News

မြန်မာ့အရေး အာဆီယံထိပ်သီးအစည်းအဝေးပြီးဆုံးခဲ့တာ တလကြာမြင့်ခဲ့ပေမယ့် အစည်းအဝေးဆုံးဖြတ်ချက်တွေ ဘာတခုမှ အကောင်အထည်မဖော်နိုင်သေး

မေလ ၂၄ ရက်

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဂျကာတာပိုစ့် ၊ အယ်ဒီတာ့အာဘော်ကဏ္ဍမှာ ” လုပ်စရာရှိတာမြန်မြန်လုပ်

အာဆီယံ ”ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ဖော်ပြခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ မြန်မာတပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့အတွက် မြန်မာ့အရေးအာဆီယံ

အထူးအစည်းအဝေးကို ဧပြီ ၂၄ ရက်မှာကျင်းပခဲ့ပြီး အခုဆို တလကျော်သွားခဲ့ပါပြီ။

အမေရိကန်အပါအဝင် ပြင်ပအဖွဲ့အစည်းတွေကလည်း အာဆီယံအစည်းအဝေးက ဒေသတွင်းတည်ငြိမ်မှုအတွက်အရေးပါ

အခရာကျနေတဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ဧပြီ ၂၄ ရက် အထူးအစည်းအဝေးအပေါ် အရေးတယူရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တဲ့

အာဆီယံအထူးအစည်းအဝေးမှာ ဘုံသဘောတူညီချက် ၅ ချက် ရရှိခဲ့ပါတယ်။ တလကျော်ကြာ

မြင့်ခဲ့ပြီဖြစ်ပေမယ့်လည်း ထိပ်သီးအာဆီယံအစည်းအဝေးမျှော်လင့်ချက်ကတော့ ဝေဝါးနေဆဲပါပဲ။

လေ့လာသူတွေအပါအဝင် မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေကို နဖူးတွေ့ ဒူးတွေရင်ဆိုင်နေရသူတွေအနေနဲ့

အာဆီယံအစည်းအဝေးအပြီး နောက်ဆက်တွဲမြင်တွေ့နေရတဲ့ပြဿနာတွေကြောင့် စိတ်မရှည်နိုင်ဖြစ်နေကြပါတယ်။

ဂျကာတာလာဖို့ မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တာ အာဆီယံအတွက်တော့ ကြီးမားတဲ့စွန့်စားမှုပါပဲ။

မြန်မာပြည်သူတွေက စစ်ကောင်စီကို တရားဝင်အစိုးရ မသတ်မှတ်ထားတဲ့အတွက် အာဆီယံဖိတ်ကြားမှုက

စစ်ကောင်စီကိုတရားဝင်အစိုးရဖြစ်သွားစေမယ့် ပြဿနာ ကလည်း ရှိခဲ့ပါတယ်။

အာဆီယံက မင်းအောင်လှိုင်ကို ဘယ်လိုပုံစံနဲ့ ဖိတ်ကြားခဲ့သည်ဖြစ်စေ အာဆီယံအထူးအစည်းအဝေးက

ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ချက်စလုံးကို မင်းအောင်လှိုင်မျက်ကွယ်ပြုသွားခဲ့တာကတော့ ထင်ရှားပါတယ်။

အာဆီယံမျှော်လင့်ချက်က ၂၄ နာရီလောက်သာ ကြာမြင့်ခဲ့ပါတယ်။

အာဆီယံအစည်းအဝေးကို ဘယ်လိုမျက်နှာဖုံးတွေနဲ့ပဲတက်ခဲ့ တက်ခဲ့ ၊ နေပြည်တော်ပြန်ရောက်တာနဲ့

မင်းအောင်လှိုင်တပ်ခဲ့တဲ့ မျက်နှာဖုံးကွာကျပြီး မူရင်းသရုပ်မှန် ပေါ်လာပါတော့တယ်။

ပြန်ရောက်ပြီးသိပ်မကြာခင်ရက်ပိုင်းမှာပဲ အာဆီယံအကြံ

ပြုချက်တွေကို နိုင်ငံအခြေအနေတည်ငြိမ်သွားမှ စဉ်းစား

မယ်လို့ ကြေညာခဲ့ပါတယ်။ မင်းအောင်လှိုင် နဲ့ စကစ က မြန်မာပြည်သူတွေအပေါ်သာမက နိုင်ငံတကာကိုပါ လိမ်လည်ခဲ့ပါတယ်။ ။

လက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေအရ NUG ကလည်း စစ်တပ်နဲ့ညှိနှိုင်းမှုတွေ ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

အာဆီယံ အထူးအစည်းအဝေးကျင်းပပြီးနောက်ရက်သတ္တပတ်တွေအတွင်း မြန်မာနိုင်ငံကိုစေလွှတ်မယ့်

အထူးသံတမန်ရွေးချယ်ရေးကိစ္စအပေါ် အာဆီယံခေါင်းဆောင်တွေ အာရုံစိုက်ခဲ့ပေမယ့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ

ကတော့ စကားပြောဖို့ စိတ်ဝင်စားတဲ့လက္ခဏာတောင် မပြခဲ့ပါဘူး။

မေလ ၇ ရက်မှာတော့ ပြည်တွင်းအခြေအနေမငြိမ်သက်မချင်း ဘယ်လိုခရီးစဉ်မျိုးကိုမှ

လက်ခံမှာမဟုတ်ဘူးလို့စကစ က ကြေညာခဲ့ပါတယ်။ ရှက်စရာပါပဲ။

မြေပြင်မှာ တကယ်ရုန်းကန်နေရတဲ့ မြန်မာပြည်သူပြည်သားတွေကတော့

ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး မြန်မာစစ်တပ်ကို ပြန်လည်ခုခံနေကြပါတယ်။

Ref:eastasiaforum

zawgyi

ေမလ ၂၄ ရက္

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဂ်ကာတာပိုစ့္ ၊ အယ္ဒီတာ့အာေဘာ္က႑မွာ ” လုပ္စရာရွိတာျမန္ျမန္လုပ္

အာဆီယံ ”ေခါင္းစဥ္နဲ႔ ေဆာင္းပါးတပုဒ္ေဖာ္ျပခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္မွာ ျမန္မာတပ္က ႏိုင္ငံေတာ္အာဏာသိမ္းယူခဲ့တဲ့အတြက္ ျမန္မာ့အေရးအာဆီယံ

အထူးအစည္းအေဝးကို ဧၿပီ ၂၄ ရက္မွာက်င္းပခဲ့ၿပီး အခုဆို တလေက်ာ္သြားခဲ့ပါၿပီ။

အေမရိကန္အပါအဝင္ ျပင္ပအဖြဲ႕အစည္းေတြကလည္း အာဆီယံအစည္းအေဝးက ေဒသတြင္းတည္ၿငိမ္မႈအတြက္အေရးပါ

အခရာက်ေနတဲ့ အစိတ္အပိုင္းျဖစ္တဲ့အတြက္ ဧၿပီ ၂၄ ရက္ အထူးအစည္းအေဝးအေပၚ အေရးတယူရွိခဲ့ပါတယ္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္ကိုယ္တိုင္ တက္ေရာက္ခဲ့တဲ့

အာဆီယံအထူးအစည္းအေဝးမွာ ဘုံသေဘာတူညီခ်က္ ၅ ခ်က္ ရရွိခဲ့ပါတယ္။ တလေက်ာ္ၾကာ

ျမင့္ခဲ့ၿပီျဖစ္ေပမယ့္လည္း ထိပ္သီးအာဆီယံအစည္းအေဝးေမွ်ာ္လင့္ခ်က္ကေတာ့ ေဝဝါးေနဆဲပါပဲ။

ေလ့လာသူေတြအပါအဝင္ ျမန္မာစစ္တပ္ရဲ႕ ႏွိမ္နင္းမႈေတြကို နဖူးေတြ႕ ဒူးေတြရင္ဆိုင္ေနရသူေတြအေနနဲ႔

အာဆီယံအစည္းအေဝးအၿပီး ေနာက္ဆက္တြဲျမင္ေတြ႕ေနရတဲ့ျပႆနာေတြေၾကာင့္ စိတ္မရွည္ႏိုင္ျဖစ္ေနၾကပါတယ္။

ဂ်ကာတာလာဖို႔ မင္းေအာင္လႈိင္ကိုဖိတ္ၾကားခဲ့တာ အာဆီယံအတြက္ေတာ့ ႀကီးမားတဲ့စြန္႔စားမႈပါပဲ။

ျမန္မာျပည္သူေတြက စစ္ေကာင္စီကို တရားဝင္အစိုးရ မသတ္မွတ္ထားတဲ့အတြက္ အာဆီယံဖိတ္ၾကားမႈက

စစ္ေကာင္စီကိုတရားဝင္အစိုးရျဖစ္သြားေစမယ့္ ျပႆနာ ကလည္း ရွိခဲ့ပါတယ္။

အာဆီယံက မင္းေအာင္လႈိင္ကို ဘယ္လိုပုံစံနဲ႔ ဖိတ္ၾကားခဲ့သည္ျဖစ္ေစ အာဆီယံအထူးအစည္းအေဝးက

ခ်မွတ္ခဲ့တဲ့ ဘုံသေဘာတူညီခ်က္ ၅ ခ်က္စလုံးကို မင္းေအာင္လႈိင္မ်က္ကြယ္ျပဳသြားခဲ့တာကေတာ့ ထင္ရွားပါတယ္။

အာဆီယံေမွ်ာ္လင့္ခ်က္က ၂၄ နာရီေလာက္သာ ၾကာျမင့္ခဲ့ပါတယ္။

အာဆီယံအစည္းအေဝးကို ဘယ္လိုမ်က္ႏွာဖုံးေတြနဲ႔ပဲတက္ခဲ့ တက္ခဲ့ ၊ ေနျပည္ေတာ္ျပန္ေရာက္တာနဲ႔

မင္းေအာင္လႈိင္တပ္ခဲ့တဲ့ မ်က္ႏွာဖုံးကြာက်ၿပီး မူရင္းသ႐ုပ္မွန္ ေပၚလာပါေတာ့တယ္။

ျပန္ေရာက္ၿပီးသိပ္မၾကာခင္ရက္ပိုင္းမွာပဲ အာဆီယံအႀကံ

ျပဳခ်က္ေတြကို ႏိုင္ငံအေျခအေနတည္ၿငိမ္သြားမွ စဥ္းစား

မယ္လို႔ ေၾကညာခဲ့ပါတယ္။ မင္းေအာင္လႈိင္ နဲ႔ စကစ က ျမန္မာျပည္သူေတြအေပၚသာမက ႏိုင္ငံတကာကိုပါ လိမ္လည္ခဲ့ပါတယ္။ ။

လက္ရွိျဖစ္ပ်က္ေနတဲ့အျဖစ္အပ်က္ေတြအရ NUG ကလည္း စစ္တပ္နဲ႔ညႇိႏႈိင္းမႈေတြ ျပဳလုပ္မွာမဟုတ္ဘူးလို႔ ေျပာၾကားထားပါတယ္။

အာဆီယံ အထူးအစည္းအေဝးက်င္းပၿပီးေနာက္ရက္သတၱပတ္ေတြအတြင္း ျမန္မာႏိုင္ငံကိုေစလႊတ္မယ့္

အထူးသံတမန္ေ႐ြးခ်ယ္ေရးကိစၥအေပၚ အာဆီယံေခါင္းေဆာင္ေတြ အာ႐ုံစိုက္ခဲ့ေပမယ့္ အာဏာသိမ္းအၾကမ္းဖက္စစ္ေကာင္စီ

ကေတာ့ စကားေျပာဖို႔ စိတ္ဝင္စားတဲ့လကၡဏာေတာင္ မျပခဲ့ပါဘူး။

ေမလ ၇ ရက္မွာေတာ့ ျပည္တြင္းအေျခအေနမၿငိမ္သက္မခ်င္း ဘယ္လိုခရီးစဥ္မ်ိဳးကိုမွ

လက္ခံမွာမဟုတ္ဘူးလို႔စကစ က ေၾကညာခဲ့ပါတယ္။ ရွက္စရာပါပဲ။

ေျမျပင္မွာ တကယ္႐ုန္းကန္ေနရတဲ့ ျမန္မာျပည္သူျပည္သားေတြကေတာ့

ကာကြယ္ေရးတပ္ဖြဲ႕ေတြဖြဲ႕ၿပီး ျမန္မာစစ္တပ္ကို ျပန္လည္ခုခံေနၾကပါတယ္။

Ref:eastasiaforum