International News

မြန်မာ့ အာဏာရှင်လူတစ်စုအထိနာသွားစေလောက်မယ့် ခပ်ပြင်းပြင်းတောင်းဆိုချက်ကို တောင်းဆိုလိုက်တဲ့ ကိုရီးယားလွှတ်တော်အမတ်

ကိုရီးယားဓာတ်ငွေ့ကော်ပိုရေးရှင်းရဲ့ POSCO International ဟာ မြန်မာ့သဘာဝဓာတ်ငွေ့

လုပ်ငန်းရဲ့ ၈.၅% ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒီနှစ်တောအတွင်းမှာ ကိုရီးယားသဘာဝဓာတ်ငွ

ေ့ ကော်ပိုရေးရှင်းဟာ POSCO International ကအမြတ်ငွေဘီလီယံ ၂၀ဝ (ဒေါ်လာ ၁၆.၇ သန်း)

ရရှိခဲ့ပါ တယ်။ ၂၀၂၀ ခုနှစ်မှာဆို အမြတ်အစွန်း၃၀၅.၆ ဘီလီယံဝမ်ရရှိခဲ့ပါတယ်။

ဒီလိုဝင်ငွေတွေရရှိတဲ့အပေါ်မှာ လည်း မြန်မာနိုင်ငံအတွက် ပြည်တွင်းအခွန်ငွေတွ

ေ ပေးဆောင်ရတာရှိပါတယ်။ ဒီအပေါ်မှာ တောင်ကိုရီးယားနိုင်ငံ လက်ရှိအာဏာရ

ဒေါဘူးလောမင်းဂျူးပါတီရဲ့လွှတ်တော်အမတ် ကင်မ်ယုံးမင်က “ POSCO International က

မြန်မာနိုင်ငံအတွက် ဝင်ငွေခွန်ခွဲခြမ်းပေးဝေမှုကိုရပ်ဆိုင်းပေးပါ” လို့ တောင်းဆိုလာခဲ့ပါတယ်။

ဒီတောင်းဆိုမှုရဲ့နောက်မှာပဲ လွှတ်တော်အမတ်က ထပ်မံပြီး ” ဒီလောက်များတဲ့ငွေတွေကို

အဆုံးရှုံးမခံနိုင်တဲ့POSCO ရဲ့ အနေအထားကိုလည်း ကျွန်တော်တို့အပြည့်အဝနားလည်ပါတယ်။

ဒါကြောင့် စီးပွါးရေးလုပ်ငန်းတွေကိုမရပ်ခိုင်းပါဘူး။ အခုဆို အာဏာသိမ်းပြီးသုံးလကျော်ခဲ့ပြီ။

အရပ်သား (၈၀၀) ကျော်ကျဆုံးခဲ့ရပြီ။ ဒီလို မတရားတဲ့ဖြစ်ရပ်တွေထပ်မဖြစ်စေဖို့ အခုရထားတဲ့

အမြတ်ငွေတွေကို မြန်မာစစ်တပ်ကို ခွဲဝေပေးဖို့ ခဏရပ်ဆိုင်းပေးပါ။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေနဲ့အတူ

ဒီမိုကရေစီပန်းတိုင် အဆုံးအထိ လက်တွဲသွားမှာပါ။ ” ဟုဆိုကာ သူ့ရဲ့သဘောထားအမှန်ကို အတိအလင်းပြောကြားခဲ့ပါတယ်။

ပြည်သူ့အာဏာဟာပြည်သူ့လက်ထဲမှာမရှိတော့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့ကတည်းကစပြီး

မြန်မာပြည်သူတွေဟာဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ မြန်မာပြည်သူတွေကိုစာနာပြီး

အစစအရာရာကူညီပေးခဲ့တဲ့ နိုင်ငံတွေထဲမှာ ကိုရီးယားနိုင်ငံလည်းပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရတဲ့ဖက်ကကြိုးစားပြီးကူညီပေးနေတာ တကယ်ကိုကျေးဇူးတင်ဖို့ကောင်းပါတယ်။

စစ်အုပ်ချုပ်မှုအောက်မှာ မလုံခြုံခဲ့ရတဲ့ဘဝတွေကို ကိုယ်ချင်းစာတဲ့စိတ်နဲ့

အခုလိုကူညီပေးကြတဲ့ကိုရီးယားနိုင်ငံနဲ့ ပြည်သူတွေကိုလည်း မြန်မာပြည်သူတွေက အမြဲကျေးဇူးတင်နေမှာပါ။

zawgyi

ကိုရီးယားဓာတ္ေငြ႕ေကာ္ပိုေရးရွင္းရဲ႕ POSCO International ဟာ ျမန္မာ့သဘာဝဓာတ္ေငြ႕

လုပ္ငန္းရဲ႕ ၈.၅% ကိုပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ဒီႏွစ္ေတာအတြင္းမွာ ကိုရီးယားသဘာဝဓာတ္ငြ

ေ့ ေကာ္ပိုေရးရွင္းဟာ POSCO International ကအျမတ္ေငြဘီလီယံ ၂၀ဝ (ေဒၚလာ ၁၆.၇ သန္း)

ရရွိခဲ့ပါ တယ္။ ၂၀၂၀ ခုႏွစ္မွာဆို အျမတ္အစြန္း၃၀၅.၆ ဘီလီယံဝမ္ရရွိခဲ့ပါတယ္။

ဒီလိုဝင္ေငြေတြရရွိတဲ့အေပၚမွာ လည္း ျမန္မာႏိုင္ငံအတြက္ ျပည္တြင္းအခြန္ေငြတြ

ေ ေပးေဆာင္ရတာရွိပါတယ္။ ဒီအေပၚမွာ ေတာင္ကိုရီးယားႏိုင္ငံ လက္ရွိအာဏာရ

ေဒါဘူးေလာမင္းဂ်ဴးပါတီရဲ႕လႊတ္ေတာ္အမတ္ ကင္မ္ယုံးမင္က “ POSCO International က

ျမန္မာႏိုင္ငံအတြက္ ဝင္ေငြခြန္ခြဲျခမ္းေပးေဝမႈကိုရပ္ဆိုင္းေပးပါ” လို႔ ေတာင္းဆိုလာခဲ့ပါတယ္။

ဒီေတာင္းဆိုမႈရဲ႕ေနာက္မွာပဲ လႊတ္ေတာ္အမတ္က ထပ္မံၿပီး ” ဒီေလာက္မ်ားတဲ့ေငြေတြကို

အဆုံးရႈံးမခံႏိုင္တဲ့POSCO ရဲ႕ အေနအထားကိုလည္း ကြၽန္ေတာ္တို႔အျပည့္အဝနားလည္ပါတယ္။

ဒါေၾကာင့္ စီးပြါးေရးလုပ္ငန္းေတြကိုမရပ္ခိုင္းပါဘူး။ အခုဆို အာဏာသိမ္းၿပီးသုံးလေက်ာ္ခဲ့ၿပီ။

အရပ္သား (၈၀၀) ေက်ာ္က်ဆုံးခဲ့ရၿပီ။ ဒီလို မတရားတဲ့ျဖစ္ရပ္ေတြထပ္မျဖစ္ေစဖို႔ အခုရထားတဲ့

အျမတ္ေငြေတြကို ျမန္မာစစ္တပ္ကို ခြဲေဝေပးဖို႔ ခဏရပ္ဆိုင္းေပးပါ။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံသားေတြနဲ႔အတူ

ဒီမိုကေရစီပန္းတိုင္ အဆုံးအထိ လက္တြဲသြားမွာပါ။ ” ဟုဆိုကာ သူ႔ရဲ႕သေဘာထားအမွန္ကို အတိအလင္းေျပာၾကားခဲ့ပါတယ္။

ျပည္သူ႔အာဏာဟာျပည္သူ႔လက္ထဲမွာမရွိေတာ့တဲ့ ေဖေဖာ္ဝါရီ (၁) ရက္ေန႔ကတည္းကစၿပီး

ျမန္မာျပည္သူေတြဟာဝမ္းနည္းပူေဆြးခဲ့ရပါတယ္။ ျမန္မာျပည္သူေတြကိုစာနာၿပီး

အစစအရာရာကူညီေပးခဲ့တဲ့ ႏိုင္ငံေတြထဲမွာ ကိုရီးယားႏိုင္ငံလည္းပါဝင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္ထိ ရတဲ့ဖက္ကႀကိဳးစားၿပီးကူညီေပးေနတာ တကယ္ကိုေက်းဇူးတင္ဖို႔ေကာင္းပါတယ္။

စစ္အုပ္ခ်ဳပ္မႈေအာက္မွာ မလုံၿခဳံခဲ့ရတဲ့ဘဝေတြကို ကိုယ္ခ်င္းစာတဲ့စိတ္နဲ႔

အခုလိုကူညီေပးၾကတဲ့ကိုရီးယားႏိုင္ငံနဲ႔ ျပည္သူေတြကိုလည္း ျမန္မာျပည္သူေတြက အၿမဲေက်းဇူးတင္ေနမွာပါ။