Celebrities

ရန္ကုန္ၿမိဳ႕ ATM စက္ေတြေရွ႕ကုိယ့္ပုိက္ဆံနဲ႔ကိုယ္ မိုးထဲေလထဲ ဒုကၡေရာက္ေနၾကတဲ့ျပည္သူေတြကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္ေနတဲ့ မိတ္ကပ္ေမဦး

ငွေကြေးရှားပါးမှုပြဿနာဟာ ပြည်သူတိုင်းရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုပါပဲ။ မြန်မာငွေအချင်းချင်းကို

ရာခိုင်နှုန်းတွေပေးပြီး လဲရလိမ့်မယ်လို့ မြန်မာပြည်သူတွေ ဘယ်တုန်းကမှတွေးတင်မိမှာမဟုတ်ပါဘူး။

ဒီနေ့ဒီအချိန်မှာတော့ မထင်ထားတာတွေချည်းပဲ ဖြစ်လာခဲ့တာမို့ ဖြစ်လာတဲ့အခြေအနေပေါ်မှာပဲ

အကောင်းဆုံးရင်ဆိုင်နေကြရပါတယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ငွေကြေးတွေကို ထုတ်ယူဖို့အတွက်

ပြည်သူတွေဟာ နေပူမရှောင် မိုးရွာမရှောင် ဘဏ်ရှေ့မှာ နာရီပေါင်းများစွာ ရပ်စောင့်ပြီး

ဒုက္ခခံနေကြရပါတယ်။ ဒီအပေါ်မှာ ပြည်သူအချင်းချင်းကူညီပေးရမယ့်အစား

အမြတ်ထုတ်ချင်တဲ့ တောကြောင်လိုလူတွေလည်း ထုနဲ့ဒေးပါပဲ။

မိတ်ကပ်မေဦးဟာလည်း ငွေထုတ်ဖို့တန်းစီစောင့်ဆိုင်းနေရတဲ့ လူအုပ်ကြီးကိုကြည့်ပြီး

စိတ်မချမ်းမသာဖြစ်ရတဲ့အကြောင်းကို ” “မိုးတွေအရမ်းရွာ၊လေတွေတိုက် နေတယ်။

ဒီလူအုပ်ကြီးနေရာလုံးဝ မရွေ့သွားဘူး” ခဏ ကြာတော့ လက်ခုပ်တွေ ထတီးကြတယ် “ATM ထဲ

ပိုက်ဆံလာထည့်လို့တဲ့ 💰” (ကိုယ့်ပိုက်ဆံနဲ့ကို ဒုက္ခသည်တွေဖြစ်😥)စဉ်းစားကြည့်ရင် ရီစရာ🥺

-တွေးကြည့်ရင် နာစရာ 😥 ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း Free Burma Ranger

အဖွဲ့ထဲကိုဝင်ရောက်ပြီး လိုအပ်နေသူတွေကို အကူအညီပေးဖို့အတွက် အစွမ်းကုန်ကြိုးစားနေခဲ့သူ ဖြစ်ပါတယ်။

မိတ်ကပ်ပြင်တဲ့လက်နုနုလေးဟာ တောထဲတောင်ထဲမှာ အလုပ်ကြမ်းတွေလုပ်ပြီး တိုင်းပြည်အတွက်

တတ်နိုင်တဲ့ဖက်က အားဖြည့်ပေးနေခဲ့တာ တကယ်ကိုလေးစားစရာ ကောင်းလွန်းပါတယ်။မတရားမှုကို

ငုံ့မခံချင်တဲ့စိတ်နဲ့ အခုလို ဆုံးဖြတ်ချက်ချပြီး ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့တာကြောင့် မေဦးရဲ့ပရိသတ်တွေကတော့

မေဦးအတွက် အရမ်းကိုဂုဏ်ယူနေခဲ့ပါတယ်။ ဟန်လင်းကပါ မေဦးနဲ့အတူ လိုက်ပြီး ပါရမီဖြည့်ဖက်ကောင်းပီသစွာနဲ့

အတူတူကြိုးစားရုန်းကန်နေခဲ့ကြပါတယ်။ ဘေးကင်းစွာနဲ့ ပရိသတ်တွေဆီကို အမြန်ဆုံးပြန်ရောက်လာဖို့ ဆုတောင်းပေးပါတယ်။

crd : MM Load

zawgyi

ေငြေၾကးရွားပါးမႈျပႆနာဟာ ျပည္သူတိုင္းရင္ဆိုင္ေနရတဲ့ျပႆနာတစ္ခုပါပဲ။ ျမန္မာေငြအခ်င္းခ်င္းကို

ရာခိုင္ႏႈန္းေတြေပးၿပီး လဲရလိမ့္မယ္လို႔ ျမန္မာျပည္သူေတြ ဘယ္တုန္းကမွေတြးတင္မိမွာမဟုတ္ပါဘူး။

ဒီေန႔ဒီအခ်ိန္မွာေတာ့ မထင္ထားတာေတြခ်ည္းပဲ ျဖစ္လာခဲ့တာမို႔ ျဖစ္လာတဲ့အေျခအေနေပၚမွာပဲ

အေကာင္းဆုံးရင္ဆိုင္ေနၾကရပါတယ္။ မိမိတို႔ရဲ႕ကိုယ္ပိုင္ေငြေၾကးေတြကို ထုတ္ယူဖို႔အတြက္

ျပည္သူေတြဟာ ေနပူမေရွာင္ မိုး႐ြာမေရွာင္ ဘဏ္ေရွ႕မွာ နာရီေပါင္းမ်ားစြာ ရပ္ေစာင့္ၿပီး

ဒုကၡခံေနၾကရပါတယ္။ ဒီအေပၚမွာ ျပည္သူအခ်င္းခ်င္းကူညီေပးရမယ့္အစား

အျမတ္ထုတ္ခ်င္တဲ့ ေတာေၾကာင္လိုလူေတြလည္း ထုနဲ႔ေဒးပါပဲ။

မိတ္ကပ္ေမဦးဟာလည္း ေငြထုတ္ဖို႔တန္းစီေစာင့္ဆိုင္းေနရတဲ့ လူအုပ္ႀကီးကိုၾကည့္ၿပီး

စိတ္မခ်မ္းမသာျဖစ္ရတဲ့အေၾကာင္းကို ” “မိုးေတြအရမ္း႐ြာ၊ေလေတြတိုက္ ေနတယ္။

ဒီလူအုပ္ႀကီးေနရာလုံးဝ မေ႐ြ႕သြားဘူး” ခဏ ၾကာေတာ့ လက္ခုပ္ေတြ ထတီးၾကတယ္ “ATM ထဲ

ပိုက္ဆံလာထည့္လို႔တဲ့ 💰” (ကိုယ့္ပိုက္ဆံနဲ႔ကို ဒုကၡသည္ေတြျဖစ္😥)စဥ္းစားၾကည့္ရင္ ရီစရာ🥺

-ေတြးၾကည့္ရင္ နာစရာ 😥 ” ဆိုၿပီး ေျပာျပလာခဲ့ပါတယ္။ ကိုယ္တိုင္ကလည္း Free Burma Ranger

အဖြဲ႕ထဲကိုဝင္ေရာက္ၿပီး လိုအပ္ေနသူေတြကို အကူအညီေပးဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားေနခဲ့သူ ျဖစ္ပါတယ္။

မိတ္ကပ္ျပင္တဲ့လက္ႏုႏုေလးဟာ ေတာထဲေတာင္ထဲမွာ အလုပ္ၾကမ္းေတြလုပ္ၿပီး တိုင္းျပည္အတြက္

တတ္ႏိုင္တဲ့ဖက္က အားျဖည့္ေပးေနခဲ့တာ တကယ္ကိုေလးစားစရာ ေကာင္းလြန္းပါတယ္။မတရားမႈကို

ငုံ႔မခံခ်င္တဲ့စိတ္နဲ႔ အခုလို ဆုံးျဖတ္ခ်က္ခ်ၿပီး ရဲရဲဝံ့ဝံ့ လုပ္ေဆာင္ခဲ့တာေၾကာင့္ ေမဦးရဲ႕ပရိသတ္ေတြကေတာ့

ေမဦးအတြက္ အရမ္းကိုဂုဏ္ယူေနခဲ့ပါတယ္။ ဟန္လင္းကပါ ေမဦးနဲ႔အတူ လိုက္ၿပီး ပါရမီျဖည့္ဖက္ေကာင္းပီသစြာနဲ႔

အတူတူႀကိဳးစား႐ုန္းကန္ေနခဲ့ၾကပါတယ္။ ေဘးကင္းစြာနဲ႔ ပရိသတ္ေတြဆီကို အျမန္ဆုံးျပန္ေရာက္လာဖို႔ ဆုေတာင္းေပးပါတယ္။

crd : MM Load