခ်က္ကို အာဆီယံကပိတ္ပင္တာမဟုတ္ဘူးလို႔

၎ရဲ႕ လူမႈကြန္ယက္မွာထုတ္ေဖာ္ေရးသားလာပါတယ္။

အာဆီယံကပိတ္ပင္တာကိုလည္း မိမိတို႔ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးဌာန

အေနနဲ႔လည္း မသိရွိရေၾကာင္း ေျပာဆိုလာျပန္ပါတယ္။

အဲဒီလိုပါပဲ ျမန္မာအေရးနဲ႔ပတ္သက္ၿပီး အာဆီယံထိပ္သီးအစည္းအေဝးမွာ အာဆီယံေခါင္းေဆာင္ေတြက

ႏိုင္ငံေတာ္သမၼတ ၊ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဖမ္းဆီးခံထားရသူေတြလႊတ္ေပးဖို႔ေတာင္းဆိုတဲ့

ဘုံသေဘာတူညီခ်က္တစ္ခ်ိဳ႕ပါဝင္လာခဲ့ျခင္းမရွိတာေၾကာင့္ အာဆီယံႏိုင္ငံေတြၾကား ပေဟဠိဆန္ဆန္ျဖစ္လာခဲ့ၾကပါတယ္။

လက္ရွိမွာ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ အလွည့္က် ဥကၠဌ တာဝန္ကို ဘ႐ူးႏိုင္း

ႏိုင္ငံကတာဝန္ယူထားၿပီး ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇပ္ႏွံမႈ အမ်ားဆုံး ႏိုင္ငံက စကၤာပူႏိုင္ငံျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ကုလသမဂၢအေထြေထြညီလာခံမွာႏိုင္ငံတိုင္းနဲ႔သက္ဆိုင္တဲ့ R2P အစီစဥ္ထည့္သြင္းေရးအတြက္

မဲခြဲဆုံးျဖတ္မႈမွာ ဘ႐ူးႏိုင္း နဲ႔စကၤာပူကၾကားေနခဲ့ၿပီး အင္ဒိုနီးရွားႏိုင္ငံက မေထာက္ခံခဲ့ပါဘူး ။