News

ATM တွင်ငွေတိုးကြိတ်ထုတ်နေသူများ အစိုးရကို စိတ်အနှောင့်အယှက် လုပ်နေသူများဖြစ် ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြောဆို

ATM တွင်ငွေတိုးကြိတ်ထုတ်နေသူများ အစိုးရကို အနှောင့်အယှက် လုပ်နေသူများဖြစ်၊ .

ဘဏ်များတွင် တစ်ပတ်အတွင်း အပ်နှံငွေ ကျပ်ဘီလီယံ ၂၀၀ ရှိလာဟု

ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောဆိုမှု လိမ်လည်ခြင်းဟု ဘဏ်အသိုင်းအဝိုင်းပြော၊

အကြမ်းဖက်လူသတ်ဖက်ဆစ် စစ်ကောင်စီက ခန့်အပ်ထားသော ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က

ATM စက်များတွင် ပြည်သူများ ငွေတိုးကြိတ်ထုတ်နေမှုသည် အစိုးရကို အနှောင့် အယှက်ဖြစ်စေရန်

လုပ်ဆောင်နေသူများဖြစ်ကြောင်း ယနေ့ နေပြည်တော်တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“ATM စက်မှာ လူတွေဘာလို့ ပုံနေရလဲဆိုရင် ပုံမှန်မဟုတ်သော အခြေအနေ နိုင်ငံရေးပြောင်းလဲ မှု

အခြေအနေမှာအခြားပယောဂတွေပါပြီးတော့ ကိုယ်လိုလို့ ငွေထုတ်တာထက် အနှောင့်အယှက်ဖြစ်အောင်

ထုတ်တဲ့သဘောမျိုးတွေ” ဟု ၎င်းက ဆိုသည်။ အကြမ်းဖက်လူသတ်ဖက်ဆစ် စစ်ကောင်စီက

ခန့်အပ်ထားသော ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်က ပြီးခဲ့သည့်အပတ်အတွင်

း အပ်နှံငွေ ကျပ်ငွေ ဘီလီယံ ၂၀၀ ရှိလာကြောင်း ယနေ့ ကျင်းပသည့် စစ်ကောင်စီ

သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုမှုသည် လိမ်လည်မှု သက်သက်သာ ဖြစ် ကြောင်း

ပုဂ္ဂလိကဘဏ်အသိုင်းအဝိုင်းက ပြောဆိုလိုက်သည်။

“ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောသွားတဲ့ ပြီးခဲ့တဲ့ အပတ်မှာ

ဘဏ်တွေကိုလာအပ်တာကျပ်ငွေ ဘီလီယံ ၂၀၀ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ဘဏ်တွေ

ဘယ်လောက် ရုန်းကန်နေရတယ်ဆိုတာကျနော်တို့ အသိဆုံးပါ။ ပြောချင်တာက သူက အဲလို ထွက်ပြောလေ

လူတွေက မယုံကြည်ပြီး ငွေလာ ထုတ်လေလေ ဖြစ်တော့ အဲဒီလို အလိမ်အညာတွေ ဖီးလုံး လိမ့်လုံးတွေက

အခြေအနေကို ပိုဆိုးစေပါတယ်။ အလုပ်မဖြစ်တဲ့အလိမ်အညာတွေ ပြောနေတာက တကယ့်ပြဿနာပါ။

ဘဏ်မှာ ငွေအပ်သူက မရှိဘူး။ထုတ်မယ့်သူတွေပဲ တိုးဝှေ့နေတာပါ ပြီးခဲ့တဲ့တစ်ပတ်လုံး” ဟု

ပုဂ္ဂလိကဘဏ်ကြီးတစ်ခုမှ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

AGD ဘဏ်မှ မန်နေဂျာတစ်ဦးကလည်း ပြီးခဲ့သည့် တစ်ပတ်လုံး AGD ဘဏ်တွင် ငွေထုတ်သူများ

များပြားလွန်း၍တစ်ပတ်လျှင် လူတစ်ဦး ငွေကျပ် ၃ သိန်းသာ ထုတ်ပေးရန် ကြေညာချက် ထုတ်ပြန်ရကြောင်း

ပြောဆိုသည်။“စာအုပ်က ထုတ်ထုတ်၊ ATM က ထုတ်ထုတ် တစ်ပတ်ကို ၃ သိန်းပဲ ပေးနိုင်ပါတော့တယ်။

ကျမတို့ဘဏ်မှာတော့ငွေအပ်သူ လုံးဝ မရှိပါဘူး။ တစ်နေ့ တစ်နေ့ ATM နဲ့ဘဏ်ရှေ့မှာ ငွေထုတ်မယ့်သူတွေ

တိုးနေတယ်။ တိုကင်ပြည့်တာနဲ့ ငွေထုတ်ပေးပြီးတာနဲ့ ဘဏ်လည်း ပိတ်လိုက်ရတာပဲ။

ဒါနဲ့ပဲ လည်နေတာ” ဟု AGD ဘဏ်မန်နေဂျာကဆိုသည်။

AYA ဘဏ်မှ ဒုမန်နေဂျာတစ်ဦးကလည်း ပုဂ္ဂလိဘဏ်ဝန်ထမ်းများအကြား လာမည့် လများတွင်

လစာတစ်ဝက်သာရနိုင်မည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း၊ ဘဏ်များတွင် ကျပ်ငွေ

မရှိသည့်ပြဿနာနှင့်ဘဏ်လုပ်ငန်းဆိုင်ရာ အများစု ရပ်ဆိုင်းနေသည်ဟု ဆိုသည်။ “ဝန်ထမ်းတွေတောင်

လစာတစ်ဝက်ပဲရမယ်ဆိုပြီး သတင်းတွေကြားနေရတယ်။ ဗုံးခွဲမယ် အပြင်မထွက်နဲ့ဆိုတဲ့ သတင်းတွေ ကြောင့်

ဘဏ်တွေက နောက်ကျဖွင့်၊စောစောပိတ်စောစောပြန် အဲလိုတွေဖြစ်နေတယ်။ ဘဏ်ဝန်ထမ်းတောင်

လစာရပါ့မလားဆိုတာစိုးရိမ်နေရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအခြေအနေတွင် တိုင်းပြည်၏ ဘဏ်နှင့်စီးပွားရေးအခြေအနေကို တည့်မတ်အောင်

ဗဟိုဘဏ်အနေဖြင့်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြည်သူကို အပြစ်တင်နေခြင်းသည် မယုံကြည်မှုကို

ပိုမိုကြီးထွားစေကြောင်း၊ အမိန့်နှင့်လက်နက်အာဏာသည် စီးပွားရေးနှင့် လူထု၏ စိုးရိမ်မှုကို

ထိန်းချုပ်မရနိုင်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းမှ ဦးဆောင်သူတစ်ဦးက ပြောဆိုသည်။

Zawgyi/

ATM တြင္ေငြတိုးႀကိတ္ထုတ္ေနသူမ်ား အစိုးရကို အေႏွာင့္အယွက္ လုပ္ေနသူမ်ားျဖစ္၊ .

ဘဏ္မ်ားတြင္ တစ္ပတ္အတြင္း အပ္ႏွံေငြ က်ပ္ဘီလီယံ ၂၀၀ ရွိလာဟု

ဗဟိုဘဏ္ဒုတိယဥကၠ႒ ေျပာဆိုမႈ လိမ္လည္ျခင္းဟု ဘဏ္အသိုင္းအဝိုင္းေျပာ၊

အၾကမ္းဖက္လူသတ္ဖက္ဆစ္ စစ္ေကာင္စီက ခန႔္အပ္ထားေသာ ဗဟိုဘဏ္ဒုတိယဥကၠ႒ ဦးဝင္းေသာ္က

ATM စက္မ်ားတြင္ ျပည္သူမ်ား ေငြတိုးႀကိတ္ထုတ္ေနမႈသည္ အစိုးရကို အေႏွာင့္ အယွက္ျဖစ္ေစရန္

လုပ္ေဆာင္ေနသူမ်ားျဖစ္ေၾကာင္း ယေန႔ ေနျပည္ေတာ္တြင္က်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုသည္။

“ATM စက္မွာ လူေတြဘာလို႔ ပုံေနရလဲဆိုရင္ ပုံမွန္မဟုတ္ေသာ အေျခအေန ႏိုင္ငံေရးေျပာင္းလဲ မႈ

အေျခအေနမွာအျခားပေယာဂေတြပါၿပီးေတာ့ ကိုယ္လိုလို႔ ေငြထုတ္တာထက္ အေႏွာင့္အယွက္ျဖစ္ေအာင္

ထုတ္တဲ့သေဘာမ်ိဳးေတြ” ဟု ၎က ဆိုသည္။ အၾကမ္းဖက္လူသတ္ဖက္ဆစ္ စစ္ေကာင္စီက

ခန႔္အပ္ထားေသာ ဗဟိုဘဏ္ ဒုတိယဥကၠ႒ ဦးဝင္းေသာ္က ၿပီးခဲ့သည့္အပတ္အတြင္

း အပ္ႏွံေငြ က်ပ္ေငြ ဘီလီယံ ၂၀၀ ရွိလာေၾကာင္း ယေန႔ က်င္းပသည့္ စစ္ေကာင္စီ

သတင္းစာရွင္းလင္းပြဲတြင္ေျပာဆိုမႈသည္ လိမ္လည္မႈ သက္သက္သာ ျဖစ္ ေၾကာင္း

ပုဂၢလိကဘဏ္အသိုင္းအဝိုင္းက ေျပာဆိုလိုက္သည္။

“ဒီေန႔ သတင္းစာရွင္းလင္းပြဲမွာ ဗဟိုဘဏ္ဒုတိယဥကၠ႒ ေျပာသြားတဲ့ ၿပီးခဲ့တဲ့ အပတ္မွာ

ဘဏ္ေတြကိုလာအပ္တာက်ပ္ေငြ ဘီလီယံ ၂၀၀ ဆိုတာ လုံးဝ မျဖစ္ႏိုင္ပါဘူး။ က်ေနာ္တို႔ဘဏ္ေတြ

ဘယ္ေလာက္ ႐ုန္းကန္ေနရတယ္ဆိုတာက်ေနာ္တို႔ အသိဆုံးပါ။ ေျပာခ်င္တာက သူက အဲလို ထြက္ေျပာေလ

လူေတြက မယုံၾကည္ၿပီး ေငြလာ ထုတ္ေလေလ ျဖစ္ေတာ့ အဲဒီလို အလိမ္အညာေတြ ဖီးလုံး လိမ့္လုံးေတြက

အေျခအေနကို ပိုဆိုးေစပါတယ္။ အလုပ္မျဖစ္တဲ့အလိမ္အညာေတြ ေျပာေနတာက တကယ့္ျပႆနာပါ။

ဘဏ္မွာ ေငြအပ္သူက မရွိဘူး။ထုတ္မယ့္သူေတြပဲ တိုးေဝွ႔ေနတာပါ ၿပီးခဲ့တဲ့တစ္ပတ္လုံး” ဟု

ပုဂၢလိကဘဏ္ႀကီးတစ္ခုမွ ေငြေၾကးဆိုင္ရာ စီမံခန႔္ခြဲေရး တာဝန္ရွိသူတစ္ဦးကေျပာဆိုသည္။

AGD ဘဏ္မွ မန္ေနဂ်ာတစ္ဦးကလည္း ၿပီးခဲ့သည့္ တစ္ပတ္လုံး AGD ဘဏ္တြင္ ေငြထုတ္သူမ်ား

မ်ားျပားလြန္း၍တစ္ပတ္လွ်င္ လူတစ္ဦး ေငြက်ပ္ ၃ သိန္းသာ ထုတ္ေပးရန္ ေၾကညာခ်က္ ထုတ္ျပန္ရေၾကာင္း

ေျပာဆိုသည္။“စာအုပ္က ထုတ္ထုတ္၊ ATM က ထုတ္ထုတ္ တစ္ပတ္ကို ၃ သိန္းပဲ ေပးႏိုင္ပါေတာ့တယ္။

က်မတို႔ဘဏ္မွာေတာ့ေငြအပ္သူ လုံးဝ မရွိပါဘူး။ တစ္ေန႔ တစ္ေန႔ ATM နဲ႔ဘဏ္ေရွ႕မွာ ေငြထုတ္မယ့္သူေတြ

တိုးေနတယ္။ တိုကင္ျပည့္တာနဲ႔ ေငြထုတ္ေပးၿပီးတာနဲ႔ ဘဏ္လည္း ပိတ္လိုက္ရတာပဲ။

ဒါနဲ႔ပဲ လည္ေနတာ” ဟု AGD ဘဏ္မန္ေနဂ်ာကဆိုသည္။

AYA ဘဏ္မွ ဒုမန္ေနဂ်ာတစ္ဦးကလည္း ပုဂၢလိဘဏ္ဝန္ထမ္းမ်ားအၾကား လာမည့္ လမ်ားတြင္

လစာတစ္ဝက္သာရႏိုင္မည္ဆိုေသာ သတင္းမ်ား ထြက္ေပၚေနေၾကာင္း၊ ဘဏ္မ်ားတြင္ က်ပ္ေငြ

မရွိသည့္ျပႆနာႏွင့္ဘဏ္လုပ္ငန္းဆိုင္ရာ အမ်ားစု ရပ္ဆိုင္းေနသည္ဟု ဆိုသည္။ “ဝန္ထမ္းေတြေတာင္

လစာတစ္ဝက္ပဲရမယ္ဆိုၿပီး သတင္းေတြၾကားေနရတယ္။ ဗုံးခြဲမယ္ အျပင္မထြက္နဲ႔ဆိုတဲ့ သတင္းေတြ ေၾကာင့္

ဘဏ္ေတြက ေနာက္က်ဖြင့္၊ေစာေစာပိတ္ေစာေစာျပန္ အဲလိုေတြျဖစ္ေနတယ္။ ဘဏ္ဝန္ထမ္းေတာင္

လစာရပါ့မလားဆိုတာစိုးရိမ္ေနရတယ္” ဟု ၎ကဆိုသည္။

လက္ရွိအေျခအေနတြင္ တိုင္းျပည္၏ ဘဏ္ႏွင့္စီးပြားေရးအေျခအေနကို တည့္မတ္ေအာင္

ဗဟိုဘဏ္အေနျဖင့္ေဆာင္႐ြက္ႏိုင္ျခင္းမရွိဘဲ ျပည္သူကို အျပစ္တင္ေနျခင္းသည္ မယုံၾကည္မႈကို

ပိုမိုႀကီးထြားေစေၾကာင္း၊ အမိန႔္ႏွင့္လက္နက္အာဏာသည္ စီးပြားေရးႏွင့္ လူထု၏ စိုးရိမ္မႈကို

ထိန္းခ်ဳပ္မရႏိုင္ေၾကာင္း ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္အသင္းမွ ဦးေဆာင္သူတစ္ဦးက ေျပာဆိုသည္။