News

စစ်ကိုင်းမှာ ဒုရဲမှုးကို ရဲတပ်သားက သေနတ်နဲ့ ပစ်သတ်သိရ

မေလ ၂၄ ရက်

စစ်ကိုင်းမြို့ အမှတ် ၁၆ လုံခြုံရေးရဲတပ်ရင်းထဲမှာ ဒီကနေ့ မေလ ၂၄ ရက်နေ့က

ဒုရဲမှုးကို ရဲတပ်သားက သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ဒုရဲမှုးနဲ့ ရဲတပ်သားတို့ဟာ အပြန်အလှန်စကားများရန်ဖြစ်ခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ရဲတပ်သားဟာ ချင်းပြည်နယ်မှာ မွေးဖွားခဲ့တဲ့

ချင်းတိုင်းရင်းးသားတစ်ယောက်ဖြစ်တယ်လို့လည်း ထပ်မံသိရပါတယ်။

သူတို့နှစ်ဉီးဟာ နံနက်ပိုင်း တန်းစီတဲ့အချိန်မှာလည်း စကားများရန်ဖြစ်ခဲ့ကြသလို

နေ့လည်ပိုင်းလောက်မှာလည်း စကားများရန်ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်သားက ဒုရဲမှုးကို သေနတ်နဲ့ အချက်ပေါင်း

၂၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒုရဲမှုးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

သတင်းရင်းမြစ် : မျက်မှောက်ခေတ်

zawgyi

မေလ ၂၄ ရက်









