News

ဇန်နဝါရီလ မှ မေလ အထိ သုံးစွဲပြီး ယူနစ်များကို သုံးကြိမ်ခွဲ ကောက်ခံသွားမည်

နိုင်ငံရေး အပြောင်းအလဲများကြောင့် ကောက်ခံမှု ရပ်ဆိုင်းထားသည့် ဇန်နဝါရီလ မှ မေလ အတွင်း

သုံးစွဲထားသည့်လျှပ်စစ်မီတာခများကို သုံးစွဲပြီး ယူနစ်များ ကို အချိုးကျ တွက်ချက်ပြီး

သုံးကြိမ်ခွဲ ကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီတာများကို မေလ အတွင်းလိုက် ဖက်နေပြီး ဇန်နဝါရီလ မှ လက်ရှိမေ လ အတွင်း

သုံးစွဲယူနစ်များကို ဘေလ် သုံးစောင်ခွဲပြီးကောက်ခံသွားမည်ဖြစ်ကြောင်း ၊ထိုသို့ပြန် လည်

ကောက်ခံရာတွင် ယခင်ကအိမ်သုံးလျှပ်စစ် မီတာခ များကို

ယူနစ် ၁၅၀(ကျပ် ၁၁၀၀၀) ကို ဇန်နဝါရီလ မှ မတ်လ အထိ ကွင်းလွတ်ခွင့်ပြုထားပြီး

လျော့ချ တွက်ချက်ထားကြောင်းဧပြီလ မှ စတင်ကာ အဆိုပါကင်းလွတ်ခွင့်

မပြုတော့ကြောင်း ပုသိမ်ကြီးမြို့နယ် လျှပ် စစ် မန်နေဂျာက ပြောသည်။

“ ဇန်နဝါရီလ အတွက် ဖတ်တာတဲ့ မီတာခဘေလ်တွေကို ဖေဖော်ဝါရီလဆန်းမှာ ၀န်ထမ်းတွေ

CDM ပြုလုပ်ခဲ့တာကြောင့်မဝေနိုင်လိုက်ပါဘူး။ဒီတော့ မေလ မီတာတွေ လိုက်ဖက်နေတာက

ဖေဖော်ဝါရီ မတ် ၊ဧပြီ အတွက်လိုက်ဖက်တာပါ။ လက်ရှိမှာ ဖတ်ပြီးသားမီတာခများကို လိုက်ဝေနေပါပြီ။

ဒီလိုက်ဝေနေတဲ့ မီတာဘေလ် တွေသည် ဇန်နဝါရီလ အတွက် သုံးစွဲထားသော် မီတာခ များကို

မေ လ ၂၅ ရက် နောက်ဆုံးထားပေးဆောင်ရမှာဖြစ်ပါတယ်။မီတာဘေလ်မှာ မတ်လ ၂၅

လို့ရေးထားပေမယ့် နောက် ၂လ ဆုတ်ပြီးမေ လ ၂၅ ထိ ခွင့်ပြုထားပါတယ်။ ဒီလိုပဲ

ဖေဖော်ဝါရီ လ အတွက် ဆိုရင် ဇွန်လ ၂၅ ရက်မှာ ဆက် လက် ဆောင်သွားရမှာပါ။

ဒီလို မီတာခ ဆောင်ရာမှာ အရင်က အိမ်သုံးမီတာ များကို ယူနစ် ၁၅၀ =ကျပ် ၁၁၀၀၀

ကင်းလွတ်ခွင့်ကို တစ်ခါတာ လျော့ပေးထားပါတယ်။ဇန်နဝါရီ ၊ဖေဖော်ဝါရီ၊မတ် သုံးလ

ကင်းလွတ်ခွင့်ပေးထားပါတယ်။ ဧပြီလ ကစပြီး ယူနစ် ၁၅၀ ကင်းလွတ်ခွင့် မပါရှိတော့ပါဘူး။

မတ်လ နဲ့ ဧပြီလအတွက်ကိုတော့ ဇူလိုင်လ မှာ ပေါင်းဆောင်ရပေမယ့် မတ်လ အတွက်

ယူနစ် ၁၅၀ လျော့ပေးထားပါတယ်” ဟု ၄င်းကပြောသည်။လျှစ်စစ်မီတာခများကို ပြန်လည်ကောက်ခံရာတွင်

ဇန်နဝါရီလ အတွက် ပေးဆောင်ရမည့် မီတာခများကို ၂ လ နောက်ကျ ကာ မေ ၂၅ ရက်နေ့ နောက်ဆုံးထားကာ

သက်ဆိုင်ရာ မြို့နယ် လျှပ်စစ်ရုံးများတွင် ပေးဆောင်ရ မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၊မတ်၊ဧပြီ လ များ

အတွက် ပေးဆောင်ရမည့် နောက်ဆုံးထားရက်များအတိုင်း သက်ဆိုင်ရာ လျှပ်စစ်ရုံးများတွင်လည်းကောင်း ၊

ယခင်ဘဏ်စနစ်ဖြင့် ပေးဆောင်နိုင်ရန် ဘဏ်များနှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရသည်။

Source -ရွှေမန်း-

zawgyi