News

SBS ရိုက်ကူး ရေးရဲ့ အတွေ့အကြုံတစ်ချိူ့ကိုပြောပြလာတဲ့ ဆရာမလေး ချမ်းမြမြသော်

မနေ့က SBSရုပ်သံဌာနရဲ့ The master in the house အစီအစဥ် ရိုက်ကူးရေး ပြီးမြောက်ခဲ့ပါပြီ။

ရိုက်ကူးရေးမှာ တွေ့ကြုံရတာနဲ့ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေကတော့

တွေ့ကြုံမှုများ

၁။ MCအနေနဲ့ the master in the house အဖွဲ့သားများက

(Lee Seung Gi, Cha Eun Woo, Yang Sae Hyung, Kim Dong Hyun) ဦးဆောင်ကြပြီး

၂။ ပါဝင်ဆွေးနွေးသူများအဖြစ် ကိုရီးယား နိုင်ငံမှာ နာမည်ကျော် အနုပညာသည်အနေနဲ့

ရပ်တည်နေကြတဲ့ အမေရိကန်လူမျိုး Tylor, ပြင်သစ်လူမျိုး Robin, အီတလီလူမျိုး Alberto,

အိန္ဒိယလူမျိုး Lucky, တရုတ်လူမျိုး Magukjinတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

၃။ ဒီတစ်ခေါက် ရိုက်ကူးရေးဟာ တိုက်ရိုက်တင်ဆက်မှု အစီအစဥ် မဟုတ်တာကြောင့် ရိုက်ကူးချိန်

ပိုမို ကြာမြင့်ပြီး အမေးအဖြေတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ကိုရီးယားဘာသာစကား ကျွမ်းကျင်မှုနဲ့

ပုံမှန် လူအများနဲ့ ပြောဆိုတဲ့ အလေ့အကျင့် မရှိရင် အရမ်း အခက်တွေ့နိုင်တဲ့ တွေ့ဆုံ ဆွေးနွေးမှု တစ်ခု ဖြစ်ပါတယ်။

၄။ ဆွေးနွေးချိန် ၂နာရီနီးပါး ကြာမြင့်ပေမယ့် ဒါကို ပြန်ပြီး စိစစ်တည်းဖြတ်ပြီးမှ

၆လပိုင်း ၆ရက်နေ့ ဖန်သားပြင်မှာ တင်ဆက်မှာ ဖြစ်ပါတယ်။

၅။ MCများ အားလုံးနဲ့ နိုင်ငံခြားသား အနုပညာသည် အားလုံးတို့ဟာ မြန်မ့ာအရေးကို အမှန်တကယ်

စိတ်ဝင်တစား ရှိနေကြပြီး စိတ်ရင်းနဲ့ ပူပန်စိုးရိမ်နေကြတာကို သိခဲ့ရပါတယ်။ မင်းသား Lee Seung Giဆိုရင်

ကျွန်မကို ဘာကြောင့် ဒီလို ဖြစ်ရသလဲကို သူ စဥ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါ ပြောခဲ့ပါတယ်။

Idol Cha Eun Wooကလည်း အစီအစဥ် ပြီးတဲ့အထိ ကျွန်မနဲ့ စကားပြောရင်း မြန်မာလို ကျွန်မ သင်ပေးလိုက်တဲ့

“အားတင်းထား”ဆိုတဲ့ စကားလေးကို ထပ်ခါထပ်ခါ ပြောပေးခဲ့ပါတယ်။ ကလေးအဖေ ဖြစ်တဲ့ အားကစား ချန်ပီယံ

Kim Dong Hyunကဆိုရင် ကလေးငယ်တွေ သေဆုံးမှုအကြောင်း နားထောင်ပြီး ကျွန်မ ဘေးကနေ သက်ပြင်း

အကြိမ်ကြိမ် ချနေခဲ့ပါတယ်။ အမေရိကန် လူမျိုး Tylorကလည်း မြန်မာလူမျိုးတွေအနေနဲ့ USအပေါ် ယုံကြည်အားကိုးမှုတွ

ေ ရှိတာ သိရပေမယ့် ထိရောက်တဲ့ လုပ်ဆောင်မှုတွေ မပေးနိုင်တာကြောင့် သူ အားနာမိကြောင်းနဲ့

မြန်မာ့အရေးကို သူ့ ကိုယ်ပိုင် snsမှာ တင်ပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။

ဆွေးနွေးခဲ့တဲ့ အချက်များ

၁။ အာဏာ သိမ်းစဥ်ကတည်းကနေ ယနေ့ထိ ဖြစ်ပျက်နေတာတွေကို ခြုံငုံ့ပြီး ပြန်ပြောတဲ့ ပုံစံနဲ့ ဆွေးနွေးခဲ့ပါတယ်။

၂။ အခု ဒီ ကိစ္စတွေ အားလုံးကို ဖြစ်စေတဲ့ အဓိက အကောင်ရဲ့ နာမည်က ဘာလဲလို့ မေးလို့ မအလလို့ ပြောပြခဲ့ပါတယ်။ ; )

၃။ ၇နှစ် သမီးလေးကို အဖေ့ ရှေ့တင် ပစ်သတ်ခဲ့တဲ့ ကိစ္စ၊

သမီးလေး ကြယ်စင်အကြောင်း၊ အပြစ်မဲ့ ပစ်သတ်ခံရတဲ့ လူတွေအကြောင်းနဲ့

၄။ အခု လတ်တလောမှာ နေရာအနှံ့ ဗုံး ပေါက်ကွဲမှုတွေနဲ့ မီးလောင်မှုတွေ ဖြစ်နေပြီး

၅။ လက်ရှိ မင်းတပ်မြို့မှာ ရဟတ်ယဥ် သုံးပြီး ပစ်ခတ်တဲ့အထိ ဖြစ်နေကြောင်း

စတာတွေကို ဆွေးနွေး တင်ဆက်ခဲ့ပါတယ်။ ပရိုဂရမ် တာဝန်ရှိသူတွေက

ဒါကို အဆင်ပြေသလို တည်းဖြတ်ပြီး ၆လပိုင်း ၆ရက် TVမှာ ထုတ်လွှင့်ပါမယ်။

မင်းသား နှစ်ယောက်ကိုလည်း မြန်မာပြည်က ပရိသတ်တွေက အရမ်း ချစ်ပြီး အားပေးနေကြောင်း

ထပ်ခါထပ်ခါ ပြောပြခဲ့ပါတယ်။ ကွန်မန့်တွေ ဆက်တိုက် ဝင်နေချိန်မှာ ပြရင် အဆင်မပြေတာကြောင့်

ဖန်တွေ ရေးပေးတဲ့ ကွန်မန့်တွေ ပါတဲ့ ကျွန်မ ပို့စ်ကို only me လုပ်ပြီး ပြခဲ့ပါတယ်။ နှစ်ယောက်လုံးက

တကယ်ကို ချစ်ဖို့လည်း ကောင်းသလို အရမ်းလည်း ချောကြပါတယ်။ Idol Cha Eun Wooဆိုရင်

ဘယ်လောက်ကြည့်ကြည့် အလှမပျက်တဲ့ ချစ်စရာ မျက်နှာပိုင်ရှင်မျိုး ဖြစ်တာမို့ ကိုယ့်မောင်လေးသာ

ဖြစ်လိုက်ပါတော့လို့ တွေးမိပါတယ်။ ဒီလို ကမ္ဘာကျော် နာမည်ကြီး မင်းသားလေးက ဘေးနားကနေ

အားတင်းထား? အားတင်းထားဆိုတာလေးကို သူ တတ်နိုင်သလောက် ကပ်ကပ် ပြောပေးတာကို မြင်ပြီး

စိတ်မကောင်း ဖြစ်ခဲ့ရပါသေးတယ်။ အခြားနိုင်ငံက လူမျိုးတွေတောင် လူသားချင်း ဒီလို စာနာမှု

ထားကြပေမယ့် ကိုယ့် အမိမြေမှာတော့ သတ်တာဖြတ်တာတွေနဲ့ ပြည့်နေတာမို့ ဝမ်းနည်းခဲ့ရပါတယ်။

ဓာတ်ပုံလည်း အတူတူ ရိုက်ဖြစ်ခဲ့ပေမယ့် ပရိုဂရမ် သက်ဆိုင်သူတွေအတွက် ယဥ်ကျေးမှုအရ TV လွှင့်တဲ့

နေ့မှ တင်ပါမယ်။ လောလောဆယ် သားတော်မောင်နဲ့ ရိုက်ခဲ့တဲ့ ပုံလေးတွေပဲ တင်လိုက်ပါတယ်။

အကောင်းဆုံး မဖြစ်နိုင်ရင်တောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ အစီအစဥ် အပြီးမှာ

အားလုံး လက်သုံးချောင်း ထောင်ပြီး မြန်မာလို အားတင်းထားလို့ ဟစ်ကြွေးရင်း အဆုံးသတ်ခဲ့ပါတယ်။

ကျေးဇူးတင်ပါတယ်။ အရေးတော်ပုံ အောင်ရမည်။

ချမ်းမြမြသော်

2021.05.18

zawgyi

မေန႔က SBS႐ုပ္သံဌာနရဲ႕ The master in the house အစီအစဥ္ ႐ိုက္ကူးေရး ၿပီးေျမာက္ခဲ့ပါၿပီ။

႐ိုက္ကူးေရးမွာ ေတြ႕ႀကဳံရတာနဲ႔ ေဆြးေႏြးျဖစ္တဲ့ အေၾကာင္းအရာေတြကေတာ့

ေတြ႕ႀကဳံမႈမ်ား

၁။ MCအေနနဲ႔ the master in the house အဖြဲ႕သားမ်ားက

(Lee Seung Gi, Cha Eun Woo, Yang Sae Hyung, Kim Dong Hyun) ဦးေဆာင္ၾကၿပီး

၂။ ပါဝင္ေဆြးေႏြးသူမ်ားအျဖစ္ ကိုရီးယား ႏိုင္ငံမွာ နာမည္ေက်ာ္ အႏုပညာသည္အေနနဲ႔

ရပ္တည္ေနၾကတဲ့ အေမရိကန္လူမ်ိဳး Tylor, ျပင္သစ္လူမ်ိဳး Robin, အီတလီလူမ်ိဳး Alberto,

အိႏၵိယလူမ်ိဳး Lucky, တ႐ုတ္လူမ်ိဳး Magukjinတို႔ ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။

၃။ ဒီတစ္ေခါက္ ႐ိုက္ကူးေရးဟာ တိုက္႐ိုက္တင္ဆက္မႈ အစီအစဥ္ မဟုတ္တာေၾကာင့္ ႐ိုက္ကူးခ်ိန္

ပိုမို ၾကာျမင့္ၿပီး အေမးအေျဖေတြလည္း အမ်ားႀကီး ရွိခဲ့ပါတယ္။ ကိုရီးယားဘာသာစကား ကြၽမ္းက်င္မႈနဲ႔

ပုံမွန္ လူအမ်ားနဲ႔ ေျပာဆိုတဲ့ အေလ့အက်င့္ မရွိရင္ အရမ္း အခက္ေတြ႕ႏိုင္တဲ့ ေတြ႕ဆုံ ေဆြးေႏြးမႈ တစ္ခု ျဖစ္ပါတယ္။

၄။ ေဆြးေႏြးခ်ိန္ ၂နာရီနီးပါး ၾကာျမင့္ေပမယ့္ ဒါကို ျပန္ၿပီး စိစစ္တည္းျဖတ္ၿပီးမွ

၆လပိုင္း ၆ရက္ေန႔ ဖန္သားျပင္မွာ တင္ဆက္မွာ ျဖစ္ပါတယ္။

၅။ MCမ်ား အားလုံးနဲ႔ ႏိုင္ငံျခားသား အႏုပညာသည္ အားလုံးတို႔ဟာ ျမန္မ့ာအေရးကို အမွန္တကယ္

စိတ္ဝင္တစား ရွိေနၾကၿပီး စိတ္ရင္းနဲ႔ ပူပန္စိုးရိမ္ေနၾကတာကို သိခဲ့ရပါတယ္။ မင္းသား Lee Seung Giဆိုရင္

ကြၽန္မကို ဘာေၾကာင့္ ဒီလို ျဖစ္ရသလဲကို သူ စဥ္းစားမရႏိုင္တဲ့အေၾကာင္း ထပ္ခါထပ္ခါ ေျပာခဲ့ပါတယ္။

Idol Cha Eun Wooကလည္း အစီအစဥ္ ၿပီးတဲ့အထိ ကြၽန္မနဲ႔ စကားေျပာရင္း ျမန္မာလို ကြၽန္မ သင္ေပးလိုက္တဲ့

“အားတင္းထား”ဆိုတဲ့ စကားေလးကို ထပ္ခါထပ္ခါ ေျပာေပးခဲ့ပါတယ္။ ကေလးအေဖ ျဖစ္တဲ့ အားကစား ခ်န္ပီယံ

Kim Dong Hyunကဆိုရင္ ကေလးငယ္ေတြ ေသဆုံးမႈအေၾကာင္း နားေထာင္ၿပီး ကြၽန္မ ေဘးကေန သက္ျပင္း

အႀကိမ္ႀကိမ္ ခ်ေနခဲ့ပါတယ္။ အေမရိကန္ လူမ်ိဳး Tylorကလည္း ျမန္မာလူမ်ိဳးေတြအေနနဲ႔ USအေပၚ ယုံၾကည္အားကိုးမႈတြ

ေ ရွိတာ သိရေပမယ့္ ထိေရာက္တဲ့ လုပ္ေဆာင္မႈေတြ မေပးႏိုင္တာေၾကာင့္ သူ အားနာမိေၾကာင္းနဲ႔

ျမန္မာ့အေရးကို သူ႔ ကိုယ္ပိုင္ snsမွာ တင္ေပးမယ့္အေၾကာင္း ေျပာခဲ့ပါတယ္။

ေဆြးေႏြးခဲ့တဲ့ အခ်က္မ်ား

၁။ အာဏာ သိမ္းစဥ္ကတည္းကေန ယေန႔ထိ ျဖစ္ပ်က္ေနတာေတြကို ၿခဳံငုံ႔ၿပီး ျပန္ေျပာတဲ့ ပုံစံနဲ႔ ေဆြးေႏြးခဲ့ပါတယ္။

၂။ အခု ဒီ ကိစၥေတြ အားလုံးကို ျဖစ္ေစတဲ့ အဓိက အေကာင္ရဲ႕ နာမည္က ဘာလဲလို႔ ေမးလို႔ မအလလို႔ ေျပာျပခဲ့ပါတယ္။ ; )

၃။ ၇ႏွစ္ သမီးေလးကို အေဖ့ ေရွ႕တင္ ပစ္သတ္ခဲ့တဲ့ ကိစၥ၊

သမီးေလး ၾကယ္စင္အေၾကာင္း၊ အျပစ္မဲ့ ပစ္သတ္ခံရတဲ့ လူေတြအေၾကာင္းနဲ႔

၄။ အခု လတ္တေလာမွာ ေနရာအႏွံ႔ ဗုံး ေပါက္ကြဲမႈေတြနဲ႔ မီးေလာင္မႈေတြ ျဖစ္ေနၿပီး

၅။ လက္ရွိ မင္းတပ္ၿမိဳ႕မွာ ရဟတ္ယဥ္ သုံးၿပီး ပစ္ခတ္တဲ့အထိ ျဖစ္ေနေၾကာင္း

စတာေတြကို ေဆြးေႏြး တင္ဆက္ခဲ့ပါတယ္။ ပ႐ိုဂရမ္ တာဝန္ရွိသူေတြက

ဒါကို အဆင္ေျပသလို တည္းျဖတ္ၿပီး ၆လပိုင္း ၆ရက္ TVမွာ ထုတ္လႊင့္ပါမယ္။

မင္းသား ႏွစ္ေယာက္ကိုလည္း ျမန္မာျပည္က ပရိသတ္ေတြက အရမ္း ခ်စ္ၿပီး အားေပးေနေၾကာင္း

ထပ္ခါထပ္ခါ ေျပာျပခဲ့ပါတယ္။ ကြန္မန႔္ေတြ ဆက္တိုက္ ဝင္ေနခ်ိန္မွာ ျပရင္ အဆင္မေျပတာေၾကာင့္

ဖန္ေတြ ေရးေပးတဲ့ ကြန္မန႔္ေတြ ပါတဲ့ ကြၽန္မ ပို႔စ္ကို only me လုပ္ၿပီး ျပခဲ့ပါတယ္။ ႏွစ္ေယာက္လုံးက

တကယ္ကို ခ်စ္ဖို႔လည္း ေကာင္းသလို အရမ္းလည္း ေခ်ာၾကပါတယ္။ Idol Cha Eun Wooဆိုရင္

ဘယ္ေလာက္ၾကည့္ၾကည့္ အလွမပ်က္တဲ့ ခ်စ္စရာ မ်က္ႏွာပိုင္ရွင္မ်ိဳး ျဖစ္တာမို႔ ကိုယ့္ေမာင္ေလးသာ

ျဖစ္လိုက္ပါေတာ့လို႔ ေတြးမိပါတယ္။ ဒီလို ကမာၻေက်ာ္ နာမည္ႀကီး မင္းသားေလးက ေဘးနားကေန

အားတင္းထား? အားတင္းထားဆိုတာေလးကို သူ တတ္ႏိုင္သေလာက္ ကပ္ကပ္ ေျပာေပးတာကို ျမင္ၿပီး

စိတ္မေကာင္း ျဖစ္ခဲ့ရပါေသးတယ္။ အျခားႏိုင္ငံက လူမ်ိဳးေတြေတာင္ လူသားခ်င္း ဒီလို စာနာမႈ

ထားၾကေပမယ့္ ကိုယ့္ အမိေျမမွာေတာ့ သတ္တာျဖတ္တာေတြနဲ႔ ျပည့္ေနတာမို႔ ဝမ္းနည္းခဲ့ရပါတယ္။

ဓာတ္ပုံလည္း အတူတူ ႐ိုက္ျဖစ္ခဲ့ေပမယ့္ ပ႐ိုဂရမ္ သက္ဆိုင္သူေတြအတြက္ ယဥ္ေက်းမႈအရ TV လႊင့္တဲ့

ေန႔မွ တင္ပါမယ္။ ေလာေလာဆယ္ သားေတာ္ေမာင္နဲ႔ ႐ိုက္ခဲ့တဲ့ ပုံေလးေတြပဲ တင္လိုက္ပါတယ္။

အေကာင္းဆုံး မျဖစ္ႏိုင္ရင္ေတာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားလုပ္ေဆာင္ခဲ့ပါတယ္။ အစီအစဥ္ အၿပီးမွာ

အားလုံး လက္သုံးေခ်ာင္း ေထာင္ၿပီး ျမန္မာလို အားတင္းထားလို႔ ဟစ္ေႂကြးရင္း အဆုံးသတ္ခဲ့ပါတယ္။

ေက်းဇူးတင္ပါတယ္။ အေရးေတာ္ပုံ ေအာင္ရမည္။

ခ်မ္းျမျမေသာ္

2021.05.18