News

တောင်ကိုရီးယားကမြန်မာအဖွဲ့အစည်းများနှင့် (၈၈)မျိုးဆက်ခေါင်းဆောင်များ အွန်လိုင်းအစည်းအဝေးကျင်းပ

တောင်ကိုရီးယားကမြန်မာအဖွဲ့အစည်းများနှင့်(၈၈)မျိုးဆက်ခေါင်းဆောင်များ

အွန်လိုင်းအစည်းအဝေးကျင်းပမေ၂၈ရက်

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)မှ စီစဉ်သောတောင်ကိုရီးယားက မြန်မာအဖွဲ့အစည်းများနှင့်

(၈၈)မျိုးဆက်ခေါင်းဆောင်များ၏ အွန်လိုင်းအစည်းအဝေးအားမေလ (၂၇)ရက်နေ့ ကြာသပတေးနေ့

ကိုရီးယားစံတော်ချိန် ည၉နာရီတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် (၈၈)မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ဦးဂျင်မီ

၊ဦးမောင်မောင်ဝမ်း တို့နှင့် တောင်ကိုရီးယားက

မြန်မာအဖွဲ့အစည်း(၂၂)ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်ကာ

အနာဂတ်ကာလ မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်ကြရမည့်

အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေးခဲ့ကြသည်။

zawgyi









