News

ညကြီး လေယဉ်ဖြင့်အတိုက်ခံရနေလိုငိုပြီအကူအညီးတောင်းလာတဲ့ ပြည်သူတွေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကနီမြို့နယ်တွင်

စစ်ကောင်စီတပ်များ အင်အား ထပ်မံတိုးချဲ့လာခြင်း နှင့် လေယာဥ်ဖြင့်ပါ ပစ်မိန့် ပေးလိုက်သည့်

သတင်း ကြောင့်ပြည်သူများ ညတွင်းချင်း ရှောင်တိမ်းနေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်း၌ မေလ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်

ကျေးရွာ ၂၀ ကျော်မှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင် နေကြရာမှ

နေရာပြောင်းရွေ့၍ ထပ်မံတိမ်းရှောင် ကြရခြင်း ဖြစ်သည်။

” ပထမရှောင်တိမ်းကြတာက ရွာနဲ့ အနီးနား နေရာတွေမှာပေါ့။ အခုကတော့ အရင်တိုက်ပွဲ

ဖြစ်တဲ့ နေရာနဲ့ ပိုဝေးတဲ့နေရာတွေကို ပြောင်းရွေ့ကြတာ ဖြစ်ပါတယ် “ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

မေလ ၂၅ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည့် ကနီနယ် ချင်းတွင်းမြစ်အရှေ့ဘက်၌ စစ်အင်အား

၁၀၀ ကျော် ထပ်တိုးလာသည့်အပြင်များ အကန့်အသတ်မရှိ ပစ်မိန့် နှင့် လေယာဥ်ဖြင့်ပါ

ပစ်ခွင့်ကို ပေးထားသည့် သတင်းများ ရရှိထားသည်ဟု ၎င်းကပြောသည်။

မေလ ၂၅ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ စစ်ကောင်စီတပ်သားများကများဖြင့်အကြိမ် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြသည်။

ထို့သို့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူများ ဘေးလွတ်ရာသို့

ရှောင်နေခဲ့ရပြီး တိုက်ပွဲ ထပ်မံပြင်းထန်နိုင်သည့် သတင်းများရရှိသဖြင့်

ညတွင်းချင်း ထပ်မံ ပြောင်းရွေ့နေကြရခြင်း ဖြစ်သည်။

zawgyi

စစ္ကိုင္းတိုင္းေဒသႀကီး ၊ ကနီၿမိဳ႕နယ္တြင္

စစ္ေကာင္စီတပ္မ်ား အင္အား ထပ္မံတိုးခ်ဲ႕လာျခင္း ႏွင့္ ေလယာဥ္ျဖင့္ပါ ပစ္မိန႔္ ေပးလိုက္သည့္

သတင္း ေၾကာင့္ျပည္သူမ်ား ညတြင္းခ်င္း ေရွာင္တိမ္းေနၾကရသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ကနီနယ္ ခ်င္းတြင္းျမစ္အေရွ႕ဘက္ျခမ္း၌ ေမလ ၂၅ ရက္တြင္ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားေၾကာင့္

ေက်း႐ြာ ၂၀ ေက်ာ္မွ ျပည္သူမ်ားမွာ ထြက္ေျပးတိမ္းေရွာင္ ေနၾကရာမွ

ေနရာေျပာင္းေ႐ြ႕၍ ထပ္မံတိမ္းေရွာင္ ၾကရျခင္း ျဖစ္သည္။

” ပထမေရွာင္တိမ္းၾကတာက ႐ြာနဲ႔ အနီးနား ေနရာေတြမွာေပါ့။ အခုကေတာ့ အရင္တိုက္ပြဲ

ျဖစ္တဲ့ ေနရာနဲ႔ ပိုေဝးတဲ့ေနရာေတြကို ေျပာင္းေ႐ြ႕ၾကတာ ျဖစ္ပါတယ္ “ဟု ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။

ေမလ ၂၅ရက္က တိုက္ပြဲျဖစ္ပြားခဲ့သည့္ ကနီနယ္ ခ်င္းတြင္းျမစ္အေရွ႕ဘက္၌ စစ္အင္အား

၁၀၀ ေက်ာ္ ထပ္တိုးလာသည့္အျပင္မ်ား အကန႔္အသတ္မရွိ ပစ္မိန႔္ ႏွင့္ ေလယာဥ္ျဖင့္ပါ

ပစ္ခြင့္ကို ေပးထားသည့္ သတင္းမ်ား ရရွိထားသည္ဟု ၎ကေျပာသည္။

ေမလ ၂၅ရက္တြင္ ျဖစ္ပြားခဲ့ေသာ တိုက္ပြဲ၌ စစ္ေကာင္စီတပ္သားမ်ားကမ်ားျဖင့္အႀကိမ္ ၃၀ ထက္မနည္း ပစ္ခတ္ခဲ့ၾကသည္။

ထို႔သို႔လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ ေက်း႐ြာေပါင္း ၂၀ ေက်ာ္မွ ျပည္သူမ်ား ေဘးလြတ္ရာသို႔

ေရွာင္ေနခဲ့ရၿပီး တိုက္ပြဲ ထပ္မံျပင္းထန္ႏိုင္သည့္ သတင္းမ်ားရရွိသျဖင့္

ညတြင္းခ်င္း ထပ္မံ ေျပာင္းေ႐ြ႕ေနၾကရျခင္း ျဖစ္သည္။