News

ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘဝကို အာမခံချက်ပေးနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းမှာဖြစ်တယ်လို့NUGက ဖက်ဒရယ်ရေးရာဝန်ကြီးဆို

မေ၂၅ရက်

ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘဝကို အာမခံချက်ပေးနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို

ရေးဆွဲပြဋ္ဌာန်းမှာဖြစ်တယ်လို့NUGက ဖက်ဒရယ်ရေးရာဝန်ကြီးဆိုပါတယ်။

မေလအတွင်းPVTVရုပ်သံနဲ့တွေ့ဆုံရာမှာ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း

ပြည်ထောင်စုဝန်ကြီးဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ကပြောကြားခဲ့တာပါ။

“ဒီလုပ်ငန်း(ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိုရေးဆွဲရေးလုပ်ငန်း) ဟာ အင်မတန်မှအရေးကြီးပါတယ်။

ကျွန်တော်တို့တိုင်းပြည်အနာဂတ်ကို အာမခံချက်ပေးနိုင်ဖို့အတွက်၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဘဝကို

အာမခံချက်ပေးနိုင်ဖို့အတွက်၊ ကျွန်တော်တို့တိုင်းပြည် လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှရေးတို့ကို

အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းမှာဖြစ်ပါတယ်”လို့ ဝန်ကြီးကဆိုပါတယ်။

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖျက်သိမ်းခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိမှာ တရားမဝင်တော့တဲ့၂၀၀၈ကို စစ်ကောင်စီက ကိုင်စွဲကျင့်သုံးလျက်ရှိပါတယ်။

zawgyi

ေမ၂၅ရက္

ျပည္သူလူထုတစ္ရပ္လုံးရဲ႕ ဘဝကို အာမခံခ်က္ေပးႏိုင္ဖို႔အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ကို

ေရးဆြဲျပ႒ာန္းမွာျဖစ္တယ္လို႔NUGက ဖက္ဒရယ္ေရးရာဝန္ႀကီးဆိုပါတယ္။

ေမလအတြင္းPVTV႐ုပ္သံနဲ႔ေတြ႕ဆုံရာမွာ ေဒါက္တာ ဆလိုင္းလ်န္မႈန္းဆာေခါင္း

ျပည္ေထာင္စုဝန္ႀကီးဖက္ဒရယ္ျပည္ေထာင္စုေရးရာဝန္ႀကီးဌာန ကေျပာၾကားခဲ့တာပါ။

“ဒီလုပ္ငန္း(ဖက္ဒရယ္ဖြဲ႕စည္းပုံ အေျခခံဥပေဒကိုေရးဆြဲေရးလုပ္ငန္း) ဟာ အင္မတန္မွအေရးႀကီးပါတယ္။

ကြၽန္ေတာ္တို႔တိုင္းျပည္အနာဂတ္ကို အာမခံခ်က္ေပးႏိုင္ဖို႔အတြက္၊ ျပည္သူလူထုတစ္ရပ္လုံးရဲ႕ ဘဝကို

အာမခံခ်က္ေပးႏိုင္ဖို႔အတြက္၊ ကြၽန္ေတာ္တို႔တိုင္းျပည္ လြတ္လပ္မႈ၊ တရားမွ်တမႈ၊ တန္းတူညီမွ်ေရးတို႔ကို

အာမခံခ်က္ေပးႏိုင္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒတစ္ရပ္ကို ေရးဆြဲျပ႒ာန္းမွာျဖစ္ပါတယ္”လို႔ ဝန္ႀကီးကဆိုပါတယ္။

၂၀၀၈ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီက ဖ်က္သိမ္းခဲ့ၿပီးျဖစ္ပါတယ္။

လက္ရွိမွာ တရားမဝင္ေတာ့တဲ့၂၀၀၈ကို စစ္ေကာင္စီက ကိုင္စြဲက်င့္သုံးလ်က္ရွိပါတယ္။