International News

အိန္ဒိယရဲ့ ကိုဗစ် သေဆုံးဦးရေ ၃ သိန်းကျော်ပြီ

အိန္ဒိယရဲ့ ကိုဗစ် သေဆုံးဦးရေ ၃ သိန်းကျော်ပြီ

—အကုန်သိ သတင်းဌာန—

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူဦးရေ ၃ သိန်းကျော်သွားပြီဖြစ်ကြောင်း

တနင်္လာနေ့(မေ ၂၄) မှာ သတင်းထုတ်ပြန်ပါတယ်။ ပြင်းထန်တဲ့ ကူးစက်မှုလှိုင်းလုံးနဲ့

ကြုံနေရတဲ့ အိန္ဒိယဟာ အမေရိကန်၊ ဘရာဇီးတို့ပြီးရင် ကိုဗစ်ကြောင့်

တတိယမြောက် သေဆုံးဦးရေ အများဆုံးနိုင်ငံဖြစ်နေခဲ့ပါတယ်။

တောင်အာရှနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းလုံးဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကို

လွှမ်းမိုးသွားခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ တစ်နေ့တာ ပိုးကူးစက်အရေအတွက်တွေ စံချိန်တင်တွေဖြစ်ခဲ့ပါတယ်။

သီတင်းနှစ်ပတ်လောက်အတွင်း သေဆုံးဦးရေ ၅၀၀၀၀ ထပ်တိုးခဲ့တာကြောင့် ယခုအခါ အိန္ဒိယရဲ့

သေဆုံးဦးရေ ၃၀၃၇၂၀ ဦးရှိလာခဲ့ကာ ပိုးတွေ့လူနာ စုစုပေါင်းမှာတော့ ၂၆.၇ သန်းကျော်

ရှိလာခဲ့တာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။ ကိုဗစ်ကြောင့် ပြီးခဲ့တဲ့

၂၄ နာရီအတွင်း သေဆုံးသူ ၄၄၅၄ ဦးရှိခဲ့ပြီး ဗုဒ္ဓဟူးနေ့က စံချိန်တင် သေဆုံးဦးရေ

၄၅၂၉ ဦးပြီးရင် သေဆုံးဦးရေ ဒုတိယအများဆုံးနေ့ဖြစ်ခဲ့ပါတယ်။

ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့အတွက် lockdown သတ်မှတ်ထားရတဲ့ မြို့တော် နယူးဒေလီနဲ့

ဘဏ္ဍာရေးအချက်အချာ မွမ်ဘိုင်းတို့အပါအဝင် မြို့ကြီးတွေမှာ ကူးစက်မှုတွေ ကျဆင်းသွားခဲ့ချိန်

သေဆုံးဦးရေကတော့ ဆက်လက် မြင့်တက်နေခဲ့တာဖြစ်ကြောင်း သိရပါတယ်။ CNA

(zawgyi)

အိႏၵိယရဲ႕ ကိုဗစ္ ေသဆုံးဦးေရ ၃ သိန္းေက်ာ္ၿပီ

—အကုန္သိ သတင္းဌာန—

အိႏၵိယႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးရသူဦးေရ ၃ သိန္းေက်ာ္သြားၿပီျဖစ္ေၾကာင္း

တနလၤာေန႔(ေမ ၂၄) မွာ သတင္းထုတ္ျပန္ပါတယ္။ ျပင္းထန္တဲ့ ကူးစက္မႈလႈိင္းလုံးနဲ႔

ႀကဳံေနရတဲ့ အိႏၵိယဟာ အေမရိကန္၊ ဘရာဇီးတို႔ၿပီးရင္ ကိုဗစ္ေၾကာင့္

တတိယေျမာက္ ေသဆုံးဦးေရ အမ်ားဆုံးႏိုင္ငံျဖစ္ေနခဲ့ပါတယ္။

ေတာင္အာရွႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္မႈလႈိင္းလုံးဟာ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ ကို

လႊမ္းမိုးသြားခဲ့ၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္ေတြမွာ တစ္ေန႔တာ ပိုးကူးစက္အေရအတြက္ေတြ စံခ်ိန္တင္ေတြျဖစ္ခဲ့ပါတယ္။

သီတင္းႏွစ္ပတ္ေလာက္အတြင္း ေသဆုံးဦးေရ ၅၀၀၀၀ ထပ္တိုးခဲ့တာေၾကာင့္ ယခုအခါ အိႏၵိယရဲ႕

ေသဆုံးဦးေရ ၃၀၃၇၂၀ ဦးရွိလာခဲ့ကာ ပိုးေတြ႕လူနာ စုစုေပါင္းမွာေတာ့ ၂၆.၇ သန္းေက်ာ္

ရွိလာခဲ့တာကို က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ စာရင္းအရ သိရပါတယ္။ ကိုဗစ္ေၾကာင့္ ၿပီးခဲ့တဲ့

၂၄ နာရီအတြင္း ေသဆုံးသူ ၄၄၅၄ ဦးရွိခဲ့ၿပီး ဗုဒၶဟူးေန႔က စံခ်ိန္တင္ ေသဆုံးဦးေရ

၄၅၂၉ ဦးၿပီးရင္ ေသဆုံးဦးေရ ဒုတိယအမ်ားဆုံးေန႔ျဖစ္ခဲ့ပါတယ္။

ဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ lockdown သတ္မွတ္ထားရတဲ့ ၿမိဳ႕ေတာ္ နယူးေဒလီနဲ႔

ဘ႑ာေရးအခ်က္အခ်ာ မြမ္ဘိုင္းတို႔အပါအဝင္ ၿမိဳ႕ႀကီးေတြမွာ ကူးစက္မႈေတြ က်ဆင္းသြားခဲ့ခ်ိန္

ေသဆုံးဦးေရကေတာ့ ဆက္လက္ ျမင့္တက္ေနခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။ CNA