News

“ ကုလသမဂၢမွ ျမန္မာကိုယ္စားလွယ္သံအမတ္၂ ဦးထဲမွ တစ္ဦးကိုေရြးခ်ယ္ရေတာ့မည္ ”

“ ကုလသမဂၢမွ ျမန္မာကိုယ္စားလွယ္သံအမတ္၂ ဦးထဲမွ တစ္ဦးကိုေရြးခ်ယ္ရေတာ့မည္ ”

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ေနရာအတြက္ စစ္ေကာင္စီက ဝါရွင္တန္သံ႐ုံးက စစ္သံမွဴး

ဗိုလ္မွဴးႀကီး ေအာင္သူရိန္ကို ခန္႔အပ္လိုက္ပါတယ္။ လက္ရွိသံအမတ္ႀကီး

တာ၀န္ယူထားတဲ့ ဦးေက်ာ္မိုးထြန္း ေနရာမွာ အစားထိုးမယ့္ အစီအစဥ္ကို

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္႐ုံးကို အေၾကာင္းၾကားထားတယ္လို႔လည္း ဝါရွင္တန္ ျမန္မာသံ႐ုံးက

သံအမတ္ႀကီး ဦးေအာင္လင္းက RFA ကို အဂၤါေန႔က ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“အဲဒါ ဟုတ္ပါတယ္။ ဒီဟာကို အစိုးရက ကုလသမဂၢဌာနခ်ဳပ္က အတြင္းေရးမႈးခ်ဳပ္ဆီ

စာပို႔ထားပါတယ္။ ကုလသမဂၢဘက္က သူတို႔ ဆုံးျဖတ္မွာပါ။ ကုလသမဂၢမွာ

Credential Committee ဆိုတာ ရွိပါတယ္။ သူတို႔က ဆုံးျဖတ္မွာပါ။”

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီးအျဖစ္ လက္ရွိတာ၀န္ယူထားတဲ့ ဦးေက်ာ္မိုးထြန္းကေတာ့

စစ္ေကာင္စီက အာဏာသိမ္း ဖယ္ရွားလိုက္တဲ့ အစိုးရကိုသာ ဆက္လက္ ကိုယ္စားျပဳမွာျဖစ္ေၾကာင္း ေျပာဆိုထားတာပါ။

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ေနရာမွာ အစားထိုးဖို႔ စစ္ေကာင္စီရဲ႕ ႀကိဳးပမ္းမႈဟာ ကုလသမဂၢက

သံတမန္ေတြကို အသိအမွတ္ျပဳလက္ခံရတဲ့ Credential Committee မွာ

အေခ်အတင္ အျငင္းပြားစရာေတြလည္း ၾကံဳရႏိုင္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တဲ့ လုပ္ရပ္ကို ဆန္႔က်င္တဲ့ အေနနဲ႔

အေမရိကန္ ျပည္ေထာင္စု အပါအ၀င္ ႏိုင္ငံတကာေရာက္ ျမန္မာသံတမန္ ၀န္ထမ္းတခ်ဳိ႕

အာဏာဖီဆန္ေရး လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါ၀င္ခဲ့ၾကရာက စစ္ေကာင္စီက တာ၀န္က ရပ္စဲတာ ခံခဲ့ၾကရသူေတြလည္း ရွိပါတယ္။

#myanmar #un #kyawmoehtun #voaburmese

zawgyi

“ ကုလသမဂ္ဂမှ မြန်မာကိုယ်စားလှယ်သံအမတ်၂ ဦးထဲမှ တစ်ဦးကိုရွေးချယ်ရတော့မည် ”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာအတွက် စစ်ကောင်စီက ဝါရှင်တန်သံရုံးက

စစ်သံမှူး ဗိုလ်မှူးကြီး အောင်သူရိန်ကို ခန့်အပ်လိုက်ပါတယ်။ လက်ရှိသံအမတ်ကြီး

တာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်း နေရာမှာ အစားထိုးမယ့် အစီအစဉ်ကို

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကို အကြောင်းကြားထားတယ်လို့လည်း ဝါရှင်တန် မြန်မာသံရုံးက

သံအမတ်ကြီး ဦးအောင်လင်းက RFA ကို အင်္ဂါနေ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“အဲဒါ ဟုတ်ပါတယ်။ ဒီဟာကို အစိုးရက ကုလသမဂ္ဂဌာနချုပ်က အတွင်းရေးမှုးချုပ်ဆီ

စာပို့ထားပါတယ်။ ကုလသမဂ္ဂဘက်က သူတို့ ဆုံးဖြတ်မှာပါ။ ကုလသမဂ္ဂမှာ

Credential Committee ဆိုတာ ရှိပါတယ်။ သူတို့က ဆုံးဖြတ်မှာပါ။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိတာဝန်ယူထားတဲ့ ဦးကျော်မိုးထွန်းကတော့

စစ်ကောင်စီက အာဏာသိမ်း ဖယ်ရှားလိုက်တဲ့ အစိုးရကိုသာ ဆက်လက် ကိုယ်စားပြုမှာဖြစ်ကြောင်း ပြောဆိုထားတာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း နေရာမှာ အစားထိုးဖို့ စစ်ကောင်စီရဲ့ ကြိုးပမ်းမှုဟာ

ကုလသမဂ္ဂက သံတမန်တွေကို အသိအမှတ်ပြုလက်ခံရတဲ့ Credential Committee

မှာ အချေအတင် အငြင်းပွားစရာတွေလည်း ကြုံရနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ လုပ်ရပ်ကို

ဆန့်ကျင်တဲ့ အနေနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင်ငံတကာရောက် မြန်မာသံတမန်

ဝန်ထမ်းတချို့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ခဲ့ကြရာက

စစ်ကောင်စီက တာဝန်က ရပ်စဲတာ ခံခဲ့ကြရသူတွေလည်း ရှိပါတယ်။

#myanmar #un #kyawmoehtun #voaburmese