News

ျပန္လြတ္လာတဲ့ေက်ာင္းသားေလးေတြ အိမ္ျပန္ဖို႔ပိုက္ဆံမရွိၾကလို႔ ဝမ္းသာအားရနဲ႔ အခမဲ့ကူညီေပးၾကတဲ့ ျပည္သူမ်ား

လတ္တေလာအေျခအေနမွာဆိုရင္ ပညာတတ္လူငယ္ေလးေတြအမ်ားအျပားလည္း

ဖ+မ္းဆီ+းထိန္းသိမ္းခံေနရတာျဖစ္လို႔ ျပည္သူလူထုအေနနဲ႔ speak out မ်ားမ်ားလုပ္ေပးေနၾကတာျဖစ္ပါတယ္။

မိမိရဲ႕အိမ္မွာဆိုရင္ ျပည့္ျပည့္စုံစုံေနထိုင္ရတဲ့ လူငယ္ေလးေတြကေတာ့

ခ်ဳ+ပ္ေႏွာ+င္ခံထားရခ်ိန္မွာ ဒုကၡမ်ိဳးစုံနဲ႔ရင္ဆိုင္ႀကဳံေတြ႕ေနရတာပဲျဖစ္ပါတယ္။

တခ်ိဳ႕လူငယ္ေလးေတြဆိုရင္ ေထာင္ဒဏ္ခ်မွတ္ခံလိုက္ရၿပီျဖစ္ၿပီး

တခ်ိဳ႕ေတြကေတာ့ မိဘရဲ႕ရင္ခြင္ထဲကိုျပန္လည္ေရာက္ရွိေနၾကၿပီျဖစ္ပါတယ္။

မၾကာေသးခင္ရက္ပိုင္းကဆိုရင္လည္း တာေမြရဲစခန္းေရွ႕မွာ ေက်ာင္းသားေလးေတြကို

ျပန္လႊတ္ေပးတဲ့ကားႀကီးေတြ ေရာက္ရွိလာခဲ့ပါတယ္။

လူငယ္ေလးေတြခမ်ာ အိမ္ျပန္ဖို႔အတြက္ ပိုက္ဆံမရွိၾကလို႔ အခက္အခဲေတြ႕ေနရတာပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ တာေမြျပည္သူ႔ကြန္ယက္ဂ႐ုကေန အဲ့ဒီအေၾကာင္းကိုတင္လိုက္ေတာ့

အိမ္စီးကားေတြနဲ႔ Taxi ေတြ ခ်က္ခ်င္းေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။

ေစတနာရွင္ျပည္သူေတြကေတာ့ ကေလးေတြရဲ႕အိမ္ေရွ႕အထိအခမဲ့လိုက္ပို႔ေပးခဲ့ၾကတာျဖစ္ပါတယ္။

လိုက္ပို႔ေပးတဲ့ေစတနာရွင္ေတြကို ျပန္လြတ္လာတဲ့လူငယ္ေတြကလည္း ေက်းဇူးတင္ေၾကာင္းေတြ တဖြဖြေျပာေနခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ေစတနာရွင္ျပည္သူေတြကလည္း ကေလးေတြျပန္လြတ္လာလို႔

ဝမ္းသာေၾကာင္းေတြေျပာရင္း “ေနေကာင္းၾကလား””

“ဘာစားခ်င္ေသးလဲ” “ဝယ္ေကြၽးခ်င္လို႔ပါ” ဆိုၿပီး ေစတနာေတြပိုေနၾကတာျဖစ္ပါတယ္။

အခုလိုမ်ိဳး ျပည္သူေတြက အျပန္မလွန္ေမတၱာထားၿပီး ဘယ္အခ်ိန္မဆို ကူညီဖို႔အဆင္သင့္

ရွိေနၾကတဲ့အေၾကာင္းေလးကို ပီတိျဖစ္စြာနဲ႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

unicode

လတ်တလောအခြေအနေမှာဆိုရင် ပညာတတ်လူငယ်လေးတွေအများအပြားလည်း

ဖ+မ်းဆီ+းထိန်းသိမ်းခံနေရတာဖြစ်လို့ ပြည်သူလူထုအနေနဲ့ speak out များများလုပ်ပေးနေကြတာဖြစ်ပါတယ်။

မိမိရဲ့အိမ်မှာဆိုရင် ပြည့်ပြည့်စုံစုံနေထိုင်ရတဲ့ လူငယ်လေးတွေကတော့

ချု+ပ်နှော+င်ခံထားရချိန်မှာ ဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

တချို့လူငယ်လေးတွေဆိုရင် ထောင်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်ပြီး

တချို့တွေကတော့ မိဘရဲ့ရင်ခွင်ထဲကိုပြန်လည်ရောက်ရှိနေကြပြီဖြစ်ပါတယ်။

မကြာသေးခင်ရက်ပိုင်းကဆိုရင်လည်း တာမွေရဲစခန်းရှေ့မှာ ကျောင်းသားလေးတွေကို

ပြန်လွှတ်ပေးတဲ့ကားကြီးတွေ ရောက်ရှိလာခဲ့ပါတယ်။

လူငယ်လေးတွေခမျာ အိမ်ပြန်ဖို့အတွက် ပိုက်ဆံမရှိကြလို့ အခက်အခဲတွေ့နေရတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် တာမွေပြည်သူ့ကွန်ယက်ဂရုကနေ အဲ့ဒီအကြောင်းကိုတင်လိုက်တော့

အိမ်စီးကားတွေနဲ့ Taxi တွေ ချက်ချင်းရောက်လာခဲ့ကြတာဖြစ်ပါတယ်။

စေတနာရှင်ပြည်သူတွေကတော့ ကလေးတွေရဲ့အိမ်ရှေ့အထိအခမဲ့လိုက်ပို့ပေးခဲ့ကြတာဖြစ်ပါတယ်။

လိုက်ပို့ပေးတဲ့စေတနာရှင်တွေကို ပြန်လွတ်လာတဲ့လူငယ်တွေကလည်း ကျေးဇူးတင်ကြောင်းတွေ တဖွဖွပြောနေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စေတနာရှင်ပြည်သူတွေကလည်း ကလေးတွေပြန်လွတ်လာလို့

ဝမ်းသာကြောင်းတွေပြောရင်း “နေကောင်းကြလား””

“ဘာစားချင်သေးလဲ” “ဝယ်ကျွေးချင်လို့ပါ” ဆိုပြီး စေတနာတွေပိုနေကြတာဖြစ်ပါတယ်။

အခုလိုမျိုး ပြည်သူတွေက အပြန်မလှန်မေတ္တာထားပြီး ဘယ်အချိန်မဆို ကူညီဖို့အဆင်သင့်

ရှိနေကြတဲ့အကြောင်းလေးကို ပီတိဖြစ်စွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။