Celebrities International News

NUGကို အသိအမှတ်ပြုပေးဖို့ ကိုရီးယား တရားရေးဝန်ကြီးအား တောင်းဆို

NUGကို အသိအမှတ်ပြုပေးဖို့ ကိုရီးယားတရားရေးဝန်ကြီးအားတောင်းဆို

မေလ ၂၈ မနက်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၏ တရားရေးဝန်ကြီး

ဘဘောင်ဂဲ့နှင့် အဖွဲ့သည် အင်ချွန်း ဘူဖြောင်းရှိ မြန်မာဆိုင်များနှင့် ဘုန်းကြီးကျောင်းသို့

လာရောက်လေ့လာကာ Maskများ လှူဒါန်းခြင်းနှင့် ကိုဗစ်ကာကွယ်ရေး

လမ်းညွှန် လက်ကမ်းစာစောင်များ ဝေငှခဲ့ကြသည်။

ထို့နောက် အင်ချွန်း ဘူဖြောင်း အုပ်ချုပ်ရေးရုံးတွင် ကိုဗစ်19ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက်

ကွင်းဆင်းလေ့လာ ဆွေးနွေးပွဲအား ဆက်လက် ကျင်းပ ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)မှ တာဝန်ရှိသူနှင့် မြန်မာနိုင်ငံသားများ တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် တရားရေးဝန်ကြီးက မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအား ထောက်ခံကြောင်း၊

မြန်မာပြည် ငြိမ်းချမ်းရေးပြန်လည်ရရှိရေး အထူး မျှော်လင့်ကြောင်း၊ တရားရေးဝန်ကြီးဌာနသည်

မတ်လ၁၅ရက်နေ့က ကိုရီးယားရှိ မြန်မာများအတွက် အထူးနေထိုင်ခွင့်အား ခွင့်ပြုပေးခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

အထူးနေထိုင်ခွင့်ဟူသည် မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေများကြောင့် ကိုရီးယားတွင်

ဗီစာမဲ့နေထိုင်သည့်မြန်မာများအား အတင်းအကြပ် ပြန်မပို့ခြင်း၊

ဆက်လက်နေထိုင်လိုသူများအတွက် နေထိုင်ခွင့် သက်တမ်းတိုးပေးခြင်းတို့ ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်လာကြသည့် မြန်မာများကလည်း အကြမ်းဖက် အာဏာသိမ်းစစ်တပ်၏

အပြုအမူများသည် ခွင့်လွှတ်နိုင်စရာ မရှိကြောင်း၊ ကိုရီးယားအစိုးရအနေဖြင့် မြန်မာNUGအစိုးရအား

တရားဝင်မြန်မာအစိုးရ အဖြစ် အသိအမှတ် ပြုစေလိုကြောင်း၊ အကြမ်းဖက်စစ်တပ်ဒဏ်ကြောင့်

ဒုက္ခရောက်နေကြသည့် မြန်မာပြည်သူများအား လူသားချင်းစာနာသည့် အကူအညီများ ပေးစေလိုကြောင်းနှင့်

ကိုရီးယားရောက်မြန်မာများ၏ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများအား စုံလင်စွာ ရှင်းလင်းပြောပြခဲ့သည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခက်အခဲများအား ထိရောက်စွာ ဖြေရှင်းနိုင်ရန်

ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဌာနနှင့် မြန်မာအဖွဲ့အစည်းများ အကြား ဆက်သွယ်နိုင်မည့်

ကွန်ရက်တစ်ခု ထားရှိပေးရန် တင်ပြခဲ့ရာ ဝန်ကြီးမှ အဆိုပါအကြံပြုချက်အား အကောင်အထည်ဖော်ရန်

တာဝန်ရှိသူများအား ချက်ချင်း တာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးမှလည်း နိုင်ငံခြားသား မည်သူမဆို ဗီစာရှိဖို့ မလိုပဲ အခမဲ့ ကိုဗစ်စစ်ဆေးနိုင်တာကြောင့်

ကိုရီးယားအနှံ့ရှိ မြန်မာနိုင်ငံသားများအား ကိုဗစ်စစ်ဆေးကြဖို့ နှိုးဆော်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

သတင်း။ စိုးမိုးသူ

zawgyi

NUGကို အသိအမွတ္ျပဳေပးဖို႔ ကိုရီးယားတရားေရးဝန္ႀကီးအားေတာင္းဆို

ေမလ ၂၈ မနက္ပိုင္းတြင္ ေတာင္ကိုရီးယားႏိုင္ငံ၏ တရားေရးဝန္ႀကီး

ဘေဘာင္ဂဲ့ႏွင့္ အဖြဲ႕သည္ အင္ခြၽန္း ဘူေျဖာင္းရွိ ျမန္မာဆိုင္မ်ားႏွင့္ ဘုန္းႀကီးေက်ာင္းသို႔

လာေရာက္ေလ့လာကာ Maskမ်ား လႉဒါန္းျခင္းႏွင့္ ကိုဗစ္ကာကြယ္ေရး

လမ္းၫႊန္ လက္ကမ္းစာေစာင္မ်ား ေဝငွခဲ့ၾကသည္။

ထို႔ေနာက္ အင္ခြၽန္း ဘူေျဖာင္း အုပ္ခ်ဳပ္ေရး႐ုံးတြင္ ကိုဗစ္19ကူးစက္ျပန႔္ပြားမႈ ကာကြယ္ေရးအတြက္

ကြင္းဆင္းေလ့လာ ေဆြးေႏြးပြဲအား ဆက္လက္ က်င္းပ ျပဳလုပ္ခဲ့ရာ ေဆြးေႏြးပြဲသို႔

စစ္အာဏာသိမ္းမႈဆန႔္က်င္ေရးေကာ္မတီ (ကိုရီးယား)မွ တာဝန္ရွိသူႏွင့္ ျမန္မာႏိုင္ငံသားမ်ား တက္ေရာက္ ခဲ့ၾကသည္။

ေဆြးေႏြးပြဲတြင္ တရားေရးဝန္ႀကီးက ျမန္မာ့ဒီမိုကေရစီျပန္လည္ရရွိေရးအား ေထာက္ခံေၾကာင္း၊

ျမန္မာျပည္ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိေရး အထူး ေမွ်ာ္လင့္ေၾကာင္း၊ တရားေရးဝန္ႀကီးဌာနသည္

မတ္လ၁၅ရက္ေန႔က ကိုရီးယားရွိ ျမန္မာမ်ားအတြက္ အထူးေနထိုင္ခြင့္အား ခြင့္ျပဳေပးခဲ့ေၾကာင္း ရွင္းလင္းေျပာဆိုခဲ့သည္။

အထူးေနထိုင္ခြင့္ဟူသည္ ျမန္မာျပည္တြင္း ႏိုင္ငံေရးအေျခအေနမ်ားေၾကာင့္ ကိုရီးယားတြင္

ဗီစာမဲ့ေနထိုင္သည့္ျမန္မာမ်ားအား အတင္းအၾကပ္ ျပန္မပို႔ျခင္း၊

ဆက္လက္ေနထိုင္လိုသူမ်ားအတြက္ ေနထိုင္ခြင့္ သက္တမ္းတိုးေပးျခင္းတို႔ ျဖစ္သည္။

ေဆြးေႏြးပြဲတက္ေရာက္လာၾကသည့္ ျမန္မာမ်ားကလည္း အၾကမ္းဖက္ အာဏာသိမ္းစစ္တပ္၏

အျပဳအမူမ်ားသည္ ခြင့္လႊတ္ႏိုင္စရာ မရွိေၾကာင္း၊ ကိုရီးယားအစိုးရအေနျဖင့္ ျမန္မာNUGအစိုးရအား

တရားဝင္ျမန္မာအစိုးရ အျဖစ္ အသိအမွတ္ ျပဳေစလိုေၾကာင္း၊ အၾကမ္းဖက္စစ္တပ္ဒဏ္ေၾကာင့္

ဒုကၡေရာက္ေနၾကသည့္ ျမန္မာျပည္သူမ်ားအား လူသားခ်င္းစာနာသည့္ အကူအညီမ်ား ေပးေစလိုေၾကာင္းႏွင့္

ကိုရီးယားေရာက္ျမန္မာမ်ား၏ ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားမႈမ်ားအား စုံလင္စြာ ရွင္းလင္းေျပာျပခဲ့သည္။

ထို႔ျပင္ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ အခက္အခဲမ်ားအား ထိေရာက္စြာ ေျဖရွင္းႏိုင္ရန္

ကိုရီးယားလူဝင္မႈႀကီးၾကပ္ေရးဌာနႏွင့္ ျမန္မာအဖြဲ႕အစည္းမ်ား အၾကား ဆက္သြယ္ႏိုင္မည့္

ကြန္ရက္တစ္ခု ထားရွိေပးရန္ တင္ျပခဲ့ရာ ဝန္ႀကီးမွ အဆိုပါအႀကံျပဳခ်က္အား အေကာင္အထည္ေဖာ္ရန္

တာဝန္ရွိသူမ်ားအား ခ်က္ခ်င္း တာဝန္ေပးခဲ့ေၾကာင္း သိရွိရသည္။

ဝန္ႀကီးမွလည္း ႏိုင္ငံျခားသား မည္သူမဆို ဗီစာရွိဖို႔ မလိုပဲ အခမဲ့ ကိုဗစ္စစ္ေဆးႏိုင္တာေၾကာင့္

ကိုရီးယားအႏွံ႔ရွိ ျမန္မာႏိုင္ငံသားမ်ားအား ကိုဗစ္စစ္ေဆးၾကဖို႔ ႏႈိးေဆာ္ေပးရန္ တိုက္တြန္းေျပာၾကားခဲ့ပါသည္။

သတင္း။ စိုးမိုးသူ