News

ဒီေမာ့ဆိုၿမိဳ႕က ရပ္ကြက္ေတြထဲမွာ ပိတ္မိေနတဲ့ျပည္သူေတြကို ကယ္ဆယ္ဖို႔သြားရင္း တိုက္ပြဲေတြၾကားမွာ က်ဆုံးခဲ့ရတဲ့ ျပည္သူ႔သူရဲေကာင္းသုံးဦး

ဒီေမာ့ဆိုၿမိဳ႕က ရပ္ကြက္ေတြထဲမွာ ပိတ္မိေနတဲ့ျပည္သူေတြကို ကယ္ဆယ္ဖို႔သြားရင္း

တိုက္ပြဲေတြၾကားမွာ က်ဆုံးခဲ့ရတဲ့ ျပည္သူ႔သူရဲေကာင္းသုံးဦး

စစ္မွန္တဲ့သူရဲေကာင္းဆိုတာ ကိုယ္က်ိဳးထက္အမ်ားအက်ိဳးကိုပဲၾကည့္တတ္သူမ်ိဳးပါ။ စစ္ေကာင္စီ

လက္ႏွက္ကိုင္ေတြနဲ႔ ယုံၾကည္ရာအတြက္ လက္ႏွက္ကိုင္ေနၾကသူေတြဟာ ေနရာအႏွံ႔အျပားမွာ

တိုက္ပြဲေတြ ျဖစ္ေနခဲ့ၿပီး အထိအခိုက္ အက်အဆုံးေတြလည္း အျပန္အလွန္ရွိၾကပါတယ္။

ဒီေန႔မွာလည္း တိုက္ပြဲျဖစ္ပြား ေနတဲ့ ဒီေမာ့ဆိုၿမိဳ႕က ရပ္ကြက္အခ်ိဳ႕မွာ ပိတ္မိေနတဲ့ျပည္သူေတြကို

ကူညီကယ္ထုတ္ဖို႔သြားရင္း ေျမာင္းေအာက္ရပ္ကြက္ရွိ တံတားအနီးမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ထိပ္တိုက္ေတြ႕ ၿပီး

တိုက္ပြဲျဖစ္ပြားခဲ့စဥ္ ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ ဝင္ ႏွစ္ဦးနဲ႔ Free Burma Ranger

အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ ေအာလိုစိန္ တို႔ဟာ တိုက္ပြဲမွာ က်ဆုံးခဲ့ရပါတယ္

အမ်ားအက်ိဳးအတြက္ အသက္ကိုစြန႔္ရဲတဲ့အထိ စိတ္ထားျမင့္ျမတ္တဲ့ သူရဲေကာင္းေတြကို ျပည္သူေတြက

အၿမဲတမ္းအမွတ္ရေနမွာပါ။ က်ဆုံးသြားခဲ့တဲ့ Ranger တစ္ဦးျဖစ္တဲ့ ေအာလိုစိန္ Olsan ဟာ စစ္ေဘးသင့္

ျပည္သူမ်ားကို ကူညီကယ္ဆယ္ရာတြင္သာမက ထိုးစစ္ဆင္လာေသာ စစ္ေကာင္စီတပ္ေတြကို

ခုခံတိုက္ခိုက္ရာမွာလည္းေကာင္း တက္တက္ႂကြႂကြ ပါဝင္ခဲ့သူ ျဖစ္ပါတယ္။

ဒီလိုအဖိုးတန္လူသားတို႔ရဲ႕ အသက္ေတြဆုံးရႈံးခဲ့ရတာ ဘာနဲ႔မွအစားထိုးမရႏိုင္ ေအာင္ပါပဲ။ က်န္ရစ္ခဲ့တဲ့

အဖြဲ႕ဝင္ေတြ၊ မိသားစုဝင္ေတြနဲ႔ ထပ္တူ ျပည္သူေတြလည္း ဝမ္းနည္းပူေဆြးရပါတယ္။

ဒီမိုကေရစီတိုက္ပြဲမွာ က်ရႈံးခဲ့ရတဲ့ ျပည္သူ႔သူရဲေကာင္းတစ္ဦးခ်င္းစီတိုင္းကို ျပည္သူေတြဟာ ရင္ထဲအသည္းထဲကေန

စြဲေနေအာင္မွတ္သားထားၿပီး အၿမဲတမ္းေက်းဇူးတင္ဦးၫႊတ္ေနမွာပါ။ ဒုကၡေရာက္ေနတဲ့ျပည္သူေတြကို

ကူညီကယ္တင္ဖို႔ ကိုယ့္အသက္ကိုေတာင္ ပဓာနမထားဘဲ

႐ြပ္႐ြပ္ခြၽံခြၽံ တိုက္ပြဲဝင္ေပးခဲ့တဲ့ ျပည့္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ႏွစ္ဦးႏွင့္ ေအာလိုစိန္တို႔လို သူရဲေကာင္းေတြဟာ

ေလးစားဂုဏ္ျပဳထိုက္သူေတြပါ။ ေကာင္းရာမြန္ရာဘုံဘဝကိုေရာက္ရွိၿပီး စစ္ေဘးကင္းေဝးတဲ့ တိုင္းျပည္မွာ

ေအးခ်မ္းတဲ့ဘဝေတြကို ျပန္လည္ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးပါတယ္။

unicode

ဒီမော့ဆိုမြို့က ရပ်ကွက်တွေထဲမှာ ပိတ်မိနေတဲ့ပြည်သူတွေကို ကယ်ဆယ်ဖို့သွားရင်း

တိုက်ပွဲတွေကြားမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းသုံးဦး

စစ်မှန်တဲ့သူရဲကောင်းဆိုတာ ကိုယ်ကျိုးထက်အများအကျိုးကိုပဲကြည့်တတ်သူမျိုးပါ။ စစ်ကောင်စီ

လက်နှက်ကိုင်တွေနဲ့ ယုံကြည်ရာအတွက် လက်နှက်ကိုင်နေကြသူတွေဟာ နေရာအနှံ့အပြားမှာ

တိုက်ပွဲတွေ ဖြစ်နေခဲ့ပြီး အထိအခိုက် အကျအဆုံးတွေလည်း အပြန်အလှန်ရှိကြပါတယ်။

ဒီနေ့မှာလည်း တိုက်ပွဲဖြစ်ပွား နေတဲ့ ဒီမော့ဆိုမြို့က ရပ်ကွက်အချို့မှာ ပိတ်မိနေတဲ့ပြည်သူတွေကို

ကူညီကယ်ထုတ်ဖို့သွားရင်း မြောင်းအောက်ရပ်ကွက်ရှိ တံတားအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ထိပ်တိုက်တွေ့ ပြီး

တိုက်ပွဲဖြစ်ပွားခဲ့စဉ် ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် နှစ်ဦးနဲ့ Free Burma Ranger

အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ အောလိုစိန် တို့ဟာ တိုက်ပွဲမှာ ကျဆုံးခဲ့ရပါတယ်

အများအကျိုးအတွက် အသက်ကိုစွန့်ရဲတဲ့အထိ စိတ်ထားမြင့်မြတ်တဲ့ သူရဲကောင်းတွေကို ပြည်သူတွေက

အမြဲတမ်းအမှတ်ရနေမှာပါ။ ကျဆုံးသွားခဲ့တဲ့ Ranger တစ်ဦးဖြစ်တဲ့ အောလိုစိန် Olsan ဟာ စစ်ဘေးသင့်

ပြည်သူများကို ကူညီကယ်ဆယ်ရာတွင်သာမက ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်တွေကို

ခုခံတိုက်ခိုက်ရာမှာလည်းကောင်း တက်တက်ကြွကြွ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဒီလိုအဖိုးတန်လူသားတို့ရဲ့ အသက်တွေဆုံးရှုံးခဲ့ရတာ ဘာနဲ့မှအစားထိုးမရနိုင် အောင်ပါပဲ။ ကျန်ရစ်ခဲ့တဲ့

အဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေနဲ့ ထပ်တူ ပြည်သူတွေလည်း ဝမ်းနည်းပူဆွေးရပါတယ်။

ဒီမိုကရေစီတိုက်ပွဲမှာ ကျရှုံးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းတစ်ဦးချင်းစီတိုင်းကို ပြည်သူတွေဟာ ရင်ထဲအသည်းထဲကနေ

စွဲနေအောင်မှတ်သားထားပြီး အမြဲတမ်းကျေးဇူးတင်ဦးညွှတ်နေမှာပါ။ ဒုက္ခရောက်နေတဲ့ပြည်သူတွေကို

ကူညီကယ်တင်ဖို့ ကိုယ့်အသက်ကိုတောင် ပဓာနမထားဘဲ

ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပေးခဲ့တဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးနှင့် အောလိုစိန်တို့လို သူရဲကောင်းတွေဟာ

လေးစားဂုဏ်ပြုထိုက်သူတွေပါ။ ကောင်းရာမွန်ရာဘုံဘဝကိုရောက်ရှိပြီး စစ်ဘေးကင်းဝေးတဲ့ တိုင်းပြည်မှာ

အေးချမ်းတဲ့ဘဝတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။