Celebrities

တိုင်ပြည်အတွက် သုံးပေးလို့မရတော့မဲ့အတူတူ MASTER ဘွဲ့အိမ်မက်ကို စွန့်လွှတ်လိုက်တဲ့ သရုပ်ဆောင်မောင်

တိုင်ပြည်အတွက် သုံးပေးလို့မရတော့မဲ့အတူတူ MASTER ဘွဲ့အိမ်မက်ကို စွန့်လွှတ်လိုက်တဲ့ သရုပ်ဆောင်မောင်

ပရိသတ်ကြီးရေ မင်းသမီးချော နန္ဒာလှိုင်ရဲ့ မောင်လေးဖြစ်တဲ့

ဒေါက်တာ စိန်ဖြိုးလှိုင်ကို ပရိသတ်တွေလည်းသိကြမယ်လို့ ထင်ပါတယ်နော်။

သူဟာတစ်ချိန်က ‘မောင်’ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင် မင်းသားတစ်ယောက်လည်း

ဖြစ်ပါတယ်နော်။အခုချိန်မှာဆိုရင်တော့ ဒေါက်တာစိန်ဖြိုးလှိုင်ဟာ

အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပြီး ဆရာ၀န်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

ယခုအခါမှာတော့ သရုပ်ဆောင် မောင်က ကျောင်းဆက်မတက်တော့ဘဲ သူ့ရဲ့ Master

ဘွဲ့အိမ်မက်ကို စွန့်လွှတ်လိုက်ပြီလို့ သူ့ရဲ့လူမှုကွန်ယက်မှာ ရေးသားလာခဲ့ပါတယ်နော်။

“ကျွန်တော့်ရဲ့ Master ဘွဲ့အိမ်မက်ကိုစွန့်လွှတ်ခြင်း ကျွန်တော် Covid

မဖြစ်ခင်(၁)နှစ်လောက်ကတည်းက ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ

ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာတန်း(EMPA ) သင်တန်းကို စတက်ခဲ့တာပါ။ရေး၊ဖြေ,

လူတွေ့တွေဖြတ်ကျော်ပြီးမှာ ဝင်ခွင့်ရခဲ့လို့ အလွယ်တကူ တက်ခွင့်ရခဲ့တာတော့မဟုတ်ပါဘူး။

တက်ခွင့်ရတော့လဲ ညနေတိုင်း တစ်ပတ်(၅)ရက်နဲ့ စနေနေ့ နေ့တစ်ဝက်ကို အလုပ်ဆင်းပြီး အိမ်မပြန်ပဲ တက်ခဲ့တာပါ။

ကြားထဲမှာလဲ ဘာသာရပ်တွေကို စိတ်ဝင်စားလို့ စာမေးပွဲပေါင်းများစွာကို Grade ကောင်းအောင်ကြိုးစားဖြေခဲ့ပါတယ်။

အခုကိုဗစ်ကတည်းက ပိတ်ထားတဲ့ကျောင်းကို ပြန်ဖွင့်ဖို့ အမိန့်စာထွက်လာတော့ ကျွန်တော်ဆုံးဖြတ်ရတော့မဲ့အချိန် ရောက်လာပါတယ်။

ဒီလို အခြေအနေတွေမှာ (၆)လပဲကျန်တော့တဲ့ ကျောင်းကိုကြိတ်မှိတ်ပြန်တက်ပြီး ဘွဲ့ရအောင်ယူမလား,ကိုယ်လိုချင်လွန်းလို့

တစ်နှစ်လောက် ညနေတိုင်း အပင်ပန်းခံခဲ့တာတွေကို လွှတ်ပစ်ပြီး ကျောင်းနားမလားဆိုတာပါ။

Master ယူဖို့ဆိုတာ ကျွန်တော့အိမ်မက်တွေထဲက တစ်ခုပါ။

အခုလိုတိုင်းပြည် ဒုက္ခရောက်နေတဲ့အချိန်မှာ ဘာမှမဖြစ်သလို ကျောင်းဆက်တက်ပြီး

ဘွဲ့ရလာတော့လဲ တိုင်းပြည်အတွက် သုံးပေးလို့မရတော့မဲ့အတူတူ.

ဆက်မတက်တော့ဘူးလို့ပဲ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ပါတယ်”ဆိုပြီးတော့ ရေးသားလာခဲ့တာပဲဖြစ်ပါတယ်။

မြန်မာပြည်ကြီး အမြန်ဆုံးသာယာ အေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း

ဘေးအန္တရာယ် ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်နော်။

zawgyi

တိုင္ျပည္အတြက္ သုံးေပးလို႔မရေတာ့မဲ့အတူတူ MASTER ဘြဲ႕အိမ္မက္ကို စြန႔္လႊတ္လိုက္တဲ့ သ႐ုပ္ေဆာင္ေမာင္

ပရိသတ္ႀကီးေရ မင္းသမီးေခ်ာ နႏၵာလႈိင္ရဲ႕ ေမာင္ေလးျဖစ္တဲ့

ေဒါက္တာ စိန္ၿဖိဳးလႈိင္ကို ပရိသတ္ေတြလည္းသိၾကမယ္လို႔ ထင္ပါတယ္ေနာ္။

သူဟာတစ္ခ်ိန္က ‘ေမာင္’ဆိုတဲ့နာမည္နဲ႔ သ႐ုပ္ေဆာင္ မင္းသားတစ္ေယာက္လည္း

ျဖစ္ပါတယ္ေနာ္။အခုခ်ိန္မွာဆိုရင္ေတာ့ ေဒါက္တာစိန္ၿဖိဳးလႈိင္ဟာ

အႏုပညာအလုပ္ေတြကို ရပ္နားလိုက္ၿပီျဖစ္ၿပီး ဆရာ၀န္တစ္ေယာက္အေနနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

ယခုအခါမွာေတာ့ သ႐ုပ္ေဆာင္ ေမာင္က ေက်ာင္းဆက္မတက္ေတာ့ဘဲ သူ႔ရဲ႕ Master

ဘြဲ႕အိမ္မက္ကို စြန႔္လႊတ္လိုက္ၿပီလို႔ သူ႔ရဲ႕လူမႈကြန္ယက္မွာ ေရးသားလာခဲ့ပါတယ္ေနာ္။

“ကြၽန္ေတာ့္ရဲ႕ Master ဘြဲ႕အိမ္မက္ကိုစြန႔္လႊတ္ျခင္း ကြၽန္ေတာ္ Covid

မျဖစ္ခင္(၁)ႏွစ္ေလာက္ကတည္းက ရန္ကုန္စီးပြားေရး တကၠသိုလ္မွာ

ျပည္သူ႔ေရးရာ စီမံခန႔္ခြဲမႈပညာ မဟာတန္း(EMPA ) သင္တန္းကို စတက္ခဲ့တာပါ။ေရး၊ေျဖ,

လူေတြ႕ေတြျဖတ္ေက်ာ္ၿပီးမွာ ဝင္ခြင့္ရခဲ့လို႔ အလြယ္တကူ တက္ခြင့္ရခဲ့တာေတာ့မဟုတ္ပါဘူး။

တက္ခြင့္ရေတာ့လဲ ညေနတိုင္း တစ္ပတ္(၅)ရက္နဲ႔ စေနေန႔ ေန႔တစ္ဝက္ကို အလုပ္ဆင္းၿပီး အိမ္မျပန္ပဲ တက္ခဲ့တာပါ။

ၾကားထဲမွာလဲ ဘာသာရပ္ေတြကို စိတ္ဝင္စားလို႔ စာေမးပြဲေပါင္းမ်ားစြာကို Grade ေကာင္းေအာင္ႀကိဳးစားေျဖခဲ့ပါတယ္။

အခုကိုဗစ္ကတည္းက ပိတ္ထားတဲ့ေက်ာင္းကို ျပန္ဖြင့္ဖို႔ အမိန႔္စာထြက္လာေတာ့ ကြၽန္ေတာ္ဆုံးျဖတ္ရေတာ့မဲ့အခ်ိန္ ေရာက္လာပါတယ္။

ဒီလို အေျခအေနေတြမွာ (၆)လပဲက်န္ေတာ့တဲ့ ေက်ာင္းကိုႀကိတ္မွိတ္ျပန္တက္ၿပီး ဘြဲ႕ရေအာင္ယူမလား,ကိုယ္လိုခ်င္လြန္းလို႔

တစ္ႏွစ္ေလာက္ ညေနတိုင္း အပင္ပန္းခံခဲ့တာေတြကို လႊတ္ပစ္ၿပီး ေက်ာင္းနားမလားဆိုတာပါ။

Master ယူဖို႔ဆိုတာ ကြၽန္ေတာ့အိမ္မက္ေတြထဲက တစ္ခုပါ။

အခုလိုတိုင္းျပည္ ဒုကၡေရာက္ေနတဲ့အခ်ိန္မွာ ဘာမွမျဖစ္သလို ေက်ာင္းဆက္တက္ၿပီး

ဘြဲ႕ရလာေတာ့လဲ တိုင္းျပည္အတြက္ သုံးေပးလို႔မရေတာ့မဲ့အတူတူ.

ဆက္မတက္ေတာ့ဘူးလို႔ပဲ စိတ္မေကာင္းစြာနဲ႔ ဆုံးျဖတ္လိုက္ပါတယ္”ဆိုၿပီးေတာ့ ေရးသားလာခဲ့တာပဲျဖစ္ပါတယ္။

ျမန္မာျပည္ႀကီး အျမန္ဆုံးသာယာ ေအးခ်မ္းပါေစလို႔ ဆုေတာင္းရင္း ပရိသတ္ႀကီးတို႔လည္း

ေဘးအႏၲရာယ္ ကင္းၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းလိုက္ရပါတယ္ေနာ္။