News

မိုးမောက်မြို့နယ် စစ်ဘေးရှောင်စခန်းတွေဆီကို ပစ္စည်းအသုံးအဆောင်တွေရောက်ရှိသွားအောင် ကြိုးစားလှူဒါန်းပေးခဲ့တဲ့ စေတနာရှင်ဆရာ၀န်မလေးတစ်ဦး

တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတဲ့ အလျောက်စစ်ဘေးရှောင်ပြည်သူတွေလည်းတစ်ဆထက်

တစ်ဆတိုးပွားလာနေပြီး တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေမှာလည်း အခက်အခဲဒုက္ခတွေများစွာကြုံတွေ့နေရပြီး အစားအသောက်၊

ဆေးဝါးပစ္စည်းတွေ လုံလုံလောက်လောက်မရှိကြတဲ့အတွက် စစ်ဘေးရှောင်ရင်း

အသက်သေဆုံးသွားကြရတဲ့ပြည်သူတွေလည်း ရှိလာနေတာဖြစ်ပါတယ်။

စစ်ဘေးရှောင်နေရတဲ့သူတွေအတွက် ပြည်သူတွေဘက်ကနေလည်း တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်နေကြပြီး

သွားလာရေးခက်ခဲမှုတွေကြောင့် ပို့ဆောင်မှုတွေမှာအခက်အခဲရှိနေကြတာဖြစ်ပါတယ်။

အခုလို အခက်အခဲတွေကြားကနေ စေတနာရှင်ဆရာ၀န်မလေးတစ်ယောက်ကတော့

တတ်နိုင်သရွေ့အလှူငွေကောက်ခံကာ စစ်ဘေးရှောင်စခန်းတွေဆီကို ပစ္စည်းအသုံးအဆော

တွေရောက်အောင် လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “ကချင်ပြည်နယ်

မိုးမောက်မြို့နယ် စစ်ရှောင်စခန်းများဆီသို့စစ်ရှောင်ပြည်သူများ လိုအပ်သောမိုးကာ

တလဘတ်အလိပ်ကြီး ၅လိပ်ခေါက်ဖျာ 250ဆေးစိမ်ခြင်ထောင် 200သွားတိုက်ဆေးဘူး 1000

အဝတ်လျှော်ဆပ်ပြာမူန့် 1500ထီး အလက် 600ဆပ်ပြာတုံး 1500Pad 1500ခေါင်းလျှော်ရည်အထုပ်

1500ခေါက်ဆွဲခြောက်ဖာ 15ဖာဆေးထည့်ဗီရိုတလုံး အဝတ်လှမ်းချိတ် 1800 နဲ့

အခြားလိုအပ်သောပစည်းများအစားအသောက်များTotal သိန်း 150 ဖိုးခန့် အောင်မြင်စွာရောက်ရှိ

သွားကြောင်းအလှူရှင်များဝမ်းသာအောင် တင်ပေးတာပါကူညီလုပ်ကိုင်ပေးတဲ့ ကျွန်တော့်ရဲ့

အကိုအမတွေမောင်လေးတွေရော အလှူရှင်တွေရော

ကျေးဇူးအများကြီးတင်ပါတယ် ဆိုပြီးရေးသားမျှဝေထားခဲ့တာဖြစ်ပါတယ်။

ကဲပရိသတ်တွေ ပီတိဖြစ်စေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

zawgyi



















