International News
“အမျိုးသမီးဝတ် အတွင်းခံအနံ့ကို ကြိုက်လို့ အတွင်းခံများ ခိုးယူမှုဖြင့် ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသား”
UNICODE
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အသက် ၂၅ နှစ်အရွယ် Fang အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ
အမျိုးသမီးအတွင်းခံများခိုးယူမှုဖြင့် ဖမ်းဆီးခံခဲ့ရပါတယ်။ချင်းမိုင်ဟိုတယ်မှ
အသက်၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးထံမှ သူမရဲ့ခရီးဆောင်လက်ဆွဲသေတ္တ
ခိုးယူခံရကြောင်းသတင်းရရှိပြီးနောက် ရဲများက စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပါတယ်။
အရာရှိများက စောင့်ကြည့်ကင်မရာကို ပြန်လည်သုံးသပ်ပြီးနောက် Fang ကို တွေ့ရှိသွားခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က Fang ရဲ့တိုက်ခန်းကိုရှာဖွေပြီးနောက် သူ့ရဲ့တိုက်ခန်းမှာ အမျိုးသမီးများရဲ့
အတွင်းခံအဝတ်အစားရာပေါင်းများစွာနှင့်အတူ ပျောက်ဆုံးနေတဲ့ခရီးဆောင်လက်ဆွဲသေတ္တာကို တွေ့ရှိခဲ့ရပါတယ်။
Fang က သူဟာအမျိုးသမီးများရဲ့အတွင်းခံအဝတ်အစားရာပေါင်းများစွာကို
၂ နှစ်ကြာခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ထို့နောက် ရဲများက အမျိုးသမီးအတွင်းခံ
အဝတ်အစားခိုးယူမှုအတွက် Fang ကို ဖမ်းဆီးခဲ့ကြပါတယ်။“ အမျိုးသမီးတွေရဲ့အတွင်းခံအဝတ်တွေရဲ့
အနံ့က ငါ့ကိုပျော်ရွှင်စေတယ်” လို့ Fang က ဆိုခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ဧပြီလတုန်းက
ချင်းမိုင်မြို့မှာဘဲ ရဲများက delivery သမားတစ်ယောက်ကို ပစ္စည်းပို့ရင်း အမျိုးသမီးတွေရဲ့
အတွင်းခံအဝတ်တွေကို ခိုးယူတဲ့အမှုဖြင့် ဖမ်းဆီးခဲ့ကြသလို၂၀၂၀ ဇန်နဝါရီလတုန်းကလည်း
ဘန်ကောက်မြို့ Don Muang ခရိုင်မှာ အမျိုးသမီးအတွင်းခံအစုံပေါင်း ၁,၄၀၀ ကျော် ခိုးယူမှုဖြင့်
အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြပါသေးတယ်။ထို့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလကလည်း ရဲများက
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဘန်ကောက်အနောက်ဘက်ရှိ Ratchaburi မြို့မှာ
အမျိုးသားတစ်ဦးရဲ့အိမ်ထဲမှာလည်း အမျိုးသမီးအတွင်းခံ အစုံပေါင်း ၇၀ ကျော်တွေ့ခဲ့ကြပါသေးတယ်။