International News

ဂ်ပန္သတင္းေထာက္ တိုက်ိဳျပန္ေရာက္ၿပီျဖစ္ၿပီး ျမန္မာျပည္ကသတင္းစကားေတြ ကမာၻကို ျဖန႔္ေတာ့မည္

ဂ်ပန္သတင္းေထာက္ တိုက်ိဳျပန္ေရာက္၊ ျမန္မာျပည္ကသတင္းစကား ကမာၻကို ျဖန႔္

ဂ်ပန္သတင္းေထာက္ တိုက်ိဳျပန္ေရာက္၊ ျမန္မာျပည္ကသတင္းစကား ကမာၻကို ျဖန႔္မည္

ျမန္မာစစ္ေကာင္စီအၾကမ္းဖက္အဖြဲ႕ရဲ႕ ဖမ္းဆီးခံခဲ့ရၿပီး ျပည္ႏွင္ဒဏ္ေပးခံခဲ့ရတဲ့

ဂ်ပန္ႏိုင္ငံသား အလြတ္သတင္းေထာက္ မစၥတာ ယူကီ ခိတဇုမိကိုဟာ

ေမလ ၁၄ ရက္ ေဒသစံေတာ္ခ်ိန္ ည ၁၀ နာရီခြဲမွာ ဂ်ပန္ႏိုင္ငံ ခ်ီးဘာခ႐ိုင္

နာရီတာ ေလဆိပ္ကိုျပန္လည္ေရာက္ရွိလာပါတယ္။

အလြတ္သတင္းေထာက္ မစၥတာ ယူကီကို ဒီေန႔မနက္က အင္းစိန္ေထာင္ကေန ျပန္လႊတ္ေပးခဲ့ၿပီး

ရန္ကုန္ေလဆိပ္ကေနတဆင့္ ေလေၾကာင္းခရီးနဲ႔ ဂ်ပန္ကိုျပန္လည္ေရာက္ရွိလာတာပါ။

ဂ်ပန္ကို ျပန္ေရာက္ေရာက္ခ်င္း ေလဆိပ္မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မစၥတာ ယူကီက

သူ႔လြတ္ေျမာက္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့သူေတြအားလုံးကို ေက်းဇူးအထူးတင္ေၾကာင္းနဲ႔

လက္ရွိသူ႔အေနနဲ႔ သတင္းသမားတဦးျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံသားေတြ ေပးခ်င္တဲ့

သတင္းစကားေတြကို ဂ်ပန္အပါအဝင္တကမာၻလုံးကသိေအာင္လုပ္ေဆာင္ပါမယ္လို႔ ေျပာၾကားခဲ့ပါတယ္။

မစၥတာ ယူကီ ျပန္လြတ္ေရးအတြက္ ဂ်ပန္ႏိုင္ငံက နည္းလမ္းေပါင္းစုံနဲ႔ခ်ည္းကပ္ၿပီး ခက္ခက္ခဲခဲ လုပ္ကိုင္ခဲ့ရတယ္လို႔လည္း

ျပဳလုပ္ခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ Motegi က ေျပာဆိုခဲ့ပါေသးတယ္။

ဂ်ပန္သတင္းေထာက္ မစၥတာ ယူကီခိတဇုမိ ကို ျမန္မာ-ဂ်ပန္ႏွစ္ႏိုင္ငံဆက္ဆံေရးကို ေရွးရႈၿပီး အမႈပိတ္သိမ္းကာ ျပန္လႊတ္ေပးမယ္လို႔

စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ေမလ ၁၃ ရက္မွာ ေၾကညာၿပီးေနာက္ ျပန္လႊတ္ေပးလိုက္တာျဖစ္ပါတယ္။

သတင္းေထာက္ မစၥတာ ယူကီ ခိတဇုမိကို ဧၿပီ ၁၈ ရက္ညပိုင္းမွာ ရန္ကုန္ ပုဇြန္ေတာင္ၿမိဳ႕နယ္

ေရေက်ာ္လမ္းရွိ သူ႔ရဲ႕ ေနအိမ္မွာ ရဲနဲ႔စစ္တပ္က လာေရာက္ ဖမ္းဆီးသြားခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၆ ရက္ကလည္း ရန္ကုန္ ေျမနီကုန္းမွာ စစ္အာဏာရွင္ဆန႔္က်ဆႏၵျပတဲ့ ျပည္သူေတြကို

သတင္းယူေနတဲ့ သူ႔ကို ရဲတပ္ဖြဲ႕က မနက္ပိုင္းမွာ အဓမၼ ဖမ္းဆီးသြားၿပီး ညေနပိုင္းမွာ ျပန္လႊတ္ေပးခဲ့ တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာဏာသိမ္းစစ္ေကာင္စီက ျမန္မာသတင္းမီဒီယာသမား ၄၀ ေက်ာ္ကို ဖမ္းဆီးထားၿပီး

အမ်ားစုကို ပုဒ္မ ၅၀၅ (က) နဲ႔ တရားစြဲဆိုထားကာ ျပည္ၿမိဳ႕အေျခစိုက္

ဒီဗြီဘီ သတင္းေထာက္ ကိုမင္းညိဳကိုေတာ့ ပုဒ္မ ၅၀၅ (က) နဲ႔ ေမလ ၁၂ ရက္ေန႔က ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

DVB

(UNICODE)

ဂျပန်သတင်းထောက် တိုကျိုပြန်ရောက်၊ မြန်မာပြည်ကသတင်းစကား ကမ္ဘာကို ဖြန့်

ဂျပန်သတင်းထောက် တိုကျိုပြန်ရောက်၊ မြန်မာပြည်ကသတင်းစကား ကမ္ဘာကို ဖြန့်မည်

မြန်မာစစ်ကောင်စီအကြမ်းဖက်အဖွဲ့ရဲ့ ဖမ်းဆီးခံခဲ့ရပြီး ပြည်နှင်ဒဏ်ပေးခံခဲ့ရတဲ့

ဂျပန်နိုင်ငံသား အလွတ်သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကိုဟာ

မေလ ၁၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဂျပန်နိုင်ငံ ချီးဘာခရိုင်

နာရီတာ လေဆိပ်ကိုပြန်လည်ရောက်ရှိလာပါတယ်။

အလွတ်သတင်းထောက် မစ္စတာ ယူကီကို ဒီနေ့မနက်က အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပြီး

ရန်ကုန်လေဆိပ်ကနေတဆင့် လေကြောင်းခရီးနဲ့ ဂျပန်ကိုပြန်လည်ရောက်ရှိလာတာပါ။

ဂျပန်ကို ပြန်ရောက်ရောက်ချင်း လေဆိပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ ယူကီက

သူ့လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူတွေအားလုံးကို ကျေးဇူးအထူးတင်ကြောင်းနဲ့

လက်ရှိသူ့အနေနဲ့ သတင်းသမားတဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံသားတွေ ပေးချင်တဲ့

သတင်းစကားတွေကို ဂျပန်အပါအဝင်တကမ္ဘာလုံးကသိအောင်လုပ်ဆောင်ပါမယ်လို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ ယူကီ ပြန်လွတ်ရေးအတွက် ဂျပန်နိုင်ငံက နည်းလမ်းပေါင်းစုံနဲ့ချည်းကပ်ပြီး ခက်ခက်ခဲခဲ လုပ်ကိုင်ခဲ့ရတယ်လို့လည်း

ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Motegi က ပြောဆိုခဲ့ပါသေးတယ်။

ဂျပန်သတင်းထောက် မစ္စတာ ယူကီခိတဇုမိ ကို မြန်မာ-ဂျပန်နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုပြီး အမှုပိတ်သိမ်းကာ ပြန်လွှတ်ပေးမယ်လို့

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က မေလ ၁၃ ရက်မှာ ကြေညာပြီးနောက် ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

သတင်းထောက် မစ္စတာ ယူကီ ခိတဇုမိကို ဧပြီ ၁၈ ရက်ညပိုင်းမှာ ရန်ကုန် ပုဇွန်တောင်မြို့နယ်

ရေကျော်လမ်းရှိ သူ့ရဲ့ နေအိမ်မှာ ရဲနဲ့စစ်တပ်က လာရောက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရန်ကုန် မြေနီကုန်းမှာ စစ်အာဏာရှင်ဆန့်ကျဆန္ဒပြတဲ့ ပြည်သူတွေကို

သတင်းယူနေတဲ့ သူ့ကို ရဲတပ်ဖွဲ့က မနက်ပိုင်းမှာ အဓမ္မ ဖမ်းဆီးသွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်ကောင်စီက မြန်မာသတင်းမီဒီယာသမား ၄၀ ကျော်ကို ဖမ်းဆီးထားပြီး

အများစုကို ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားကာ ပြည်မြို့အခြေစိုက်

ဒီဗွီဘီ သတင်းထောက် ကိုမင်းညိုကိုတော့ ပုဒ်မ ၅၀၅ (က) နဲ့ မေလ ၁၂ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပါတယ်။

DVB