News

ကနီကိုသိမ္းခ်င္တိုင္း သိမ္းလို႔မရေၾကာင္း ျပတ္ျပတ္သားသားေၾကညာၿပီး သူတို႔ရဲ့ရဲရင့္မႈကိုျပသလိုက္တဲ့ PDF အဖြဲ႕ကလူငယ္မ်

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကနီၿမိဳ႕နယ္မွာေတာ့ ၿပီးခဲ့တဲ့ ေမလ (၁၅) ရက္ေန႔ကစတင္ၿပီး ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕

ကို ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။ ဒီတပ္ဖြဲ႕မွာဆိုရင္ ကနီၿမိဳ႕နယ္မွာ လူထုလႈပ္ရွားမႈျပဳလုပ္ေနတဲ့ လူငယ္ေတြပါဝင္သလို

ကိုယ္ေနထိုင္ရာ ရပ္ရြာေတြကို ကာကြယ္ေပးေနတဲ့ လူငယ္ေတြလည္း ပါဝင္တာပဲ ျဖစ္ပါတယ္ ။ ကနီၿမိဳ႕နယ္က PDF

အဖြဲ႕ကေတာ့ အခ်က္ငါးခ်က္ကို အဓိကဦးစားေပးၿပီး ေဆာင္ရြက္သြားမွာျဖစ္ေၾကာင္း စာတစ္ေစာင္ ထုတ္ျပန္ခဲ့တာလည္း ျဖစ္ပါတယ္ ။

မေန႔က ေမလ (၂၄) ရက္ေန႔မွာဆိုရင္လည္း ကနီ PDF အဖြဲ႕က Paper Strike ျပဳလုပ္ၿပီး

ဆႏၵထုတ္ေဖာ္ခဲ့ၾကတာ ျဖစ္ပါတယ္ ။ ေတာထဲေတာင္ထဲမွာ ခက္ခက္ခဲခဲေနထိုင္ၿပီး ျပည္သူေတြ

ကာကြယ္ေစာင့္ေရွာက္ေပးေနတဲ့ ကနီလူငယ္ကေတာ့ သူတို႔ရဲ့ရင္တြင္းဆႏၵေတြကို ေရးသားေဖာ္ျပခဲ့ၾကတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ PDF အဖြဲ႕က လူငယ္ေတြက ကနီကိုသိမ္းခ်င္တိုင္း သိမ္းလို႔မရေၾကာင္း ျပတ္ျပတ္သားသား ေၾကညာခဲ့ၾကတာ ျဖစ္ပါတယ္ ။

ေသနတ္တစ္လက္ကိုယ္စီနဲ႔ တိုက္ပြဲဝင္ဖို႔ အသင့္ျဖစ္ေနၾကတဲ့ ကနီ PDF အဖြဲ႕က လူငယ္ေတြကို

ျပည္သူေတြကလည္း ေဘးကင္းေစဖို႔ ဆုေတာင္းေပးေနၾကတာ ျဖစ္ပါတယ္ ။ ကနီလူငယ္ေတြကေတာ့

သူတို႔ရဲ့ရဲရင့္တဲ့စိတ္ဓာတ္နဲ႔ ခြန္အားကို ထင္ထင္ရွားရွား ျပသခဲ့ၾကတာ ျဖစ္ပါတယ္ ။ ရရာလက္နက္စြဲကိုင္ၿပီး

ျပည္သူေတြကိုကာကြယ္ရင္းနဲ႔ ေတာထဲမွာဆႏၵထုတ္ေဖာ္ခဲ့ၾကတဲ့ ကနီ PDF အဖြဲ႕က

လူငယ္ေတြရဲ့လႈပ္ရွားမႈပုံရိပ္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

unicode

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာတော့ ပြီးခဲ့တဲ့ မေလ (၁၅) ရက်နေ့ကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီတပ်ဖွဲ့မှာဆိုရင် ကနီမြို့နယ်မှာ လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေပါဝင်သလို

ကိုယ်နေထိုင်ရာ ရပ်ရွာတွေကို ကာကွယ်ပေးနေတဲ့ လူငယ်တွေလည်း ပါဝင်တာပဲ ဖြစ်ပါတယ် ။ ကနီမြို့နယ်က PDF

အဖွဲ့ကတော့ အချက်ငါးချက်ကို အဓိကဦးစားပေးပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း စာတစ်စောင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ် ။

မနေ့က မေလ (၂၄) ရက်နေ့မှာဆိုရင်လည်း ကနီ PDF အဖွဲ့က Paper Strike ပြုလုပ်ပြီး

ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ် ။ တောထဲတောင်ထဲမှာ ခက်ခက်ခဲခဲနေထိုင်ပြီး ပြည်သူတွေ

ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကနီလူငယ်ကတော့ သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို ရေးသားဖော်ပြခဲ့ကြတာ ဖြစ်ပါတယ် ။

ဒါ့အပြင် PDF အဖွဲ့က လူငယ်တွေက ကနီကိုသိမ်းချင်တိုင်း သိမ်းလို့မရကြောင်း ပြတ်ပြတ်သားသား ကြေညာခဲ့ကြတာ ဖြစ်ပါတယ် ။

သေနတ်တစ်လက်ကိုယ်စီနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေကြတဲ့ ကနီ PDF အဖွဲ့က လူငယ်တွေကို

ပြည်သူတွေကလည်း ဘေးကင်းစေဖို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ် ။ ကနီလူငယ်တွေကတော့

သူတို့ရဲ့ရဲရင့်တဲ့စိတ်ဓာတ်နဲ့ ခွန်အားကို ထင်ထင်ရှားရှား ပြသခဲ့ကြတာ ဖြစ်ပါတယ် ။ ရရာလက်နက်စွဲကိုင်ပြီး

ပြည်သူတွေကိုကာကွယ်ရင်းနဲ့ တောထဲမှာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကနီ PDF အဖွဲ့က

လူငယ်တွေရဲ့လှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။