News

ငွေကြောင့်မဟုတ်ဘဲ ဖိအားတွေပေးလာလို့ စစ်ကောင်စီရဲ့ပွဲကို မငြင်းသာဘဲ လက်ခံလိုက်ရတဲ့ မြို့မအသင်း

မန္တလေးနှင့် မြို့မ၊ မြို့မနှင့် မန္တလေးသည် ခွဲခြားမရဟု အများသိကြသော်လည်း ယနေ့တွင်မူ

စစ်ကောင်စီမှ ပြုလုပ်သည့် အခမ်းအနားကို ဖျော်ဖြေရန် မြို့မအဖွဲ့ကြီး

လက်ခံလိုက်ခြင်းကြောင့် မန္တလေးလူထု၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည်။

မြို့မတူရိယာအသင်းသည် မေလ ၁၄ ရက်တွင် မန္တလေးမြို့၃၈ လမ်း နှင့် ၇၈ လမ်းထောင့်တွင်

ရှိသည့် မျက်ပါးရပ် စစ်တပ် ဝင်းအတွင်း ရတနာပုံခန်းမ ဖွင့်ပွဲတွင် ဖျော်ဖြေရမည်ဖြစ်ရာ

ထိုသို့ စစ်ကောင်စီ၏ အခမ်းအနားတခုကို ဖျော်ဖြေရန် လက်ခံ လိုက်ခြင်းမှာ ငွေကြေးကြောင့် မဟုတ်ဘဲ

ဖိအားပေးမှုများကြောင့် ဖြစ်ကြောင်း မြို့မတူရိယာအသင်းသား တဦးကပြော သည်။

“သေချာတာ တခုက ကျနော်တို့ကို ဖိအားပေးမှုတွေ ရှိတာပေါ့ဗျာ။

ပြည်သူကလည်း ဒီပွဲကို လက်ခံတီးတဲ့အတွက် ကျနော် တို့အပေါ် ငြိုငြင်တာပေါ့ဗျာ။

ကျနော်တို့က ငွေရေးကြေးရေးကြောင့် မဟုတ်ဘူး။ ကျနော်တို့ မြို့မက ပြည့်စုံပြီးသား။

အနု ပညာသမားဆိုတော့ ကျရာ တာဝန်ထမ်းဆောင်တဲ့ သဘောပေါ့ဗျာ။

ဒီအချိန်မှာ မလုပ်ချင်ပါဘူး။ ဒီကြားထဲမှာ တခြားပွဲ တွေ လာငှားတာတွေ ရှိတယ်။

ကျနော်တို့ လက်မခံဘူး” ဟု မြို့မ တူရိယာအသင်းသား တဦးက ပြောသည်။

ထိုကဲ့သို့ ပွဲဖျော်ဖြေမည့် ကိစ္စရပ်အား မြို့မအမှုဆောင်အဖွဲ့ဝင်များက ဆွေးနွေးကြသည့်အခါတွင်

အသင်းသားများ အနေ ဖြင့်တီးခတ်ချင်သည့် ဆန္ဒမရှိပါက မလာရောက်နိုင်ကြောင်းလည်း ပြောဆိုထားသည်ဟု သိရသည်။

“ပြည်သူကလည်း ငြိုငြင်တာတွေ တွေ့ရပါတယ်။

လိုင်းပေါ်မှာ အပြစ်တင် ဝေဖန်တာ တွေ တွေ့ရတယ်။

ဒါလည်း ပြည်သူကို အပြစ်မမြင်ပါဘူး။ ပြည်သူရဲ့ခံစားချက်ကို နားလည်ပါတယ်။

ကျနော်တို့ရဲ့အခက်အ ခဲ အကျပ်အတည်းကို ပြည်သူတွေ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။

တကယ် ရင်ဆိုင်ရတဲ့အခါမှာ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့် များများစားစား မရှိဘူး” ဟု ၎င်းက ဆိုသည်။

မြို့မ အသင်းကြီး အနေဖြင့် ယခုနှစ်သင်္ကြန်တွင် ဖျော်ဖြေတီးခတ်ပေးရန်

စစ်ကောင်စီက ငှားရမ်းခဲ့သော်လည်း လက်မခံခဲ့ ကြောင်းလည်း သူကဆိုသည်။

တခြားသော မြို့မအသင်းဝင်တဦးကလည်း စစ်ကောင်စီဘက်က ကမ်းလှမ်းချက်ကို

လက်မခံပါက အသင်းကိုချိတ်ပိတ် မည်ဖြစ်ပြီး

အသင်းသားများကိုလည်း ၅၀၅ က ဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်မှုများဖြစ်ကြောင်း ပြောဆိုထားသည်။

ဆရာကြီး မြို့မငြိမ်းက ဦးဆောင်တည်ထောင်ခဲ့ကာ ပန်းချီဆရာကြီး ဦးဘသစ်၊ ဓားတန်း ဦး သန်း၊

တောင်မြို့ ဦးကိုလေး၊ ဦးယဉ်လေး အစရှိသည့် လူပုဂ္ဂိုလ် ၁၂ ဦးဖြင့် ၁၉၂၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး

ဘာသာ ရေး၊ သာသနာရေးပွဲများတွင် ဖျော်ဖြေခဲ့ရာမှ မြို့မတူရိယာအဖွဲ့ဟု လူသိများခဲ့ခြင်းဖြစ်သည်။

မြို့မအသင်းကြီးမှာ မန္တလေး မြို့၏ အထင်ကရ အထိမ်းအမှတ်တခုလည်း ဖြစ်သလို

နှစ်ကာလသက်တမ်းအရှည်ကြာဆုံးလည်း အသင်းကြီးတခုလည်း ဖြစ်သည်။

ဧရာ၀တီ

မြို့မအပျော်တမ်းတူရိယာ အသင်းကို ၁၉၂၅ ခုနှစ်တွင် ဆရာ အလင်္ကာကျော်စွာ မြို့မငြိမ်းမှ ဦးဆောင်၍ တည်ထောင်ခဲ့ပါသည်။

၁၉၂၈-ခုနှစ်တွင် မန္တလေး ဆိုင်းတန်းရပ်မှ ဦးတော်လုံအား အမှူးပြု၍ ဦးကျော်ငြိမ်း(မြို့မငြိမ်း)၊ ဦးကြီးငွေ၊

ဦးသန့်ဇင်၊ ဦးရင်ကလေးတို့က ဒါးတန်း ဦးသန့်နေထိုင်သော ဒါးတန်းဝင်းအတွင်း၌ ဖွဲ့စည်းခဲ့သည်။

ပထမဆုံး အဆိုတော်မှာ ဦးညီနှင့် ဦးဖူးအံ့တို့ ဖြစ်သည်။

ယခင်က ဒါးတန်းဝင်း၌ အသင်းတည်ရှိခဲ့ပြီး ယခုအခါ ၈၆-လမ်းနှင့် ၂၁-လမ်းထောင့်တွင် တည်ရှိသည်။

မြန်မာနိုင်ငံ၏ သက်တမ်း အရှည်ကြာဆုံး တူရိယာ အသင်း တစ်ခုဖြစ်ပါသည်။

ZAWGYI

မႏၲေလးႏွင့္ ၿမိဳ႕မ၊ ၿမိဳ႕မႏွင့္ မႏၲေလးသည္ ခြဲျခားမရဟု အမ်ားသိၾကေသာ္လည္း ယေန႔တြင္မူ

စစ္ေကာင္စီမွ ျပဳလုပ္သည့္ အခမ္းအနားကို ေဖ်ာ္ေျဖရန္ ၿမိဳ႕မအဖြဲ႕ႀကီး

လက္ခံလိုက္ျခင္းေၾကာင့္ မႏၲေလးလူထု၏ ေဝဖန္ျပစ္တင္မႈကို ခံေနရသည္။

ၿမိဳ႕မတူရိယာအသင္းသည္ ေမလ ၁၄ ရက္တြင္ မႏၲေလးၿမိဳ႕၃၈ လမ္း ႏွင့္ ၇၈ လမ္းေထာင့္တြင္

ရွိသည့္ မ်က္ပါးရပ္ စစ္တပ္ ဝင္းအတြင္း ရတနာပုံခန္းမ ဖြင့္ပြဲတြင္ ေဖ်ာ္ေျဖရမည္ျဖစ္ရာ

ထိုသို႔ စစ္ေကာင္စီ၏ အခမ္းအနားတခုကို ေဖ်ာ္ေျဖရန္ လက္ခံ လိုက္ျခင္းမွာ ေငြေၾကးေၾကာင့္ မဟုတ္ဘဲ

ဖိအားေပးမႈမ်ားေၾကာင့္ ျဖစ္ေၾကာင္း ၿမိဳ႕မတူရိယာအသင္းသား တဦးကေျပာ သည္။

“ေသခ်ာတာ တခုက က်ေနာ္တို႔ကို ဖိအားေပးမႈေတြ ရွိတာေပါ့ဗ်ာ။

ျပည္သူကလည္း ဒီပြဲကို လက္ခံတီးတဲ့အတြက္ က်ေနာ္ တို႔အေပၚ ၿငိဳျငင္တာေပါ့ဗ်ာ။

က်ေနာ္တို႔က ေငြေရးေၾကးေရးေၾကာင့္ မဟုတ္ဘူး။ က်ေနာ္တို႔ ၿမိဳ႕မက ျပည့္စုံၿပီးသား။

အႏု ပညာသမားဆိုေတာ့ က်ရာ တာဝန္ထမ္းေဆာင္တဲ့ သေဘာေပါ့ဗ်ာ။

ဒီအခ်ိန္မွာ မလုပ္ခ်င္ပါဘူး။ ဒီၾကားထဲမွာ တျခားပြဲ ေတြ လာငွားတာေတြ ရွိတယ္။

က်ေနာ္တို႔ လက္မခံဘူး” ဟု ၿမိဳ႕မ တူရိယာအသင္းသား တဦးက ေျပာသည္။

ထိုကဲ့သို႔ ပြဲေဖ်ာ္ေျဖမည့္ ကိစၥရပ္အား ၿမိဳ႕မအမႈေဆာင္အဖြဲ႕ဝင္မ်ားက ေဆြးေႏြးၾကသည့္အခါတြင္

အသင္းသားမ်ား အေန ျဖင့္တီးခတ္ခ်င္သည့္ ဆႏၵမရွိပါက မလာေရာက္ႏိုင္ေၾကာင္းလည္း ေျပာဆိုထားသည္ဟု သိရသည္။

“ျပည္သူကလည္း ၿငိဳျငင္တာေတြ ေတြ႕ရပါတယ္။

လိုင္းေပၚမွာ အျပစ္တင္ ေဝဖန္တာ ေတြ ေတြ႕ရတယ္။

ဒါလည္း ျပည္သူကို အျပစ္မျမင္ပါဘူး။ ျပည္သူရဲ႕ခံစားခ်က္ကို နားလည္ပါတယ္။

က်ေနာ္တို႔ရဲ႕အခက္အ ခဲ အက်ပ္အတည္းကို ျပည္သူေတြ နားလည္ေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

တကယ္ ရင္ဆိုင္ရတဲ့အခါမွာ က်ေနာ္တို႔မွာ ေ႐ြးခ်ယ္ပိုင္ခြင့္ မ်ားမ်ားစားစား မရွိဘူး” ဟု ၎က ဆိုသည္။

ၿမိဳ႕မ အသင္းႀကီး အေနျဖင့္ ယခုႏွစ္သၾကၤန္တြင္ ေဖ်ာ္ေျဖတီးခတ္ေပးရန္

စစ္ေကာင္စီက ငွားရမ္းခဲ့ေသာ္လည္း လက္မခံခဲ့ ေၾကာင္းလည္း သူကဆိုသည္။

တျခားေသာ ၿမိဳ႕မအသင္းဝင္တဦးကလည္း စစ္ေကာင္စီဘက္က ကမ္းလွမ္းခ်က္ကို

လက္မခံပါက အသင္းကိုခ်ိတ္ပိတ္ မည္ျဖစ္ၿပီး

အသင္းသားမ်ားကိုလည္း ၅၀၅ က ျဖင့္ အေရးယူမည္ဟု ၿခိမ္းေျခာက္မႈမ်ားျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ဆရာႀကီး ၿမိဳ႕မၿငိမ္းက ဦးေဆာင္တည္ေထာင္ခဲ့ကာ ပန္းခ်ီဆရာႀကီး ဦးဘသစ္၊ ဓားတန္း ဦး သန္း၊

ေတာင္ၿမိဳ႕ ဦးကိုေလး၊ ဦးယဥ္ေလး အစရွိသည့္ လူပုဂၢိဳလ္ ၁၂ ဦးျဖင့္ ၁၉၂၅ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး

ဘာသာ ေရး၊ သာသနာေရးပြဲမ်ားတြင္ ေဖ်ာ္ေျဖခဲ့ရာမွ ၿမိဳ႕မတူရိယာအဖြဲ႕ဟု လူသိမ်ားခဲ့ျခင္းျဖစ္သည္။

ၿမိဳ႕မအသင္းႀကီးမွာ မႏၲေလး ၿမိဳ႕၏ အထင္ကရ အထိမ္းအမွတ္တခုလည္း ျဖစ္သလို

ႏွစ္ကာလသက္တမ္းအရွည္ၾကာဆုံးလည္း အသင္းႀကီးတခုလည္း ျဖစ္သည္။

ဧရာ၀တီ

ၿမိဳ႕မအေပ်ာ္တမ္းတူရိယာ အသင္းကို ၁၉၂၅ ခုႏွစ္တြင္ ဆရာ အလကၤာေက်ာ္စြာ ၿမိဳ႕မၿငိမ္းမွ ဦးေဆာင္၍ တည္ေထာင္ခဲ့ပါသည္။

၁၉၂၈-ခုႏွစ္တြင္ မႏၲေလး ဆိုင္းတန္းရပ္မွ ဦးေတာ္လုံအား အမႉးျပဳ၍ ဦးေက်ာ္ၿငိမ္း(ၿမိဳ႕မၿငိမ္း)၊ ဦးႀကီးေငြ၊

ဦးသန႔္ဇင္၊ ဦးရင္ကေလးတို႔က ဒါးတန္း ဦးသန႔္ေနထိုင္ေသာ ဒါးတန္းဝင္းအတြင္း၌ ဖြဲ႕စည္းခဲ့သည္။

ပထမဆုံး အဆိုေတာ္မွာ ဦးညီႏွင့္ ဦးဖူးအံ့တို႔ ျဖစ္သည္။

ယခင္က ဒါးတန္းဝင္း၌ အသင္းတည္ရွိခဲ့ၿပီး ယခုအခါ ၈၆-လမ္းႏွင့္ ၂၁-လမ္းေထာင့္တြင္ တည္ရွိသည္။

ျမန္မာႏိုင္ငံ၏ သက္တမ္း အရွည္ၾကာဆုံး တူရိယာ အသင္း တစ္ခုျဖစ္ပါသည္။