News













ဘယ်လိုရင်ဆိုင်ကြမလဲ…







unicode

စစ်ပွဲတွေဟာ သပိတ်တိုက်ပွဲတွေလိုပဲ ကျနော်တို့ ရပ်ကွက်တွေထဲ ကျနော်တို့ လမ်းတွေထဲ

ကျနော်တို့ အိမ်ရှေ့တွေထိ ရောက်လာပြီဆိုရင် ဘာလုပ်ကြမလဲ…

ကျနော်တို့တွေခုစဉ်းစားရမှာက စစ်ပွဲတွေဟာ သပိတ်တိုက်ပွဲတွေလိုပဲ ကျနော်တို့ ရပ်ကွက်တွေထဲ

ကျနော်တို့ လမ်းတွေထဲ ကျနော်တို့ အိမ်ရှေ့တွေထိ ရောက်လာပြီဆိုရင် ဘာလုပ်ကြမလဲဆိုတာပါပဲ…

ဘယ်သူကမှတော့စစ်မဖြစ်ချင်ကြဘူးပေါ့ ဒါကြောင့်လည်း ရွေးကောက်ပွဲတွေမှာ မဲပေးခဲ့ကြတယ်…

မကျေနပ်တာရှိရင် လူစုပြီးဆန္ဒပြကြတယ် သတင်းစာရှင်းလင်းပွဲတွေလုပ်ကြတယ်

လိုအပ်ရင် သက်ဆိုင်ရာအဆင့်ဆင့်ကို စာရေးလို့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ တိုင်တန်းအရေးဆိုခဲ့ကြတယ်…

စစ်တပ်အင်အား လက်နက်အင်အားတွေနဲ့ အာဏာသိမ်းပစ်ခဲ့တာတောင်မှ ကျနော်တို့ပြည်သူတွေက လက်၃ချောင်းပဲထောင်ပြီး

ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတယ်…

ခုတော့ အင်မတန်ငြိမ်းချမ်းချင်တဲ့ပြည်သူတွေဆီကို စစ်ပွဲလေးတွေ စစ်ပွဲကြီးတွေဟာ ရှောင်မရရှားမရ တည့်တည့်ဝင်လာကြပြီ…

ကျနော်တို့ပြည်သူတွေတယောက်ချင်းစီက ဘာတွေလုပ်ကြမလဲ

ဘယ်လိုရင်ဆိုင်ကြမလဲ…

ဒါဟာ အလေးအနက်စဉ်းစားရမယ့်ကိစ္စဖြစ်လာပါပြီ…

ဟိုး…ရှေ့တပြမှာမြင်နေရတဲ့ တရားမျှတလွတ်လပ်တဲ့ တန်းတူရည်တူပြည်ထောင်စုကြီးဆီမှ

ာ ငြိမ်းချမ်းခြင်းနဲ့ဆက်လက်ရှင်သန်ကြဖို့ စစ်ပွဲဆိုတဲ့သားရဲတွင်းကြီးကို ကျနော်တို့ဖြတ်လျှောက်ရပါတော့မယ်…

စစ်ပွဲတွေကိုအဆုံးသတ်နိုင်ဖို့ စစ်ဝါဒကိုအမြစ်ဖြတ်နိုင်ဖို့ စစ်ပွဲကာလကိုအောင်မြင်စွာဖြတ်သန်းနိုင်ဖို့

စစ်ပွဲတွေအကြောင်း ကျနော်တို့လေ့လာဖို့လိုအပ်လာပါပြီ…

CRD_မိုဃ်းသွေး May 22th 2021