International News

ကိုဗစ်ထက်ဆိုးတဲ့ မှိုနက်ကူးစက်ရောဂါကို ရင်ဆိုင်နေရပြန်တဲ့ အိန္ဒိယ

ကိုဗစ်ထက်ဆိုးတဲ့ မှိုနက်ကူးစက်ရောဂါကို ရင်ဆိုင်နေရပြန်တဲ့ အိန္ဒိယ

ကိုဗစ်ဖြစ်ပွားမှုအလွန်အမင်းမြင့်မားနေတဲ့ အိန္ဒိယမှာ နောက်ဆက်တွဲရောဂါအဖြစ်

သေစေနိုင်တဲ့အထိပြင်းထန်တဲ့ မှိုနက်ရောဂါဖြစ်ပွားမှုဟာ ၉၀၀၀ နီးပါးအထိ ရှိနေတယ်လို့
.
BBC က ဖော်ပြပါတယ်။ ပုံမှန်အားဖြင့် ရှားပါးတဲ့ ဒီကူးစက်မှုဟာ သေဆုံးမှုနှုန်

း ၅၀% အထိရှိနေပြီး အချို့လူနာတွေဟာ မျက်စိကို ဖယ်ထုတ်မှသာ

အသက်ရှင်သန်ရစ်ဖို့ ကယ်တင်နိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့လအတွင်းမှာပဲ အိန္ဒိယမှာ ကူးစက်မှုပေါင်းထောင်နဲ့ချီကာတွေ့ရှိခဲ့ရပြီး

ကိုဗစ်ကူးစက်ခံရသူတွေနဲ့ ပြန်လည်ကောင်းမွန်သူတွေမှာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဆရာဝန်တွေကတော့ ဒါဟာ ကိုဗစ်ကုသရာမှာအသုံးပြုတဲ့ Steroid တမျိုးနဲ့ ဆက်စပ်နေတယ်လို့

ပြောဆိုခဲ့ကြပြီး ဆီးချိုရောဂါသည်တွေအတွက် ပိုမိုပြီးအန္တရာယ်ကြီးမားတယ်လို့လည်း ဆိုပါတယ်။

ကိုဗစ်ကူးစက်မှုကနေ ပြန်လည်ကောင်းမွန်လာတဲ့ ၁၂ ရက်ကနေ ၁၈ ရက်အတွင်းမှာ

ဖြစ်ပွားနိုင်တယ်လို့ ဆရာဝန်တွေက BBC ကို ပြောခဲ့ပါတယ်။ ဂူဂျာရတ်ပြည်နယ်အနောက်ပိုင်း နဲ့

မဟာရာရှတရာပြည်နယ်တို့မှာ ကူးစက်သူဦးရေဟာ ငါးထောင်နီးပါးအထိရှိနေပြီး ပြည်နယ်

၁၅ခုထက်မနည်းမှာ ဖြစ်ပွားမှုတွေက ၈ ခုကနေ ၉၀၀ အထိ ရှိတယ်လို့ သိရပါတယ်။

ဒီကူးစက်ရောဂါမြင့်တက်လာမှုကြောင့် ပြည်နယ် ၂၉ ခုမှာ ဒီရောဂါကို ကပ်ရောဂါအဖြစ်ကြေညာဖို့လည်း ပြောခဲ့ကြပါတယ်။

နိုင်ငံတဝှမ်းမှာဖွင့်ပေးထားတဲ့ ကုသရေးဆောင်တွေမှာလည်း လူနာတွေနဲ့ မြန်မြန်ဆန်ဆန်ပြည့်နှက်နေပြီး

ကုတင် ၁၁၀၀ အထိရှိတဲ့ Maharaja Yeshwantrao ဆေးရုံမှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက

ကူးစက်သူဦးရေဟာ ၈ ဦးကနေ ၁၈၅ ဦးအထိ မြင့်တက်ခဲ့ပါတယ်။ လူနာ ၈၀%ကျော်ဟာ

ချက်ချင်းဆိုသလို ခွဲစိတ်ကုသဖို့လိုအပ်ခဲ့ပြီး ဆေးရုံက ကုသဆောင် ၁၁ ခုမှာ ကုတင် ၂၀၀

အထိရှိပေမယ့်လည်း မှိုရောဂါကူးစက်ခံရသူတွေနဲ့ ပြည့်နှက်နေတယ်လို့

ဆေးရုံအုပ် ဒေါက်တာ VP Pandey က ပြောဆိုခဲ့ပါတယ်။

“ပြီးခဲ့့တဲ့တစ်နှစ်မှာ ဒီလိုဖြစ်ပွားသူ တစ်ဦး၊နှစ်ဦးလောက်ပဲ တွေ့ခဲ့ရပါတယ်” လို့ သူက ဆိုပါတယ်။

အနည်းဆုံး လူနာ ၄၀၀ လောက်ဟာ ဒေသတစ်ခုတည်းကနေ ကူးစက်ခဲ့တာလို့ သူက ယုံကြည်နေပြီး ”

ဒီရောဂါက အခုဆိုရင် ကိုဗစ်ထက်တောင်ပိုပြီး စိန်ခေါ်နိုင်စွမ်းကြီးမားလာပါတယ်၊ တကယ်လို့

အချိန်မီသာကုသမှုမရခဲ့ဘူးဆိုရင်တော့ အသေအပျောက်နှုန်းက ၉၄% အထိ မြင့်လာနိုင်ပါတယ်၊

ကုသစရိတ်ကလည်း များပြားပြီး ဆေးဝါးကလည်း ရှားပါးပါတယ်” လို့ ဒေါက်တာ Pandey က BBC ကို ပြောခဲ့ပါတယ်။

Mucormycosis လို့ ခေါ်ဝေါ်တဲ့ ဒီမှိုနက်စွဲကပ်မှုဟာ ရှားပါးတဲ့ ကူးစက်မှုဖြစ်ပြီး မြေဆီလွှာ၊

အပင်၊ ချေး နဲ့ အသီးအရွက်တွေမှာ တွေ့ရလေ့ရှိတဲ့ mucor မှိုနဲ့ ထိတွေ့မိတာကြောင့်လို့ ဆိုပါတယ်။

မွန်ဘိုင်းအခြေစိုက်မျက်စိခွဲစိတ်ဆရာဝန် ဒေါက်တာ Akshay Nair က နေရာအနှံ့မှာ ဒီမှိုကိုထိတွေ့နိုင်ပြီး

လေထု၊ကျန်းမာရေးကောင်းမွန်သူတွေရဲ့ နှာခေါင်းနဲ့ ချွဲတွေမှာလည်းတွေ့ရတတ်တယ်လို့ ဆိုပါတယ်။

#therivernews

zawgyi

ကိုဗစ္ထက္ဆိုးတဲ့ မႈိနက္ကူးစက္ေရာဂါကို ရင္ဆိုင္ေနရျပန္တဲ့ အိႏၵိယ

ကိုဗစ္ျဖစ္ပြားမႈအလြန္အမင္းျမင့္မားေနတဲ့ အိႏၵိယမွာ ေနာက္ဆက္တြဲေရာဂါအျဖစ္

ေသေစႏိုင္တဲ့အထိျပင္းထန္တဲ့ မႈိနက္ေရာဂါျဖစ္ပြားမႈဟာ ၉၀၀၀ နီးပါးအထိ ရွိေနတယ္လို႔

BBC က ေဖာ္ျပပါတယ္။ ပုံမွန္အားျဖင့္ ရွားပါးတဲ့ ဒီကူးစက္မႈဟာ ေသဆုံးမႈႏႈန္

း ၅၀% အထိရွိေနၿပီး အခ်ိဳ႕လူနာေတြဟာ မ်က္စိကို ဖယ္ထုတ္မွသာ

အသက္ရွင္သန္ရစ္ဖို႔ ကယ္တင္ႏိုင္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့လအတြင္းမွာပဲ အိႏၵိယမွာ ကူးစက္မႈေပါင္းေထာင္နဲ႔ခ်ီကာေတြ႕ရွိခဲ့ရၿပီး

ကိုဗစ္ကူးစက္ခံရသူေတြနဲ႔ ျပန္လည္ေကာင္းမြန္သူေတြမွာ ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

ဆရာဝန္ေတြကေတာ့ ဒါဟာ ကိုဗစ္ကုသရာမွာအသုံးျပဳတဲ့ Steroid တမ်ိဳးနဲ႔ ဆက္စပ္ေနတယ္လို႔

ေျပာဆိုခဲ့ၾကၿပီး ဆီးခ်ိဳေရာဂါသည္ေတြအတြက္ ပိုမိုၿပီးအႏၲရာယ္ႀကီးမားတယ္လို႔လည္း ဆိုပါတယ္။

ကိုဗစ္ကူးစက္မႈကေန ျပန္လည္ေကာင္းမြန္လာတဲ့ ၁၂ ရက္ကေန ၁၈ ရက္အတြင္းမွာ

ျဖစ္ပြားႏိုင္တယ္လို႔ ဆရာဝန္ေတြက BBC ကို ေျပာခဲ့ပါတယ္။ ဂူဂ်ာရတ္ျပည္နယ္အေနာက္ပိုင္း နဲ႔

မဟာရာရွတရာျပည္နယ္တို႔မွာ ကူးစက္သူဦးေရဟာ ငါးေထာင္နီးပါးအထိရွိေနၿပီး ျပည္နယ္

၁၅ခုထက္မနည္းမွာ ျဖစ္ပြားမႈေတြက ၈ ခုကေန ၉၀၀ အထိ ရွိတယ္လို႔ သိရပါတယ္။

ဒီကူးစက္ေရာဂါျမင့္တက္လာမႈေၾကာင့္ ျပည္နယ္ ၂၉ ခုမွာ ဒီေရာဂါကို ကပ္ေရာဂါအျဖစ္ေၾကညာဖို႔လည္း ေျပာခဲ့ၾကပါတယ္။

ႏိုင္ငံတဝွမ္းမွာဖြင့္ေပးထားတဲ့ ကုသေရးေဆာင္ေတြမွာလည္း လူနာေတြနဲ႔ ျမန္ျမန္ဆန္ဆန္ျပည့္ႏွက္ေနၿပီး

ကုတင္ ၁၁၀၀ အထိရွိတဲ့ Maharaja Yeshwantrao ေဆး႐ုံမွာ ၿပီးခဲ့တဲ့တစ္ပတ္အတြင္းက

ကူးစက္သူဦးေရဟာ ၈ ဦးကေန ၁၈၅ ဦးအထိ ျမင့္တက္ခဲ့ပါတယ္။ လူနာ ၈၀%ေက်ာ္ဟာ

ခ်က္ခ်င္းဆိုသလို ခြဲစိတ္ကုသဖို႔လိုအပ္ခဲ့ၿပီး ေဆး႐ုံက ကုသေဆာင္ ၁၁ ခုမွာ ကုတင္ ၂၀၀

အထိရွိေပမယ့္လည္း မႈိေရာဂါကူးစက္ခံရသူေတြနဲ႔ ျပည့္ႏွက္ေနတယ္လို႔

ေဆး႐ုံအုပ္ ေဒါက္တာ VP Pandey က ေျပာဆိုခဲ့ပါတယ္။

“ၿပီးခဲ့့တဲ့တစ္ႏွစ္မွာ ဒီလိုျဖစ္ပြားသူ တစ္ဦး၊ႏွစ္ဦးေလာက္ပဲ ေတြ႕ခဲ့ရပါတယ္” လို႔ သူက ဆိုပါတယ္။

အနည္းဆုံး လူနာ ၄၀၀ ေလာက္ဟာ ေဒသတစ္ခုတည္းကေန ကူးစက္ခဲ့တာလို႔ သူက ယုံၾကည္ေနၿပီး ”

ဒီေရာဂါက အခုဆိုရင္ ကိုဗစ္ထက္ေတာင္ပိုၿပီး စိန္ေခၚႏိုင္စြမ္းႀကီးမားလာပါတယ္၊ တကယ္လို႔

အခ်ိန္မီသာကုသမႈမရခဲ့ဘူးဆိုရင္ေတာ့ အေသအေပ်ာက္ႏႈန္းက ၉၄% အထိ ျမင့္လာႏိုင္ပါတယ္၊

ကုသစရိတ္ကလည္း မ်ားျပားၿပီး ေဆးဝါးကလည္း ရွားပါးပါတယ္” လို႔ ေဒါက္တာ Pandey က BBC ကို ေျပာခဲ့ပါတယ္။

Mucormycosis လို႔ ေခၚေဝၚတဲ့ ဒီမႈိနက္စြဲကပ္မႈဟာ ရွားပါးတဲ့ ကူးစက္မႈျဖစ္ၿပီး ေျမဆီလႊာ၊

အပင္၊ ေခ်း နဲ႔ အသီးအ႐ြက္ေတြမွာ ေတြ႕ရေလ့ရွိတဲ့ mucor မႈိနဲ႔ ထိေတြ႕မိတာေၾကာင့္လို႔ ဆိုပါတယ္။

မြန္ဘိုင္းအေျခစိုက္မ်က္စိခြဲစိတ္ဆရာဝန္ ေဒါက္တာ Akshay Nair က ေနရာအႏွံ႔မွာ ဒီမႈိကိုထိေတြ႕ႏိုင္ၿပီး

ေလထု၊က်န္းမာေရးေကာင္းမြန္သူေတြရဲ႕ ႏွာေခါင္းနဲ႔ ခြၽဲေတြမွာလည္းေတြ႕ရတတ္တယ္လို႔ ဆိုပါတယ္။

#therivernews