International News

အိန္ဒိယ ဆိုင်ကလုန်း သေဆုံးသူ ၈၇ ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်များစွာကို ရေတပ်က ရှာဖွေနေ

အိန္ဒိယ ဆိုင်ကလုန်း သေဆုံးသူ ၈၇ ဦး ရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်များစွာကို ရေတပ်က ရှာဖွေနေ

—အကုန်သိ သတင်းဌာန—

အိန္ဒိယနိုင်ငံမှာ အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုအတွင်း ဗုဒ္ဓဟူးနေ့အထိ

သေဆုံးရသူဦးရေ ၈၇ ဦးသို့ ရောက်ရှိလာကြောင်း သိရပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့်

သေဆုံးဦးရေ စံချိန်တင်ဖြစ်ခဲ့ရတဲ့ နိုင်ငံအတွက် ကြမ္မာဆိုးထပ်ဝင်လာမှုအဖြစ် မုန်တိုင်းကြောင့်

လက်ရှိတိုင် ပျောက်ဆုံးနေဆဲ လူ ၆၅ ဦးကို ရေတပ်က ရှာဖွေနေခဲ့ပါတယ်။

ဆိုင်ကလုန်း Tauktae ဟာ တနင်္လာနေ့ အနှောင်းပိုင်းမှာ အိန္ဒိယ အနောက်ဘက် ကမ်းရိုးတန်းကို

ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး အပျက်အစီး တသီတတန်းဖြစ်ကျန်ရစ်ခဲ့ပါတယ်။

ကမ်းလွန် ရေနံလုပ်ကွက်တစ်ခုကို ၈ မီတာမြင့်တဲ့ ဝင်ရောက်လှိုင်းလုံးတွေ ရိုက်ခတ်ခဲ့ပြီးနောက်မှာ

ရေတပ်က ကယ်ဆယ်ပေးခဲ့ရသူ ၆၀၀ ကျော်ရှိပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ

ပြောဆိုခဲ့ပါတယ်။ အလောင်း ၂၂ လောင်းကိုလည်း ရှာဖွေတွေ့ရှိထားခဲ့ပြီး ကယ်ဆယ်ရေး လေယာဉ်တွေနဲ့

ရဟတ်ယာဉ်တွေဟာ မိုင်တိုင်းတိုက်ခတ်မှုအတွင်း နစ်မြုပ်သွားခဲ့တဲ့ ဘက်စုံထောက်ပံ့ရေး

သင်္ဘောတစ်စီးပေါ်မှ အလုပ်သမား ၆၅ ဦးကို ဆက်လက်ရှာဖွေနေကြတယ်လို့ဆိုပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းလေအလွန်ကြမ်းတမ်းခဲ့တာကြောင့် အသက်ကယ်လှေပေါ် သူတို့တက်နိုင်ခြင်း

မရှိကြောင်း အနောက်ပိုင်ရေတပ်ဌာနချုပ် အကြီးအကဲ အမ်.ကေ ဂျားက ပြောဆိုပါတယ်။

ဆိုင်ကလုန်းဟာ ဂူဂျာရတ်ပြည်နယ်ကို မဝင်ရောက်မီမှာပဲ တစ်နာရီ ၁၈၅ ကီလိုမီတာနှုန်းနဲ့ .

လေတိုက်ခတ်မှုရှိခဲ့ပြီး အိန္ဒိယ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မုန်တိုင်း မိုးကြီးမှု၊

လေပြင်းတိုက်ခတ်မှုတွေကြောင့် လူ ၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။

မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက်မှာ ပြည်နယ်အတွင်း သေဆုံးဦးရေဟာ ၄၅ ဦးအထိရောက်ရှိလာတယ်လို့

ဂူဂျာရတ်ပြည်နယ် တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ပြီး နေအိမ်တွေ၊ နံရံတွေ ပြိုကျခြင်းကြောင့်

သေဆုံးသူ အများအပြားရှိခဲ့တာဖြစ်ကာ သေဆုံးဦးရေ တိုးလာဖွယ်ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။ CNA

zawgyi

အိႏၵိယ ဆိုင္ကလုန္း ေသဆုံးသူ ၈၇ ဦး ရွိလာၿပီး ေပ်ာက္ဆုံးေနသူ ဒါဇင္မ်ားစြာကို ေရတပ္က ရွာေဖြေန

—အကုန္သိ သတင္းဌာန—

အိႏၵိယႏိုင္ငံမွာ အားျပင္းဆိုင္ကလုန္းမုန္တိုင္း ဝင္ေရာက္တိုက္ခတ္ခဲ့မႈအတြင္း ဗုဒၶဟူးေန႔အထိ

ေသဆုံးရသူဦးေရ ၈၇ ဦးသို႔ ေရာက္ရွိလာေၾကာင္း သိရပါတယ္။ ဒါ့အျပင္ ကိုဗစ္-၁၉ ေၾကာင့္

ေသဆုံးဦးေရ စံခ်ိန္တင္ျဖစ္ခဲ့ရတဲ့ ႏိုင္ငံအတြက္ ၾကမၼာဆိုးထပ္ဝင္လာမႈအျဖစ္ မုန္တိုင္းေၾကာင့္

လက္ရွိတိုင္ ေပ်ာက္ဆုံးေနဆဲ လူ ၆၅ ဦးကို ေရတပ္က ရွာေဖြေနခဲ့ပါတယ္။

ဆိုင္ကလုန္း Tauktae ဟာ တနလၤာေန႔ အေႏွာင္းပိုင္းမွာ အိႏၵိယ အေနာက္ဘက္ ကမ္း႐ိုးတန္းကို

ဝင္ေရာက္တိုက္ခတ္ခဲ့တာျဖစ္ၿပီး အပ်က္အစီး တသီတတန္းျဖစ္က်န္ရစ္ခဲ့ပါတယ္။

ကမ္းလြန္ ေရနံလုပ္ကြက္တစ္ခုကို ၈ မီတာျမင့္တဲ့ ဝင္ေရာက္လႈိင္းလုံးေတြ ႐ိုက္ခတ္ခဲ့ၿပီးေနာက္မွာ

ေရတပ္က ကယ္ဆယ္ေပးခဲ့ရသူ ၆၀၀ ေက်ာ္ရွိၿပီျဖစ္ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔မွာ

ေျပာဆိုခဲ့ပါတယ္။ အေလာင္း ၂၂ ေလာင္းကိုလည္း ရွာေဖြေတြ႕ရွိထားခဲ့ၿပီး ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔

ရဟတ္ယာဥ္ေတြဟာ မိုင္တိုင္းတိုက္ခတ္မႈအတြင္း နစ္ျမဳပ္သြားခဲ့တဲ့ ဘက္စုံေထာက္ပံ့ေရး

သေဘၤာတစ္စီးေပၚမွ အလုပ္သမား ၆၅ ဦးကို ဆက္လက္ရွာေဖြေနၾကတယ္လို႔ဆိုပါတယ္။

ပင္လယ္ျပင္မွာ လႈိင္းေလအလြန္ၾကမ္းတမ္းခဲ့တာေၾကာင့္ အသက္ကယ္ေလွေပၚ သူတို႔တက္ႏိုင္ျခင္း

မရွိေၾကာင္း အေနာက္ပိုင္ေရတပ္ဌာနခ်ဳပ္ အႀကီးအကဲ အမ္.ေက ဂ်ားက ေျပာဆိုပါတယ္။

ဆိုင္ကလုန္းဟာ ဂူဂ်ာရတ္ျပည္နယ္ကို မဝင္ေရာက္မီမွာပဲ တစ္နာရီ ၁၈၅ ကီလိုမီတာႏႈန္းနဲ႔ .

ေလတိုက္ခတ္မႈရွိခဲ့ၿပီး အိႏၵိယ အေနာက္ပိုင္းနဲ႔ ေတာင္ပိုင္းေဒသေတြမွာ မုန္တိုင္း မိုးႀကီးမႈ၊

ေလျပင္းတိုက္ခတ္မႈေတြေၾကာင့္ လူ ၂၀ ဝန္းက်င္ ေသဆုံးခဲ့ပါတယ္။

မုန္တိုင္းဝင္ေရာက္ခဲ့ၿပီးေနာက္မွာ ျပည္နယ္အတြင္း ေသဆုံးဦးေရဟာ ၄၅ ဦးအထိေရာက္ရွိလာတယ္လို႔

ဂူဂ်ာရတ္ျပည္နယ္ တာဝန္ရွိသူေတြက ဗုဒၶဟူးေန႔မွာ ေျပာဆိုခဲ့ၿပီး ေနအိမ္ေတြ၊ နံရံေတြ ၿပိဳက်ျခင္းေၾကာင့္

ေသဆုံးသူ အမ်ားအျပားရွိခဲ့တာျဖစ္ကာ ေသဆုံးဦးေရ တိုးလာဖြယ္ရွိတယ္လို႔လည္း ဆိုခဲ့ပါတယ္။ CNA