International News

ကိုရီးယားလွှတ်တော်အစည်းအဝေးတွင် မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အစိုးရနှင့်လွှတ်တော်မှ လက်တွေ့ကျသည့် ကူညီမှုများပေးရန် တောင်းဆို

မေ၂၅ရက် တောင်ကိုရီးယားနိုင်ငံ လက်ရှိ အာဏာရ ဒေါဘူးလောမင်းဂျူးပါတီ၏ လွှတ်တော်အမတ်

ဘာ့ယောင်ဆွန်းမှ မေလ၂၁ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်

အစိုးရနှင့်လွှတ်တော်မှ လက်တွေ့ကျသည့် ကူညီမှုများပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

လွှတ်တော်အမတ်ဘာ့ယောင်ဆွန်းက ကိုရီးယားအစိုးရနှင့် လွှတ်တော်သည် NUGအစိုးရအား

မြန်မာအစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုပေးရန်နှင့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှတ်နှံနေသည့်

တောင်ကိုရီးယားလုပ်ငန်းရှင်များပိုင် ကုမ္ပဏီများကိုလည်း မြန်မာ့ဒီမိုကရေစီရရှိသည်အထိ

ရင်းနှီးမြှတ်နှံမှုများ ရပ်ဆိုင်းထားဖို့ အစိုးရမှ ကိုင်တွယ်ပေးရန်လည်းတောင်းဆိုခဲ့သည်။

ထို့ပြင် ကိုဗစ်ကြောင့် ထိခိုက်ခဲ့ရသည့် မြန်မာ့စီးပွားရေးသည် အာဏာသိမ်းမှုကြောင့် ပိုမိုချို့ယွင်းလာခဲ့ရပြီး

မကြာမီ ပြည်သူအများ အငတ်ဘေးကြုံတွေ့နိုင်သည်အထိ အခြေအနေများ ဆိုးဝါးလာနေကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာသည့် ကူညီထောက်ပံ့ပေးမှုများကို ထိရောက်စွာ

ဆောင်ရွက်ပေးဖို့၊မြန်မာပြည်အတွက် ODAရာထားငွေများကိုလည်း စစ်ဘေးရှောင်များအတွက်

ထိရောက်စွာ အသုံးပြုပေးဖို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။

လွှတ်တော်အမတ်ဘာ့ယောင်ဆွန်းသည် လွန်ခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မြန်မာ့ဒီမိုကရေစီအား

ထောက်ခံသည့် လွှတ်တော်၏ ကြေညာချက် ထုတ်ပြန်နိုင်ရေးတွင်လည်း ဦးဆောင်ခဲ့သူဖြစ်သည်။

လွှတ်တော်အမတ်ဘာ့ယောင်ဆွန်းက မြန်မာနိုင်ငံသားများသည် တောင်ကိုရီးယားနိုင်ငံ၏

ထောက်ခံမှုကြောင့် ခွန်အားများ ရရှိနေကြပြီး တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲအောင်မြင်မှုနှင့်

တိုးတက်ကြီးပွားလာမှုများကို အားကျနေကြကြောင်း၊

တောင်ကိုရီးယားနိုင်ငံသည် မြန်မာပြည်သူများအပေါ် ထိရောက်သော ထောက်ခံမှုနှင့်

ပူးပေါင်းမှုများဖြင့်ဏာသိမ်းမှုကို ရုတ်သိမ်းစေပြီး

မြန်မာ့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားပေးဖို့ တောင်းဆိုခဲ့သည်။

zawgyi

ေမ၂၅ရက္ ေတာင္ကိုရီးယားႏိုင္ငံ လက္ရွိ အာဏာရ ေဒါဘူးေလာမင္းဂ်ဴးပါတီ၏ လႊတ္ေတာ္အမတ္

ဘာ့ေယာင္ဆြန္းမွ ေမလ၂၁ရက္ေန႔ လႊတ္ေတာ္အစည္းအေဝးတြင္ ျမန္မာ့ဒီမိုကေရစီျပန္လည္ရရွိေရးအတြက္

အစိုးရႏွင့္လႊတ္ေတာ္မွ လက္ေတြ႕က်သည့္ ကူညီမႈမ်ားေပးရန္ ေတာင္းဆိုခဲ့ေၾကာင္းသိရသည္။

လႊတ္ေတာ္အမတ္ဘာ့ေယာင္ဆြန္းက ကိုရီးယားအစိုးရႏွင့္ လႊတ္ေတာ္သည္ NUGအစိုးရအား

ျမန္မာအစိုးရအျဖစ္ တရားဝင္ အသိအမွတ္ျပဳေပးရန္ႏွင့္ ျမန္မာႏိုင္ငံတြင္း ရင္းႏွီးျမႇတ္ႏွံေနသည့္

ေတာင္ကိုရီးယားလုပ္ငန္းရွင္မ်ားပိုင္ ကုမၸဏီမ်ားကိုလည္း ျမန္မာ့ဒီမိုကေရစီရရွိသည္အထိ

ရင္းႏွီးျမႇတ္ႏွံမႈမ်ား ရပ္ဆိုင္းထားဖို႔ အစိုးရမွ ကိုင္တြယ္ေပးရန္လည္းေတာင္းဆိုခဲ့သည္။

ထို႔ျပင္ ကိုဗစ္ေၾကာင့္ ထိခိုက္ခဲ့ရသည့္ ျမန္မာ့စီးပြားေရးသည္ အာဏာသိမ္းမႈေၾကာင့္ ပိုမိုခ်ိဳ႕ယြင္းလာခဲ့ရၿပီး

မၾကာမီ ျပည္သူအမ်ား အငတ္ေဘးႀကဳံေတြ႕ႏိုင္သည္အထိ အေျခအေနမ်ား ဆိုးဝါးလာေနေၾကာင္း၊

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသားမ်ားအား လူသားခ်င္းစာနာသည့္ ကူညီေထာက္ပံ့ေပးမႈမ်ားကို ထိေရာက္စြာ

ေဆာင္႐ြက္ေပးဖို႔၊ျမန္မာျပည္အတြက္ ODAရာထားေငြမ်ားကိုလည္း စစ္ေဘးေရွာင္မ်ားအတြက္

ထိေရာက္စြာ အသုံးျပဳေပးဖို႔ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

လႊတ္ေတာ္အမတ္ဘာ့ေယာင္ဆြန္းသည္ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလကလည္း ျမန္မာ့ဒီမိုကေရစီအား

ေထာက္ခံသည့္ လႊတ္ေတာ္၏ ေၾကညာခ်က္ ထုတ္ျပန္ႏိုင္ေရးတြင္လည္း ဦးေဆာင္ခဲ့သူျဖစ္သည္။

လႊတ္ေတာ္အမတ္ဘာ့ေယာင္ဆြန္းက ျမန္မာႏိုင္ငံသားမ်ားသည္ ေတာင္ကိုရီးယားႏိုင္ငံ၏

ေထာက္ခံမႈေၾကာင့္ ခြန္အားမ်ား ရရွိေနၾကၿပီး ေတာင္ကိုရီးယားႏိုင္ငံ၏ ဒီမိုကေရစီတိုက္ပြဲေအာင္ျမင္မႈႏွင့္

တိုးတက္ႀကီးပြားလာမႈမ်ားကို အားက်ေနၾကေၾကာင္း၊

ေတာင္ကိုရီးယားႏိုင္ငံသည္ ျမန္မာျပည္သူမ်ားအေပၚ ထိေရာက္ေသာ ေထာက္ခံမႈႏွင့္

ပူးေပါင္းမႈမ်ားျဖင့္ဏာသိမ္းမႈကို ႐ုတ္သိမ္းေစၿပီး

ျမန္မာ့ဒီမိုကေရစီျပန္လည္ရရွိေရးအတြက္ အစြမ္းကုန္ ႀကိဳးစားေပးဖို႔ ေတာင္းဆိုခဲ့သည္။