News

နိုင်ငံရေး စိတ်မဝင်စားစေရန် လောင်းကစား၀ိုင်းများကို နိုင်ငံတစ်ဝန်း စစ်ကောင်စီက စီမံချက်ဖြင့် တရားဝင်လုပ်ခိုင်း

နိုင်ငံရေး စိတ်မဝင်စားစေရန် လောင်းကစား၀ိုင်းများကို နိုင်ငံတစ်ဝန်း စစ်ကောင်စီက စီမံချက်ဖြင့် တရားဝင်လုပ်ခိုင်း

ရန်ကုန်၊ မေ ၁၈

အကြမ်းဖက် စစ်ကောင်စီက လတ်တလော ၎င်းတို့၏ စစ်အာဏာသိမ်းမှု အောင်မြင်စေရန်နှင့်

ပြည်သူများ နိုင်ငံရေးတွင် စိတ်ဝင်စားမှုမရှိစေရန် နိုင်ငံတစ်ဝန်း ကျေးလက်တောရွာများတွင်

လောင်းကစား၀ိုင်းများကို တရားဝင်ခွင့်ပြုနေပြီး အရှိန်အဟုန်မြှင့်လုပ်ဆောင်ပေးလျက်ရှိ ကြောင်း သိရှိရသည်။

ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာ၀တီတိုင်း အပါအဝင် ပြည်နယ်၊

တိုင်းဒေသကြီးများတွင် ယခု ဧပြီလအတွင်း လောင်းကစား၀ိုင်းများ အသီးသီးပေါ်ပေါက်လာပြီး နေ့စဉ်

ညနေ ၅ နာရီခန့်မှစ၍ မိုးလင်းသည်အထိ လောင်းကစားမှုများ ပြုလုပ်နိုင်ကြောင်း၊ ယခုအခါ

လောင်းကစား၀ိုင်းများသည် နေ့အချိန်များတွင်ပါ လွတ်လွတ်လပ်လပ် ကစားခွင့်ပြုထားကြောင်း၊

လောင်းကစား၀ိုင်းများကို အကန့်အသတ်မရှိဘဲ နေ့စဉ်ပုံစံဖြင့် ဖွင့်လှစ်ထားပြီး အဓိက ကျေးရွာ ရန်ပုံငွေ

ခေါင်းစဉ်ဖြင့် မည်သူမဆို ဆော့ကစားနိုင်စေရန် ဖန်တီးပေးထားကြောင်း သိရှိရသည်။

“ဒိုင်ကိုင်တဲ့သူတွေက ရွာအုပ်ချုပ်ရေးကို ရန်ပုံငွေ ပေးရတယ်။ ဒိုင်တစ်ခုကို ပေးရတဲ့ အကောက်ကြေးက

နေ့စဉ်ပုံစံနဲ့ ပေးရတာ။ တစ်ရွာနဲ့ တစ်ရွာ မတူဘူး။ လူများတဲ့ရွာ၊ ရွာချင်းဆက်နေတဲ့ ရွာတွေဆိုရင်

ပေးရတဲ့ အကောက် ကြေးမြင့်တယ်။ အဲဒီမှာ လောင်းကစား၀ိုင်းမှာ ညဆိုရင်

အုပ်ကြီး(အုပ်ချုပ်ရေးမှူး)တို့ ဘာတို့က အစ လာထိုင်ပေးတယ်။

သူက ကျေးရွာရန်ပုံငွေဆိုတဲ့ ခေါင်း စဉ်နဲ့ တရားဝင်ပါ။ ဘယ်ရဲမှ လာမဖမ်းဘူး။ အာမခံနဲ့ ဖွင့်တာ။

ရက်ကန့်သတ်ထားတာမရှိဘူး။ ညတိုင်း ကစားလို့ရတယ်။ အခုနောက်ပိုင်းက နေ့အချိန်တွေပါ

ကစားလို့ရပြီ။ လူတွေ လည်း အလုပ်မရှိတော့ မထိုးရင်တောင် သွားကြည့်ကြတာပဲ။

ဧပြီလ သင်္ကြန်မတိုင်ခင်လောက်က တည်းက အဲဒါတွေ ပေါ်လာတာ” ဟု ဧရာ၀တီတိုင်း၊

မအူပင်မြို့နယ်မှ ကျေးရွာတစ်ခုမှ ဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော ဓာတ်ပုံသက်သေ အထောက်အထားများအရ ပဲခူး တိုင်း၊

ကျောက်တံခါးမြို့နယ် ကျီးရိုးရွာလည်းကောင်း၊ ရေတာရှည်မြို့နယ်၊ ထန်းကုန်ရွာတွင်လည်းကောင်း

လောင်းကစား၀ိုင်းများ နေ့၊ ညပုံစံဖြင့် လောင်းကစားလျက်ရှိကြကြောင်း စိစစ်တွေ့ရှိရသည်။

မကွေးတိုင်း၊ တောင်တွင်ကြိးမြို့နယ်၊ ပရပ်ကြယ်မှာလည်း လောင်းကစားဝိုင်းများကို မတ်လကတည်းက

စစ်ကောင်စီမှ ခွင့်ပြုပေးထားပြီး ယနေ့အထိ နေ့တိုင်းရှိနေသည်ဟု

ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့လာသည်။

zawgyi

ႏိုင္ငံေရး စိတ္မဝင္စားေစရန္ ေလာင္းကစား၀ိုင္းမ်ားကို ႏိုင္ငံတစ္ဝန္း စစ္ေကာင္စီက စီမံခ်က္ျဖင့္ တရားဝင္လုပ္ခိုင္း

ရန္ကုန္၊ ေမ ၁၈

အၾကမ္းဖက္ စစ္ေကာင္စီက လတ္တေလာ ၎တို႔၏ စစ္အာဏာသိမ္းမႈ ေအာင္ျမင္ေစရန္ႏွင့္

ျပည္သူမ်ား ႏိုင္ငံေရးတြင္ စိတ္ဝင္စားမႈမရွိေစရန္ ႏိုင္ငံတစ္ဝန္း ေက်းလက္ေတာ႐ြာမ်ားတြင္

ေလာင္းကစား၀ိုင္းမ်ားကို တရားဝင္ခြင့္ျပဳေနၿပီး အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ေပးလ်က္ရွိ ေၾကာင္း သိရွိရသည္။

ပဲခူးတိုင္း၊ မေကြးတိုင္း၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္း၊ ဧရာ၀တီတိုင္း အပါအဝင္ ျပည္နယ္၊

တိုင္းေဒသႀကီးမ်ားတြင္ ယခု ဧၿပီလအတြင္း ေလာင္းကစား၀ိုင္းမ်ား အသီးသီးေပၚေပါက္လာၿပီး ေန႔စဥ္

ညေန ၅ နာရီခန႔္မွစ၍ မိုးလင္းသည္အထိ ေလာင္းကစားမႈမ်ား ျပဳလုပ္ႏိုင္ေၾကာင္း၊ ယခုအခါ

ေလာင္းကစား၀ိုင္းမ်ားသည္ ေန႔အခ်ိန္မ်ားတြင္ပါ လြတ္လြတ္လပ္လပ္ ကစားခြင့္ျပဳထားေၾကာင္း၊

ေလာင္းကစား၀ိုင္းမ်ားကို အကန႔္အသတ္မရွိဘဲ ေန႔စဥ္ပုံစံျဖင့္ ဖြင့္လွစ္ထားၿပီး အဓိက ေက်း႐ြာ ရန္ပုံေငြ

ေခါင္းစဥ္ျဖင့္ မည္သူမဆို ေဆာ့ကစားႏိုင္ေစရန္ ဖန္တီးေပးထားေၾကာင္း သိရွိရသည္။

“ဒိုင္ကိုင္တဲ့သူေတြက ႐ြာအုပ္ခ်ဳပ္ေရးကို ရန္ပုံေငြ ေပးရတယ္။ ဒိုင္တစ္ခုကို ေပးရတဲ့ အေကာက္ေၾကးက

ေန႔စဥ္ပုံစံနဲ႔ ေပးရတာ။ တစ္႐ြာနဲ႔ တစ္႐ြာ မတူဘူး။ လူမ်ားတဲ့႐ြာ၊ ႐ြာခ်င္းဆက္ေနတဲ့ ႐ြာေတြဆိုရင္

ေပးရတဲ့ အေကာက္ ေၾကးျမင့္တယ္။ အဲဒီမွာ ေလာင္းကစား၀ိုင္းမွာ ညဆိုရင္

အုပ္ႀကီး(အုပ္ခ်ဳပ္ေရးမႉး)တို႔ ဘာတို႔က အစ လာထိုင္ေပးတယ္။

သူက ေက်း႐ြာရန္ပုံေငြဆိုတဲ့ ေခါင္း စဥ္နဲ႔ တရားဝင္ပါ။ ဘယ္ရဲမွ လာမဖမ္းဘူး။ အာမခံနဲ႔ ဖြင့္တာ။

ရက္ကန႔္သတ္ထားတာမရွိဘူး။ ညတိုင္း ကစားလို႔ရတယ္။ အခုေနာက္ပိုင္းက ေန႔အခ်ိန္ေတြပါ

ကစားလို႔ရၿပီ။ လူေတြ လည္း အလုပ္မရွိေတာ့ မထိုးရင္ေတာင္ သြားၾကည့္ၾကတာပဲ။

ဧၿပီလ သၾကၤန္မတိုင္ခင္ေလာက္က တည္းက အဲဒါေတြ ေပၚလာတာ” ဟု ဧရာ၀တီတိုင္း၊

မအူပင္ၿမိဳ႕နယ္မွ ေက်း႐ြာတစ္ခုမွ ေဒသခံတစ္ဦးက ေျပာဆိုသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနက ရရွိထားေသာ ဓာတ္ပုံသက္ေသ အေထာက္အထားမ်ားအရ ပဲခူး တိုင္း၊

ေက်ာက္တံခါးၿမိဳ႕နယ္ က်ီး႐ိုး႐ြာလည္းေကာင္း၊ ေရတာရွည္ၿမိဳ႕နယ္၊ ထန္းကုန္႐ြာတြင္လည္းေကာင္း

ေလာင္းကစား၀ိုင္းမ်ား ေန႔၊ ညပုံစံျဖင့္ ေလာင္းကစားလ်က္ရွိၾကေၾကာင္း စိစစ္ေတြ႕ရွိရသည္။

မေကြးတိုင္း၊ ေတာင္တြင္ႀကိးၿမိဳ႕နယ္၊ ပရပ္ၾကယ္မွာလည္း ေလာင္းကစားဝိုင္းမ်ားကို မတ္လကတည္းက

စစ္ေကာင္စီမွ ခြင့္ျပဳေပးထားၿပီး ယေန႔အထိ ေန႔တိုင္းရွိေနသည္ဟု

ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ သတင္းေပးပို႔လာသည္။