News

မင်းတပ် လူထုနှင့် လက်တွေ့ကျကျပူးပေါင်းဖို့နည်းလမ်းရပြီဟု NUG ဆို

မေ ၁၆

ချင်းပြည်နယ် မင်းတပ်မြို့လူထုနှင့် မြေပြင်တွင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုလုပ်ရန်

နည်းလမ်းများဖော်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီး

ဒေါက်တာဝင်းမြတ်အေးက မေ၁၆ ရက်တွင်ပြောသည်။

” လက်တွေ့ကျသော ပူးပေါင်းကူညီမှုများနှင့် အရေးပေါ် အကောင်အထည်ဖော်ရန်နည်းလမ်းများ၊

ချိတ်ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု၎င်း ကပြောသည်။

မေ ၁၆ရက် မွန်းလွဲပိုင်းက ချင်းပြည်နယ်၊ မင်းတပ် ဒေသခံ ပြည်သူလူထု၊

လွှတ်တော်ကိုယ်စားလှယ်များနှင့်အမျိုးသား ညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်များ၊ CRPH ဥက္ကဌ

နှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး အားပေးစကားပြောကြားခြင်း၊ လက်ရှိအခြေအနေများနှင့် လတ်တလော

ဘေးဒဏ်ခံပြည်သူများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေ ကြရသူများအတွက် ဘေးကင်းလုံခြုံရေး၊

ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများကို

ညှိနှိုင်းဆွေနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၎င်းကပြောသည်။

မင်းတပ်၌ စစ်ကောင်စီတပ်များနှင့် အရပ်သား လက်နက်ကိုင်တပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ရာမှ

မေ၁၅ ရက်တွင် အရပ်သားတပ်ဖြစ်သည့် ချင်းပြည်သူ့ကာကွယ်ရေးတပ်က ဆုတ်ခွာပေးခဲ့ရသည်။

zawgyi/

မင်းတပ် လူထုနှင့် လက်တွေ့ကျကျပူးပေါင်းဖို့နည်းလမ်းရပြီဟု NUG ဆို

မေ ၁၆

ချင်းပြည်နယ် မင်းတပ်မြို့လူထုနှင့် မြေပြင်တွင် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှုလုပ်ရန်

နည်းလမ်းများဖော်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီး

ဒေါက်တာဝင်းမြတ်အေးက မေ၁၆ ရက်တွင်ပြောသည်။

” လက်တွေ့ကျသော ပူးပေါင်းကူညီမှုများနှင့် အရေးပေါ် အကောင်အထည်ဖော်ရန်နည်းလမ်းများ၊

ချိတ်ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု၎င်း ကပြောသည်။

မေ ၁၆ရက် မွန်းလွဲပိုင်းက ချင်းပြည်နယ်၊ မင်းတပ် ဒေသခံ ပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်များနှ

င့်အမျိုးသား ညီညွတ်ရေး အစိုးရ NUG အဖွဲ့ဝင်များ၊ CRPH ဥက္ကဌ နှင့် အဖွဲ့ဝင်များအား တွေ့ဆုံပြီး

အားပေးစကားပြောကြားခြင်း၊ လက်ရှိအခြေအနေများနှင့် လတ်တလော ဘေးဒဏ်ခံပြည်သူများ၊

နေရပ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေ ကြရသူများအတွက် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့်

လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများကို ညှိနှိုင်းဆွေနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၎င်းကပြောသည်။

မင်းတပ်၌ စစ်ကောင်စီတပ်များနှင့် အရပ်သား လက်နက်ကိုင်တပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ရာမှ

မေ၁၅ ရက်တွင် အရပ်သားတပ်ဖြစ်သည့် ချင်းပြည်သူ့ကာကွယ်ရေးတပ်က ဆုတ်ခွာပေးခဲ့ရသည်။