News

ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ မဟုတ်

ျပည္သူလူထု မခံႏိုင္လို႔ လက္နက္ကိုင္ေတာ္လွန္လာတာကို စစ္ေကာင္စီထိန္းလို႔ရမွာ

ေမ၂၉ရက္

ျပည္သူလူထု မခံႏိုင္လို႔ လက္နက္ကိုင္ေတာ္လွန္လာတာကို

စစ္ေကာင္စီထိန္းလို႔ရမွာ မဟုတ္ဘူးလို႔ဆိုပါတယ္။

ေမလ၂၉ရက္မွာ သယံဇာတနဲ႔သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး

ေဒါက္တာတူးေခါင္က လူမႈကြန္ရက္မွာေရးသားေျပာၾကားခဲ့ပါတယ္။

“၂၁ ရာစုမွာ ျပည္သူ႔တရားစီရင္ေရး ဆိုတာ လူေျပာသူေျပာမ်ားလာတာ ျဖစ္ပါတယ္။

ျပည္သူလူထု မခံႏိုင္လို႔ လက္နက္ကိုင္ေတာ္လွန္လာတာကို စစ္ေကာင္စီထိန္းလို႔ရမွာ

မဟုတ္သလို၊ ဘယ္ႏိုင္ငံမွလည္း ဝင္ထိန္းေပးလို႔ရမွာ မဟုတ္ပါဘူး။ အဆုံးစြန္ဆုံး ေျပာရရင္

NUG လည္း ထိန္းလို႔ရမွာမဟုတ္ပါဘူး။ အခုတေလာ ျဖစ္ေပၚေနတဲ့ ဥပေဒမဲ့ လူသတ္မႈမွန္သမွ်ဟာ

NUG ဝန္ႀကီးအဖြဲ႕ဝင္မ်ား ေစခိုင္းခ်က္နဲ႔ လုပ္တာ တစ္ခုမွ မပါဘူး (မဟုတ္ဘူး) ဆိုတာေတာ့ အာမခံပါတယ္။

ျပည္သူမ်ား မလုံမၿခဳံခံစားလာရၿပီး အားကိုးရွာလာေအာင္ လွည့္ကြက္ဖန္တီးတာလည္း ျဖစ္ႏိုင္ပါတယ္”လို႔ဆိုပါတယ္။

လက္ရွိမွာ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားအသီးသီး ဖြဲ႕စည္းၿပီးျဖစ္ပါတယ္။

ေဖေဖာ္ဝါရီ၁ရက္ေန႔ စစ္အာဏာသိမ္းမႈမွာ တရားမဝင္မႈမ်ားစြာလုပ္ေဆာင္ခဲ့ပါတယ္။

“ျမန္မာျပည္မွာ ေတာေရာ ၿမိဳ႕ပါမက်န္ ျပည္သူတရပ္လုံးကို ေႏြးေထြးလုံၿခဳံမႈေပးႏိုင္ေသာ အစိုးရ

တရပ္ အမွန္တကယ္ လိုအပ္ေနၿပီ ျဖစ္တယ္။ ဒီလို အစိုးရကို ခိုင္မာေစဖို႔ ဥပေဒေအာက္

တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္ရွိတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ တစ္ခု ရွိလာဖို႔ ဆိုရင္

လက္ရွိ ရွိေနေသာ စစ္ေကာင္စီလက္ေဝခံ စစ္တပ္ကို အစားထိုးမယ့္ professional

စစ္တပ္တစ္ခုရွိဖို႔ လိုအပ္ပါတယ္။ ဒါကို လုံၿခဳံေရး ရႈေထာင့္မွၾကည့္ရင္လဲ လိုအပ္ခ်က္တရပ္

ျဖစ္ပါတယ္။ ျပည္သူ႔အစိုးရ ရဲ႕ အမိန႔္နာခံတဲ့ စစ္တပ္ အျဖစ္ ေျပာင္းလဲ

ဖြဲ႕စည္းရမွာပါ”လို႔ ဝန္ႀကီး ေဒါက္တာတူးေခါင္ကဆိုထားပါတယ္။

unicode

ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ

မေ၂၉ရက်

ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို

စစ်ကောင်စီထိန်းလို့ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

မေလ၂၉ရက်မှာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး

ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှာရေးသားပြောကြားခဲ့ပါတယ်။

“၂၁ ရာစုမှာ ပြည်သူ့တရားစီရင်ရေး ဆိုတာ လူပြောသူပြောများလာတာ ဖြစ်ပါတယ်။

ပြည်သူလူထု မခံနိုင်လို့ လက်နက်ကိုင်တော်လှန်လာတာကို စစ်ကောင်စီထိန်းလို့ရမှာ

မဟုတ်သလို၊ ဘယ်နိုင်ငံမှလည်း ဝင်ထိန်းပေးလို့ရမှာ မဟုတ်ပါဘူး။ အဆုံးစွန်ဆုံး ပြောရရင်

NUG လည်း ထိန်းလို့ရမှာမဟုတ်ပါဘူး။ အခုတလော ဖြစ်ပေါ်နေတဲ့ ဥပဒေမဲ့ လူသတ်မှုမှန်သမျှဟာ

NUG ဝန်ကြီးအဖွဲ့ဝင်များ စေခိုင်းချက်နဲ့ လုပ်တာ တစ်ခုမှ မပါဘူး (မဟုတ်ဘူး) ဆိုတာတော့ အာမခံပါတယ်။

ပြည်သူများ မလုံမခြုံခံစားလာရပြီး အားကိုးရှာလာအောင် လှည့်ကွက်ဖန်တီးတာလည်း ဖြစ်နိုင်ပါတယ်”လို့ဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအသီးသီး ဖွဲ့စည်းပြီးဖြစ်ပါတယ်။

ဖေဖော်ဝါရီ၁ရက်နေ့ စစ်အာဏာသိမ်းမှုမှာ တရားမဝင်မှုများစွာလုပ်ဆောင်ခဲ့ပါတယ်။

“မြန်မာပြည်မှာ တောရော မြို့ပါမကျန် ပြည်သူတရပ်လုံးကို နွေးထွေးလုံခြုံမှုပေးနိုင်သော အစိုးရ

တရပ် အမှန်တကယ် လိုအပ်နေပြီ ဖြစ်တယ်။ ဒီလို အစိုးရကို ခိုင်မာစေဖို့ ဥပဒေအောက်

တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ် တစ်ခု ရှိလာဖို့ ဆိုရင်

လက်ရှိ ရှိနေသော စစ်ကောင်စီလက်ဝေခံ စစ်တပ်ကို အစားထိုးမယ့် professional

စစ်တပ်တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ဒါကို လုံခြုံရေး ရှုထောင့်မှကြည့်ရင်လဲ လိုအပ်ချက်တရပ်

ဖြစ်ပါတယ်။ ပြည်သူ့အစိုးရ ရဲ့ အမိန့်နာခံတဲ့ စစ်တပ် အဖြစ် ပြောင်းလဲ

ဖွဲ့စည်းရမှာပါ”လို့ ဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုထားပါတယ်။