News

( စစ္သင္တန္းေပးတာ မရွိဘူး ၊ YOUTH CAMP ေတြပဲရွိတယ္တဲ့… သေဘာေပါက္လား…) စစ္သင္တန္းမပို႔ခ်ရန္ အၾကမ္းဖက္စစ္ေကာင္စီက ကန႔္ကြက္စာပို႔သည့္အေပၚ ေကအန္ယူ တုံ႔ျပန္

( စစ္သင္တန္းေပးတာ မရွိဘူး ၊ YOUTH CAMP ေတြပဲရွိတယ္တဲ့… သေဘာေပါက္လား…)

စစ္သင္တန္းမပို႔ခ်ရန္ အၾကမ္းဖက္စစ္ေကာင္စီက ကန႔္ကြက္စာပို႔သည့္အေပၚ ေကအန္ယူ တုံ႔ျပန္

စစ္သင္တန္းမပို႔ခ်ရန္ အၾကမ္းဖက္စစ္ေကာင္စီက ကန႔္ကြက္စာပို႔သည့္အေပၚ

ေကအန္ယူ တုံ႔ျပန္( စစ္သင္တန္းေပးတာ မရွိဘူး ၊ youth camp ေတြပဲရွိတယ္တဲ့… သေဘာေပါက္လား…)

စစ္သင္တန္းေတြပို႔ခ်တာေတြ မလုပ္ဖို႔ကရင္အမ်ိဳးသားအစည္း႐ုံး(ေကအန္ယူ)ကို

ကရင္ျပည္နယ္ အၾကမ္းဖက္စစ္ေကာင္စီက

ေမလ ၁၈ ရက္ေန႔စြဲနဲ႔ ကန႔္ကြက္စာေပးပို႔လိုက္ပါတယ္။

စစ္ေကာင္စီရဲ႕ ကန႔္ကြက္လႊာမွာ မတရားအသင္းအျဖစ္ေၾကညာထားတဲ့ ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မီတီ၊

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္နဲ႔

သူတို႔ရဲ႕ လက္ေအာက္ခံ အဖြဲ႕အစည္းမွာ ပါဝင္သူတခ်ိဳ႕ကို ေကအန္ယူ တပ္မဟာ ၁ ၊

တပ္မဟာ ၆ နဲ႔ တပ္မဟာ ၇ နယ္ေျမေတြမွာ

လက္နက္ကိုင္ အၾကမ္းဖက္လုပ္ရပ္ေတြအတြက္ စစ္သင္တန္းေတြ ပို႔ခ်ေပးေနတယ္လို႔ ဖမ္းဆီးရမိသူတခ်ိဳ႕ထံမွ သိရေၾကာင္း ေဖာ္ျပပါတယ္။

ဒါဟာ အန္စီေအ သေဘာတူစာခ်ဳ္ပပါ ေဒသဆိုင္ရာ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔

တရားဥပေဒ စိုးမိုးေရးဆိုင္ရာကိစၥရပ္ဟူေသာ အခ်က္ကို ေဖာက္ဖ်က္ေနၿပီး အစိုးရရဲ႕

အု္ပ္ခ်ဳပ္မႈ ယႏၲရားပ်က္ျပားေစရန္

ရည္႐ြယ္ လုပ္ေဆာင္ေနေၾကာင္းေတြ႕ရွိတဲ့အတြက္

ကန္ကြက္ေၾကာင္း

ကရင္ျပည္နယ္ စစ္ေကာင္စီက ေကအန္ယူ ဗဟိုနဲ႔ တပ္မဟာမ်ား ဆက္ဆံေရး႐ုံးကို ကန႔္ကြက္လႊာေပးပို႔တာျဖစ္ပါတယ္။

ဒီကန႔္ကြက္လႊာနဲ႔ ပတ္သက္ၿပီး ေကအန္ယူ အေထြေထြအတြင္းေရးမႉး ၂ ပဒိုေစာလွထြန္းက

ေကအန္ယူနယ္ေျမအတြင္းမွာ လႊတ္ေတာ္ youth camp ဖြင့္လွစ္ထားတာရွိေပမယ့္ စစ္သင္တန္းပို႔ခ်တာမရွိဘူးလို႔ ေျပာပါတယ္။

“ဒီမွာ စစ္သင္တန္းေပးတာ ရွိမွ မရွိဘဲ၊

က်ေနာ္တို႔ လူငယ္ youth camp ေတြ အဲဒါပဲ ရွိတာေပါ့။

တျခားေတာ့ မၾကားမိပါလား။ သူတို႔သတင္းရတာပဲ မွားသလား၊

ဒီမွာကေတာ့ ပုံမွန္လုပ္ေနတဲ့ youth camp ေတြကေတာ့ ပုံမွန္လုပ္ေနတာရွိတယ္ေလ။

တပ္မဟာ ၆ ၊ တပ္မဟာ ၇ အဲဒါေတြလုပ္တဲ့အတြက္ အဲဒါနဲ႔ သြားမွားတာလား။

ေနာက္မဟုတ္ရင္လည္း သူတို႔တပ္က ထြက္ေပးတဲ့ ဘယ္ဗိုလ္ႀကီးလဲ သူတို႔အဖြဲ႕ေတြက သင္တန္းေပးတာ၊

အဲဒီသတင္း သိရတယ္ေလ။ အဲဒါသြားမွားတာလား။ ေကအန္ယူကေတာ့ အဲဒီလူငယ္ေတြ youth camp သင္တန္းေပးတာကလြဲ ၿပီး တျခားဘာမွရွိပါလား” ။

တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုရဲ႕

နယ္ေျမအတြင္း ေဖာက္ခြဲဖ်က္ဆီးေရး

သင္တန္းတက္ေရာက္ခဲ့ေတြနဲ႔ သူတို႔နဲ႔

ပါဝင္ပတ္သက္သူ ၂၂ ေယာက္ကို ဥပေဒအရ

ထိေရာက္စြာအေရးယူႏိုင္ေရး ေဆာင္႐ြက္သြားမယ္လို႔ စစ္တပ္ပိုင္

မီဒီယာေတြကေန ေမလ ၉ ရက္က သတင္းထုတ္ျပန္ထားပါတယ္။

CRD_dvb

UNICODE

( စစ်သင်တန်းပေးတာ မရှိဘူး ၊ YOUTH CAMP တွေပဲရှိတယ်တဲ့… သဘောပေါက်လား…)

စစ်သင်တန်းမပို့ချရန် အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပို့သည့်အပေါ် ကေအန်ယူ တုံ့ပြန်

စစ်သင်တန်းမပို့ချရန် အကြမ်းဖက်စစ်ကောင်စီက ကန့်ကွက်စာပို့သည့်အပေါ်

ကေအန်ယူ တုံ့ပြန်( စစ်သင်တန်းပေးတာ မရှိဘူး ၊ youth camp တွေပဲရှိတယ်တဲ့… သဘောပေါက်လား…)

စစ်သင်တန်းတွေပို့ချတာတွေ မလုပ်ဖို့ကရင်အမျိုးသားအစည်းရုံး(ကေအန်ယူ)ကို

ကရင်ပြည်နယ် အကြမ်းဖက်စစ်ကောင်စီက

မေလ ၁၈ ရက်နေ့စွဲနဲ့ ကန့်ကွက်စာပေးပို့လိုက်ပါတယ်။

စစ်ကောင်စီရဲ့ ကန့်ကွက်လွှာမှာ မတရားအသင်းအဖြစ်ကြေညာထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မီတီ၊

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့

သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းမှာ ပါဝင်သူတချို့ကို ကေအန်ယူ တပ်မဟာ ၁ ၊

တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ နယ်မြေတွေမှာ

လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေအတွက် စစ်သင်တန်းတွေ ပို့ချပေးနေတယ်လို့ ဖမ်းဆီးရမိသူတချို့ထံမှ သိရကြောင်း ဖော်ပြပါတယ်။

ဒါဟာ အန်စီအေ သဘောတူစာချု်ပပါ ဒေသဆိုင်ရာ တည်ငြိမ်အေးချမ်းရေးနဲ့

တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စရပ်ဟူသော အချက်ကို ဖောက်ဖျက်နေပြီး အစိုးရရဲ့

အု်ပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်

ရည်ရွယ် လုပ်ဆောင်နေကြောင်းတွေ့ရှိတဲ့အတွက်

ကန်ကွက်ကြောင်း

ကရင်ပြည်နယ် စစ်ကောင်စီက ကေအန်ယူ ဗဟိုနဲ့ တပ်မဟာများ ဆက်ဆံရေးရုံးကို ကန့်ကွက်လွှာပေးပို့တာဖြစ်ပါတယ်။

ဒီကန့်ကွက်လွှာနဲ့ ပတ်သက်ပြီး ကေအန်ယူ အထွေထွေအတွင်းရေးမှူး ၂ ပဒိုစောလှထွန်းက

ကေအန်ယူနယ်မြေအတွင်းမှာ လွှတ်တော် youth camp ဖွင့်လှစ်ထားတာရှိပေမယ့် စစ်သင်တန်းပို့ချတာမရှိဘူးလို့ ပြောပါတယ်။

“ဒီမှာ စစ်သင်တန်းပေးတာ ရှိမှ မရှိဘဲ၊

ကျနော်တို့ လူငယ် youth camp တွေ အဲဒါပဲ ရှိတာပေါ့။

တခြားတော့ မကြားမိပါလား။ သူတို့သတင်းရတာပဲ မှားသလား၊

ဒီမှာကတော့ ပုံမှန်လုပ်နေတဲ့ youth camp တွေကတော့ ပုံမှန်လုပ်နေတာရှိတယ်လေ။

တပ်မဟာ ၆ ၊ တပ်မဟာ ၇ အဲဒါတွေလုပ်တဲ့အတွက် အဲဒါနဲ့ သွားမှားတာလား။

နောက်မဟုတ်ရင်လည်း သူတို့တပ်က ထွက်ပေးတဲ့ ဘယ်ဗိုလ်ကြီးလဲ သူတို့အဖွဲ့တွေက သင်တန်းပေးတာ၊

အဲဒီသတင်း သိရတယ်လေ။ အဲဒါသွားမှားတာလား။ ကေအန်ယူကတော့ အဲဒီလူငယ်တွေ youth camp သင်တန်းပေးတာကလွဲ ပြီး တခြားဘာမှရှိပါလား” ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့

နယ်မြေအတွင်း ဖောက်ခွဲဖျက်ဆီးရေး

သင်တန်းတက်ရောက်ခဲ့တွေနဲ့ သူတို့နဲ့

ပါဝင်ပတ်သက်သူ ၂၂ ယောက်ကို ဥပဒေအရ

ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်ပိုင်

မီဒီယာတွေကနေ မေလ ၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

CRD_dvb