News

“ အေျခခံစားေသာက္ကုန္အခ်ိဳ့၏ ေဈးႏွုန္းမ်ား ၁၀ ရာခိုင္ႏွုန္းမွ ၁၅ ရာခိုင္ႏွုန္းအထိ ျမင့္တက္လာ ”

“ အေျခခံစားေသာက္ကုန္အခ်ိဳ့၏ ေဈးႏွုန္းမ်ား ၁၀ ရာခိုင္ႏွုန္းမွ ၁၅ ရာခိုင္ႏွုန္းအထိ ျမင့္တက္လာ ”

ျပည္တြင္းရွိ အေျခခံစားေသာက္ကုန္ေစ်းႏွုန္းမ်ား လက္ရွိတြင္ ၁၀ ရာခိုင္ႏွုန္းမွ ၁၅ ရာခိုင္ႏွုန္းအထိ ျမင့္တက္ေနေၾကာင္း

စားေသာက္ကုန္လုပ္ငန္းရွင္မ်ားႏွင့္ အသားငါးဒိုင္မ်ားမွသိရသည္။အဓိကေစ်းႏွုန္းျမင့္ တက္သည့္ ကုန္စည္မ်ားမွာ

ဆန္၊ ဆီ၊ အသား၊ ဟင္းသီးဟင္းရြက္မ်ားႏွင့္ေဆးဝါးစသည္မွာ ေစ်းႏွုန္းေျပာင္းလဲျမင့္တက္လာျခင္း ျဖစ္သည္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွစတင္၍ အေျခခံစားေသာက္ကုန္ေစ်းႏွုန္းမ်ား ျမင့္တက္လာျခင္းသည္

လက္ရွိအခ်ိန္ထိ ေစ်းက်ျခင္းမရွိေသးေၾကာင္း ေစ်းေရာင္းခ်သူမ်ားႏွင့္ ဝယ္ယူသိမ်ားထံမွသိရသည္။

“အိမ္မွာ ဆီေတြဘာေတြအပိုဝယ္ထားဖို့ သြားဝယ္ေတာ့ အရင္ဟင္းသီးဟင္းရြက္ဆီ ၁.၈ လီတာ

တစ္ဗူးကို ၃၅၀၀ က်ပ္ကေန ၄၅၀၀ အထိျဖစ္သြားတယ္။ ခုထိဒီေစ်းႏွုန္းပဲ။ ျပန္က်သြားတာမ်ိဳးမရွိေသးဘူး”

ဟု ေတာင္ဒဂုံၿမိဳ့နယ္တြင္ ေနထိုင္သူတစ္ဦးက ဆိုသည္။

ဆန္ေစ်းႏွုန္းမ်ားတြင္ ဆန္ၾကမ္းမွာ ပုံမွန္ေစ်းႏွုန္းအတိုင္းသာရွိၿပီး ဆန္ေခ်ာအေနျဖင့္ ေပၚဆန္းေတာင္ပ်ံ

ယခင္ ၂၄ ျပည္ တစ္အိတ္လၽွင္ က်ပ္ ၄၀၀၀၀ ေက်ာ္မွ ယခု ၅၀၀၀၀ ဝန္းက်င္အထိရွိၿပီး၊ ဖ်ာပုံေပၚဆန္းေမႊးမွာ

က်ပ္ ၄၅၀၀၀ ခန႔္မွ ၄၈၀၀၀ အထိ ေစ်းႏွုန္းမ်ားျမင့္တက္ေနၿပီး ဆန္ေခ်ာအားလုံးနီးပါး ၁၀ ရာခိုင္ႏွုန္းမွ

၁၅ ရာခိုင္ႏွုန္း အထိ ျမင့္တက္ေနျခင္းျဖစ္ေၾကာင္း ဆန္လက္လီလက္ကားေရာင္းခ်သူမ်ားထံမွ သိရသည္။

“ဆန္က ဒိုင္ဝယ္ေစ်းက အရင္ကထက္စာရင္ ေစ်းနည္းနည္းျမင့္သြားတယ္။ ၿပီးေတာ့ ညီမတို့ျပန္ေရာင္းတဲ့အခ်ိန္မွ

ာ ေစ်းကဒီထက္နည္းနည္း ပိုတက္သြားတယ္။ ဒါေပမဲ့ တစ္ဆိုင္နဲ႔တစ္ဆိုင္ ေစ်းတင္ေရာင္းတာခ်င္း မတူဘူး။

ဆန္ေခ်ာအားလုံးကေတာ့ ေစ်းကအကုန္တက္ေနၾကတယ္” ဟု

သဃၤန္းကၽြန္းၿမိဳ့နယ္မွ ဆန္ဝယ္ေရာင္းသူတစ္ဦးျဖစ္သည့္ မခ်ိဳခ်ိဳသင္းကဆိုသည္။

ေမဇင္ဟင္းသီးဟင္းရြက္ဆီ ၁.၈ လီတာတစ္ဗူးလၽွင္ က်ပ္ ၃၅၀၀ မွ ယခု ၄၅၀၀၊ ၄၆၀၀ အထိျမင့္တက္ေနၿပီး

ေျမပဲဆီတစ္ပုံး (၁၀ ပိႆာ)လၽွင္ ၅၅၀၀၀၊ ၆၀၀၀၀ မွ ယခု ၆၅၀၀၀ မွ ၇၀၀၀၀

အထိျမင့္တက္ေနေၾကာင္း ဆီကုန္သည္မ်ားထံမွ သိရသည္။

အသားေစ်းႏွုန္းအေနျဖင့္ ေမြးျမဴေရး ၾကက္တစ္ပိႆလၽွင္ ၅၀၀၀ မွ ယခု ၆၀၀၀ ဝန္းက်င္ႏွင့္ ဗမာၾကက္

တစ္ပိႆလၽွင္ က်ပ္ ၇၀၀၀ မွ ယခု က်ပ္၁၀၀၀၀ ဝန္းက်င္အထိ လည္းေကာင္း ဝက္သားေစ်းအေနျဖင့္

ယခင္က်ပ္ ၈၅၀၀ မွ ယခုက်ပ္ ၁၂ဝဝဝအထိ ေစ်းႏွုန္းမ်ားျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။ဟင္းသီးဟင္းရြက္

ေစ်းႏွုန္းမ်ားသည္လည္း ယခင္က်ပ္ ၁ဝဝမွ ၂၀၀၊ က်ပ္ ၃၀၀ တန္မွ က်ပ္ ၄၀၀ အထိ ပုံမွန္ထက္

ေစ်းႏွစ္ဆခန႔္ျမင့္တက္လာၿပီး လူသုံးကုန္ပစၥည္းအခ်ိဳ့လည္း ေစ်းမ်ားျမင့္တက္လ်က္ရွိေၾကာင္း သိရသည္။

“ျခင္ေထာင္ေတြဆိုရင္ အရင္က ၈၂၀၀ နဲ႔ ဝယ္ရတာက အခု ၉၅၀၀ ျဖစ္သြားၿပီ။ ဘာသာစကားစာအုပ္ေတြလည္း

အရင္က ၂၅၀၀ ေလာက္က အခုဆို ၄ဝဝဝနဲ႔ ေရာင္းေနရတယ္။ တျခားေစ်းမတက္တဲ့ ပစၥည္းေတြက

အရင္လက္က်န္ေတြမို့ပါ။ ေနာက္အသစ္ေတြ ထပ္ဝယ္ရရင္ထပ္ၿပီး ေစ်းကတက္ဦးမွာပဲထင္တယ္။

ဝယ္ရတဲ့ေစ်းကမ်ားေနရင္ အစ္မတို့ေရာင္းတဲ့ ေစ်းကလည္း တက္သြားတယ္” ဟု သာေကတၿမိဳ့နယ္

ကုန္စုံဆိုင္မွ ေဒၚခ်မ္းခ်မ္းက ေျပာၾကားသည္။အထက္ပါကဲ့သို့ ကုန္ေစ်းႏွုန္းျမင့္တက္ရာတြင္

အေျခခံစားေသာက္ကုန္မ်ားသာမက လူသုံးကုန္ပစၥည္းမ်ား၊ ေဆးဝါးမ်ားလည္း လိုက္ပါျမင့္တက္ေနေၾကာင္း သိရသည္။

Eleven Media

unicode

“ အခြေခံစားသောက်ကုန်အချို့၏ ဈေးနှုန်းများ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ ”

ပြည်တွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ လက်ရှိတွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း

စားသောက်ကုန်လုပ်ငန်းရှင်များနှင့် အသားငါးဒိုင်များမှသိရသည်။အဓိကဈေးနှုန်းမြင့် တက်သည့် ကုန်စည်များမှာ

ဆန်၊ ဆီ၊ အသား၊ ဟင်းသီးဟင်းရွက်များနှင့်ဆေးဝါးစသည်မှာ ဈေးနှုန်းပြောင်းလဲမြင့်တက်လာခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည်

လက်ရှိအချိန်ထိ ဈေးကျခြင်းမရှိသေးကြောင်း ဈေးရောင်းချသူများနှင့် ဝယ်ယူသိများထံမှသိရသည်။

“အိမ်မှာ ဆီတွေဘာတွေအပိုဝယ်ထားဖို့ သွားဝယ်တော့ အရင်ဟင်းသီးဟင်းရွက်ဆီ ၁.၈ လီတာ

တစ်ဗူးကို ၃၅၀၀ ကျပ်ကနေ ၄၅၀၀ အထိဖြစ်သွားတယ်။ ခုထိဒီဈေးနှုန်းပဲ။ ပြန်ကျသွားတာမျိုးမရှိသေးဘူး”

ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဆန်ဈေးနှုန်းများတွင် ဆန်ကြမ်းမှာ ပုံမှန်ဈေးနှုန်းအတိုင်းသာရှိပြီး ဆန်ချောအနေဖြင့် ပေါ်ဆန်းတောင်ပျံ

ယခင် ၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၄၀၀၀၀ ကျော်မှ ယခု ၅၀၀၀၀ ဝန်းကျင်အထိရှိပြီး၊ ဖျာပုံပေါ်ဆန်းမွှေးမှာ

ကျပ် ၄၅၀၀၀ ခန့်မှ ၄၈၀၀၀ အထိ ဈေးနှုန်းများမြင့်တက်နေပြီး ဆန်ချောအားလုံးနီးပါး ၁၀ ရာခိုင်နှုန်းမှ

၁၅ ရာခိုင်နှုန်း အထိ မြင့်တက်နေခြင်းဖြစ်ကြောင်း ဆန်လက်လီလက်ကားရောင်းချသူများထံမှ သိရသည်။

“ဆန်က ဒိုင်ဝယ်ဈေးက အရင်ကထက်စာရင် ဈေးနည်းနည်းမြင့်သွားတယ်။ ပြီးတော့ ညီမတို့ပြန်ရောင်းတဲ့အချိန်မှ

ာ ဈေးကဒီထက်နည်းနည်း ပိုတက်သွားတယ်။ ဒါပေမဲ့ တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးတင်ရောင်းတာချင်း မတူဘူး။

ဆန်ချောအားလုံးကတော့ ဈေးကအကုန်တက်နေကြတယ်” ဟု

သင်္ဃန်းကျွန်းမြို့နယ်မှ ဆန်ဝယ်ရောင်းသူတစ်ဦးဖြစ်သည့် မချိုချိုသင်းကဆိုသည်။

မေဇင်ဟင်းသီးဟင်းရွက်ဆီ ၁.၈ လီတာတစ်ဗူးလျှင် ကျပ် ၃၅၀၀ မှ ယခု ၄၅၀၀၊ ၄၆၀၀ အထိမြင့်တက်နေပြီး

မြေပဲဆီတစ်ပုံး (၁၀ ပိဿာ)လျှင် ၅၅၀၀၀၊ ၆၀၀၀၀ မှ ယခု ၆၅၀၀၀ မှ ၇၀၀၀၀

အထိမြင့်တက်နေကြောင်း ဆီကုန်သည်များထံမှ သိရသည်။

အသားဈေးနှုန်းအနေဖြင့် မွေးမြူရေး ကြက်တစ်ပိဿလျှင် ၅၀၀၀ မှ ယခု ၆၀၀၀ ဝန်းကျင်နှင့် ဗမာကြက်

တစ်ပိဿလျှင် ကျပ် ၇၀၀၀ မှ ယခု ကျပ်၁၀၀၀၀ ဝန်းကျင်အထိ လည်းကောင်း ဝက်သားဈေးအနေဖြင့်

ယခင်ကျပ် ၈၅၀၀ မှ ယခုကျပ် ၁၂ဝဝဝအထိ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း သိရသည်။ဟင်းသီးဟင်းရွက်

ဈေးနှုန်းများသည်လည်း ယခင်ကျပ် ၁ဝဝမှ ၂၀၀၊ ကျပ် ၃၀၀ တန်မှ ကျပ် ၄၀၀ အထိ ပုံမှန်ထက်

ဈေးနှစ်ဆခန့်မြင့်တက်လာပြီး လူသုံးကုန်ပစ္စည်းအချို့လည်း ဈေးများမြင့်တက်လျက်ရှိကြောင်း သိရသည်။

“ခြင်ထောင်တွေဆိုရင် အရင်က ၈၂၀၀ နဲ့ ဝယ်ရတာက အခု ၉၅၀၀ ဖြစ်သွားပြီ။ ဘာသာစကားစာအုပ်တွေလည်း

အရင်က ၂၅၀၀ လောက်က အခုဆို ၄ဝဝဝနဲ့ ရောင်းနေရတယ်။ တခြားဈေးမတက်တဲ့ ပစ္စည်းတွေက

အရင်လက်ကျန်တွေမို့ပါ။ နောက်အသစ်တွေ ထပ်ဝယ်ရရင်ထပ်ပြီး ဈေးကတက်ဦးမှာပဲထင်တယ်။

ဝယ်ရတဲ့ဈေးကများနေရင် အစ်မတို့ရောင်းတဲ့ ဈေးကလည်း တက်သွားတယ်” ဟု သာကေတမြို့နယ်

ကုန်စုံဆိုင်မှ ဒေါ်ချမ်းချမ်းက ပြောကြားသည်။အထက်ပါကဲ့သို့ ကုန်ဈေးနှုန်းမြင့်တက်ရာတွင်

အခြေခံစားသောက်ကုန်များသာမက လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများလည်း လိုက်ပါမြင့်တက်နေကြောင်း သိရသည်။

Eleven Media