News

သူရဲကောင်းမောင်ဇင်လင်းထက်ရဲ့ ကျန်ရစ်သူမိသားစုအတွက် အိမ်လေးတစ်လုံးဖြစ်မြောက်အောင် ဆောက်လုပ်ပေးနေကြတဲ့ စေတနာရှင်များ

သူရဲကောင်းမောင်ဇင်လင်းထက်ရဲ့ ကျန်ရစ်သူမိသားစုအတွက်

အိမ်လေးတစ်လုံးဖြစ်မြောက်အောင် ဆောက်လုပ်ပေးနေကြတဲ့ စေတနာရှင်များ

လက်ရှိဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေကတော့ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက

စတင်ခဲ့ပြီး ဖေဖော်ဝါရီ(၈)ရက်နေ့မှာ ကျဆုံးသူရဲကောင်းတွေရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေ့ကနေစတင်ပြီး ဒီနေ့အချိန်ထိ ကျဆုံးသူဦးရေ အယောက် (၈၀၀) ကျော်ခဲ့တာကြောင့်

တချို့အိမ်တွေမှာ မိသားစုဝင်မစုံလင်တော့တာဖြစ်ပါတယ်။

တချို့လူငယ်လေးတွေဆိုရင် မိသားစုကမပြည့်စုံတာတောင် လူထုလှုပ်ရှားမှုတွေမှာ

ရှေ့ဆုံးကနေ ရဲရဲရင့်ရင့် ပါဝင်အားဖြည့်ပေးကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ(၂၈)ရက်နေ့မှာ သူရဲကောင်းလေး မောင်ဇင်လင်းထက်က လှည်းတန်းက

လူထုလှုပ်ရှားမှုမှာပါဝင်ရင်းဦးခေါင်းကိုကျည်ထိခဲ့လို့ ကျဆုံးသွားတာဖြစ်ပါတယ်။

မောင်ဇင်လင်းထက်ရဲ့မိသားစုက ကျိုက်ထိုမြို့မှာနေထိုင်ကြပြီး လက်လုပ်လက်စားပြည်သူတွေဖြစ်ကြပါတယ်။

ကျန်ရစ်သူမိသားစုတွေခမျာ အားကိုးရတဲ့သားလေးကိုအပြီးတိုင်ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနာကျင်နေကြတာဖြစ်ပါတယ်။

ပြည်သူလူထုကတော့ မောင်ဇင်လင်းထက်ရဲ့ကျန်ရစ်သူမိသားစုကို တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ပြည်သူတစ်ဦးက မောင်ဇင်လင်းထက်အတွက် အလှူငွေကောက်ခံထားတဲ့

ငွေတွေအားလုံးနဲ့ကျန်ရစ်သူမိသားစုကို အိမ်လေးတစ်လုံးပြီးစီးအောင် ဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။

အခုလိုမျိုး ကျဆုံးသူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုကို ကိုယ်ချင်းစာပြီး

ကူညီလှူဒါန်းကြတဲ့ အလှူရှင်တွေရဲ့စိတ်ဓာတ်က အရမ်းလေးစားဖို့ကောင်းပါတယ်။

သူရဲကောင်းရဲ့ကျန်ရစ်သူမိသားစုအတွက် အလှူရှင်တွေအကုန်လုံးဝိုင်းဝန်းပြီးဆောက်လုပ်ပေးနေတဲ့အိမ်လေးက

မကြာခင်ပြီးစီးတော့မယ့်ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

zawgyi

သူရဲေကာင္းေမာင္ဇင္လင္းထက္ရဲ႕ က်န္ရစ္သူမိသားစုအတြက္

အိမ္ေလးတစ္လုံးျဖစ္ေျမာက္ေအာင္ ေဆာက္လုပ္ေပးေနၾကတဲ့ ေစတနာရွင္မ်ား

လက္ရွိျဖစ္ေပၚေနတဲ့ ေႏြဦးေတာ္လွန္ေရကေတာ့ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ကတည္းက

စတင္ခဲ့ၿပီး ေဖေဖာ္ဝါရီ(၈)ရက္ေန႔မွာ က်ဆုံးသူရဲေကာင္းေတြရွိခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေန႔ကေနစတင္ၿပီး ဒီေန႔အခ်ိန္ထိ က်ဆုံးသူဦးေရ အေယာက္ (၈၀၀) ေက်ာ္ခဲ့တာေၾကာင့္

တခ်ိဳ႕အိမ္ေတြမွာ မိသားစုဝင္မစုံလင္ေတာ့တာျဖစ္ပါတယ္။

တခ်ိဳ႕လူငယ္ေလးေတြဆိုရင္ မိသားစုကမျပည့္စုံတာေတာင္ လူထုလႈပ္ရွားမႈေတြမွာ

ေရွ႕ဆုံးကေန ရဲရဲရင့္ရင့္ ပါဝင္အားျဖည့္ေပးၾကတာျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔မွာ သူရဲေကာင္းေလး ေမာင္ဇင္လင္းထက္က လွည္းတန္းက

လူထုလႈပ္ရွားမႈမွာပါဝင္ရင္းဦးေခါင္းကိုက်ည္ထိခဲ့လို႔ က်ဆုံးသြားတာျဖစ္ပါတယ္။

ေမာင္ဇင္လင္းထက္ရဲ႕မိသားစုက က်ိဳက္ထိုၿမိဳ႕မွာေနထိုင္ၾကၿပီး လက္လုပ္လက္စားျပည္သူေတြျဖစ္ၾကပါတယ္။

က်န္ရစ္သူမိသားစုေတြခမ်ာ အားကိုးရတဲ့သားေလးကိုအၿပီးတိုင္ဆုံးရႈံးလိုက္ရလို႔ ဝမ္းနည္းနာက်င္ေနၾကတာျဖစ္ပါတယ္။

ျပည္သူလူထုကေတာ့ ေမာင္ဇင္လင္းထက္ရဲ႕က်န္ရစ္သူမိသားစုကို တတ္ႏိုင္သေလာက္ကူညီေပးၾကတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ျပည္သူတစ္ဦးက ေမာင္ဇင္လင္းထက္အတြက္ အလႉေငြေကာက္ခံထားတဲ့

ေငြေတြအားလုံးနဲ႔က်န္ရစ္သူမိသားစုကို အိမ္ေလးတစ္လုံးၿပီးစီးေအာင္ ေဆာက္လုပ္ေပးေနတာျဖစ္ပါတယ္။

အခုလိုမ်ိဳး က်ဆုံးသူရဲေကာင္းေတြရဲ႕ က်န္ရစ္သူမိသားစုကို ကိုယ္ခ်င္းစာၿပီး

ကူညီလႉဒါန္းၾကတဲ့ အလႉရွင္ေတြရဲ႕စိတ္ဓာတ္က အရမ္းေလးစားဖို႔ေကာင္းပါတယ္။

သူရဲေကာင္းရဲ႕က်န္ရစ္သူမိသားစုအတြက္ အလႉရွင္ေတြအကုန္လုံးဝိုင္းဝန္းၿပီးေဆာက္လုပ္ေပးေနတဲ့အိမ္ေလးက

မၾကာခင္ၿပီးစီးေတာ့မယ့္ပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။