News

ျပည္သူေတြရွိသေရြ႕ပါတီရွိေနမည္ဟု ေဒၚေအာင္ဆန္းစုၾကည္က လူထုကို သတင္းစကားပါး

ျပည္သူေတြရွိသေရြ႕ပါတီရွိေနမည္ဟု ေဒၚေအာင္ဆန္းစုၾကည္က လူထုကို သတင္းစကားပါး

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီသည္ လူထုအတြက္တည္ေထာင္ထားသည့္ပါတီျဖစ္သည့္အတြက္

ျပည္သူေတြရွိသေရြ႕ ပါတီတည္ရွိေနမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္

ေဒၚေအာင္ဆန္းစုၾကည္က လူထုကို သတင္းစကားပါးလိုက္သည္။

“အေမေျပာတာက အားလုံးက်န္းမာေစဖို့အတြက္ ဆုေတာင္းေပးေနပါတယ္လို့ေျပာတယ္။

ပါတီေထာင္တာတာလည္း ျပည္သူေတြအတြက္ေထာင္ထားျဖစ္တာေၾကာင့္ ျပည္သူေတြရွိသေရြ

႕ပါတီရွိေနပါမယ္လို့ေျပာတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္၏ေရွ႕ေနျဖစ္သူ

ေဒၚမင္းမင္းစိုးကယေန႔ျပဳလုပ္သည့္ ႐ုံးခ်ိန္းအၿပီးတြင္ေျပာသည္။

ေမ ၂၄ရက္ေန႔တြင္ ေဒၚေအာင္ဆန္းစုၾကည္အား ေနျပည္ေတာ္ေကာင္စီ႐ုံးအတြင္းရွီ အေဆာက္အဦတစ္ခုတြင္

ပထမဆုံးအႀကိမ္ လူေတြ႕႐ုံးထုတ္စစ္ေဆးခဲ့သည္။ ၾကားနာမွုမတိုင္မီ နံနက္ ၉နာရီတြင္

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ၎၏ေရွ႕ေနမ်ားႏွင့္ ပထမဆုံးအႀကိမ္လူခ်င္းေတြ႕ဆုံေဆြးေႏြးခြင့္ရခဲ့သည္။

သတင္းႏွင့္ဓာတ္ပုံ−ဖရြန္းတီးယားျမန္မာ

unicode

ပြည်သူတွေရှိသရွေ့ပါတီရှိနေမည်ဟု ဒေါ်အောင်ဆန်းစုကြည်က လူထုကို သတင်းစကားပါး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လူထုအတွက်တည်ထောင်ထားသည့်ပါတီဖြစ်သည့်အတွက်

ပြည်သူတွေရှိသရွေ့ ပါတီတည်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်

ဒေါ်အောင်ဆန်းစုကြည်က လူထုကို သတင်းစကားပါးလိုက်သည်။

“အမေပြောတာက အားလုံးကျန်းမာစေဖို့အတွက် ဆုတောင်းပေးနေပါတယ်လို့ပြောတယ်။

ပါတီထောင်တာတာလည်း ပြည်သူတွေအတွက်ထောင်ထားဖြစ်တာကြောင့် ပြည်သူတွေရှိသရွေ

့ပါတီရှိနေပါမယ်လို့ပြောတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေဖြစ်သူ

ဒေါ်မင်းမင်းစိုးကယနေ့ပြုလုပ်သည့် ရုံးချိန်းအပြီးတွင်ပြောသည်။

မေ ၂၄ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ကောင်စီရုံးအတွင်းရှီ အဆောက်အဦတစ်ခုတွင်

ပထမဆုံးအကြိမ် လူတွေ့ရုံးထုတ်စစ်ဆေးခဲ့သည်။ ကြားနာမှုမတိုင်မီ နံနက် ၉နာရီတွင်

ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေများနှင့် ပထမဆုံးအကြိမ်လူချင်းတွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

သတင်းနှင့်ဓာတ်ပုံ−ဖရွန်းတီးယားမြန်မာ