News

လက်နက်အင်အား ပြည့်စုံအောင်ပြင်ဆင်နေကြောင်း NUG က သတင်းစကားပါး

မေ ၁၆

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ခေတ်မှီလက်နက်အင်အား ပြည့်စုံအောင်တပ်ဆင်နိုင်ရေးအတွက်ပြင်ဆင်နေကြောင်း.

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မေ ၁၆ ရက်တွင် ပြည်သူများထံသတင်းစကားပါးခဲ့သည်။

သို့သော်လည်း ခေတ်မီတပ်မတော်တစ်ခုဖြစ်စေရန် နှင့်ပြည်သူလူထုကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ရန်အတွက်

ထိုက်တန်သည့်အချိန်တစ်ခုလိုအပ်သည်ဟု ၎င်းကဆိုသည်။

” ခေတ်မီလက်နက်ကိုင်တပ်မတော်တစ်ရပ်ကို ထူထောင်ဖို့အတွက် စစ်ပညာ နည်းစနစ်

စုဖွဲ့မှုပုံစံကစပြီးလိုအပ်တာတွေစနစ်တကျလေ့ကျင့်သင်ကြားပေးရတာ၊စစ်အင်အားလက်နက်အင်အား

ပြည့်စုံအောင်ပြင်ဆင်လုပ်ဆောင်ရတာတွေကြောင့် ထိုက်တန်တဲ့အချိန်ကာလတစ်ခုလိုအပ်တယ်ဆိုတာ

ပြည်သူလူထုအားလုံးလည်း လက်ခံနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောသည်။

ထို့အပြင် မင်းတပ်မြို့က ပြည်သူများအား အကာအကွယ်မပေးနိုင်ခဲ့သည့်အတွက်လည်း

စိတ်ထိခိုက်နာကျင်ခံစားရကြောင်း ၊ စစ်အာဏာရှင်များ၏ ရက်ရက်စက်စက်ဖိနိုပ်မှုများကို အသက်စွန့်ပြီ

း ခုခံတွန်းလှန်ခဲ့ကြသည့် မင်းတပ်မြို့က သူရဲကောင်းပြည်သူများအပါအဝင်

တစ်နိုင်ငံလုံးမှပြည်သူများကို ဦးညွတ်ဂုဏ်ပြုကြောင်းလည်း၎င်းကပြောသည်။

” ကျွန်တေ်ာတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မင်းတပ်ပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို

လက်ပိုက်ကြည့်နေတာမဟုတ်ဘဲ တစ်စုံတစ်ရာသက်သာမှုရစေဖို့ မင်းတပ်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့

နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အစိုးရတွေကိုဆက်သွယ်ဆွေးနွေးပြီး အကူအညီတောင်းခံတာတွေဆောင်ရွက်ခဲ့သလို

မြေပြင်ကပြည်သူလူထုနဲ့ချိတ်ဆက်ပြီးတော့လည်း ကူညီထောက်ပံ့မှုတွေအလျှင်အမြန်ရောက်ရှိ

အောင်ဆောင်ရွက်ပေးလျှက်ရှိပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

မေလ ၁၆ ရက်နေ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းတစ်လပြည့်အထိမ်းအမှတ်နေ့ဖြစ်သည်။

သက်တမ်းတစ်လပြည့်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ်က ပြည်သူများအား ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

Zawgyi

ေမ ၁၆

ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ကို ေခတ္မွီလက္နက္အင္အား ျပည့္စုံေအာင္တပ္ဆင္ႏိုင္ေရးအတြက္ျပင္ဆင္ေနေၾကာင္း.

အမ်ိဳးသားညီၫြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ေမ ၁၆ ရက္တြင္ ျပည္သူမ်ားထံသတင္းစကားပါးခဲ့သည္။

သို႔ေသာ္လည္း ေခတ္မီတပ္မေတာ္တစ္ခုျဖစ္ေစရန္ ႏွင့္ျပည္သူလူထုကို ထိထိေရာက္ေရာက္ကာကြယ္ေပးႏိုင္ရန္အတြက္

ထိုက္တန္သည့္အခ်ိန္တစ္ခုလိုအပ္သည္ဟု ၎ကဆိုသည္။

” ေခတ္မီလက္နက္ကိုင္တပ္မေတာ္တစ္ရပ္ကို ထူေထာင္ဖို႔အတြက္ စစ္ပညာ နည္းစနစ္

စုဖြဲ႕မႈပုံစံကစၿပီးလိုအပ္တာေတြစနစ္တက်ေလ့က်င့္သင္ၾကားေပးရတာ၊စစ္အင္အားလက္နက္အင္အား

ျပည့္စုံေအာင္ျပင္ဆင္လုပ္ေဆာင္ရတာေတြေၾကာင့္ ထိုက္တန္တဲ့အခ်ိန္ကာလတစ္ခုလိုအပ္တယ္ဆိုတာ

ျပည္သူလူထုအားလုံးလည္း လက္ခံနားလည္လိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္” ဟု မန္းဝင္းခိုင္သန္းက ေျပာသည္။

ထို႔အျပင္ မင္းတပ္ၿမိဳ႕က ျပည္သူမ်ားအား အကာအကြယ္မေပးႏိုင္ခဲ့သည့္အတြက္လည္း

စိတ္ထိခိုက္နာက်င္ခံစားရေၾကာင္း ၊ စစ္အာဏာရွင္မ်ား၏ ရက္ရက္စက္စက္ဖိႏိုပ္မႈမ်ားကို အသက္စြန႔္ၿပီ

း ခုခံတြန္းလွန္ခဲ့ၾကသည့္ မင္းတပ္ၿမိဳ႕က သူရဲေကာင္းျပည္သူမ်ားအပါအဝင္

တစ္ႏိုင္ငံလုံးမွျပည္သူမ်ားကို ဦးၫြတ္ဂုဏ္ျပဳေၾကာင္းလည္း၎ကေျပာသည္။

” ကြၽန္ေတ္ာတို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရအေနနဲ႔ မင္းတပ္ျပည္သူေတြခံစားေနရတဲ့ ဒုကၡကို

လက္ပိုက္ၾကည့္ေနတာမဟုတ္ဘဲ တစ္စုံတစ္ရာသက္သာမႈရေစဖို႔ မင္းတပ္ျပည္သူေတြကို အကူအညီေပးႏိုင္ဖို႔

ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ အစိုးရေတြကိုဆက္သြယ္ေဆြးေႏြးၿပီး အကူအညီေတာင္းခံတာေတြေဆာင္႐ြက္ခဲ့သလို

ေျမျပင္ကျပည္သူလူထုနဲ႔ခ်ိတ္ဆက္ၿပီးေတာ့လည္း ကူညီေထာက္ပံ့မႈေတြအလွ်င္အျမန္ေရာက္ရွိ

ေအာင္ေဆာင္႐ြက္ေပးလွ်က္ရွိပါတယ္” ဟု အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္က ေျပာဆိုခဲ့သည္။

ေမလ ၁၆ ရက္ေန႔သည္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၏ သက္တမ္းတစ္လျပည့္အထိမ္းအမွတ္ေန႔ျဖစ္သည္။

သက္တမ္းတစ္လျပည့္ေန႔တြင္ ျပည္ေထာင္စုဝန္ႀကီးခ်ဳပ္က ျပည္သူမ်ားအား ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

video by Delta News Agency