News

နယ်စပ်ဒေသမှ ဆိုင်ကယ်တင်သွင်းမှု စစ်ကောင်စီ ပြန်လည်ခွင့်ပြု

နယ်စပ်ဒေသမှ ဆိုင်ကယ်တင်သွင်းမှု စစ်ကောင်စီ ပြန်လည်ခွင့်ပြု

နယ်စပ်ဒေသမှ ဆိုင်ကယ်တင်သွင်းခွင့် အား ပြန်လည်ခွင့်ပြုကြောင်း စစ်ကောင်စီ

ကုန်သွယ်ရေးဦးစီးဌာနမှ မနေ့က မေလ ၁၂ ရက်နေ့တွင် မြဝတီနယ်စပ်ကုန်သည်များသို့

စာထုတ်၍ အသိပေးအကြောင်းကြား ထားကြောင်း သိရသည်။

စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနမှ ပြီးခဲ့သည့် မေလ ၈ ရက်နေ့မှစ၍ နယ်စပ်ဒေသများမှတဆင့်

ဆိုင်ကယ် တင်သွင်းမှုအား ဆိုင်းငံ့ရန့်စာထုတ်ထားပြီး ယခုအခါ မေလ ၁၃ ရက်နေ့မှစ၍

ဆိုင်ကယ်များ ပြန်လည်တင်သွင်းရန် ခွင့်ပြုပေးခြင်း ဖြစ်သည်။

နယ်စပ်လမ်းကြောင်းမှတဆင့် မော်တော်ဆိုင်ကယ်အသစ် လိုင်စင်လျှောက်ထားမှု (ITC Card)

အပါအဝင် အမှန်တင်သွင်းမှုများကို မေလ ၁၃ ရက်မှစ၍ တင်သွင်းခွင့်ပြုကြောင်းကို ယမန်နေ့

မေလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီနယ်စပ်ကုန်သွယ်ရေးဌာနမှ တဆင့် နယ်စပ်ကုန်သည်များသို့

အသိပေးအကြောင်းကြားစာ ပေးပို့ထားသည် ဟု ကုန်သည်တစ်ဦးက ပြောသည်။

ယခုလို ဆိုင်ကယ်တင်သွင်းမှုအား ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်း အကြောင်းကြားစာများတွင်

စစ်ကောင်စီအနေဖြင့် ရေရာသည့် အကြောင်းပြချက်တစ်စုံတစ်ရာ မပါပေ။

မြဝတီနယ်စပ်လမ်းကြောင်းမှတဆင့် မြန်မာပြည်တွင်းသို့ ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များ၊ ထိုင်း-ဗီယက်နမ်

ဖက်စပ်ဆိုင်ကယ် အသစ်များကို ကုမ္ပဏီများမှတဆင့် တင်သွင်းမှုများရှိသလို ထိုင်း နှင့် ဂျပန်

တပတ်ရစ် ဆိုင်ကယ်များကိုလည်း တစ်နိုင်တပိုင်စီးပွားရေးလုပ်ငန်းရှင်များက

နည်းလမ်းအသွယ်သွယ်ဖြင့် တင်သွင်းလျက်ရှိနေသည်။

ပြီးခဲ့သည့် မေ ၈ ရက်နေ့မှစ၍ ဆိုင်ကယ်တင်သွင်းခွင့်ကို စစ်ကောင်စီမှ ပိတ်ပင်လိုက်ပြီးနောက်

နယ်စပ်ဒေသနှင့် ပြည်တွင်းရှိဆိုင်ကယ် အရောင်းဆိုင်များကို ဝင်ရောက် စစ်ဆေးရှာဖွေဖမ်းဆီးခြင်းများ

ပြုလုပ်ခဲ့၍ ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအထိ မြဝတီနယ်စပ်ရှိ

ဆိုင်ကယ်အရောင်းဆိုင်များမှာ ပိတ်သိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

#KIC

zawgyi

နယ္စပ္ေဒသမွ ဆိုင္ကယ္တင္သြင္းမႈ စစ္ေကာင္စီ ျပန္လည္ခြင့္ျပဳ

နယ္စပ္ေဒသမွ ဆိုင္ကယ္တင္သြင္းခြင့္ အား ျပန္လည္ခြင့္ျပဳေၾကာင္း စစ္ေကာင္စီ

ကုန္သြယ္ေရးဦးစီးဌာနမွ မေန႔က ေမလ ၁၂ ရက္ေန႔တြင္ ျမဝတီနယ္စပ္ကုန္သည္မ်ားသို႔

စာထုတ္၍ အသိေပးအေၾကာင္းၾကား ထားေၾကာင္း သိရသည္။

စစ္ေကာင္စီ ကုန္သြယ္ေရးဦးစီးဌာနမွ ၿပီးခဲ့သည့္ ေမလ ၈ ရက္ေန႔မွစ၍ နယ္စပ္ေဒသမ်ားမွတဆင့္

ဆိုင္ကယ္ တင္သြင္းမႈအား ဆိုင္းငံ့ရန္႔စာထုတ္ထားၿပီး ယခုအခါ ေမလ ၁၃ ရက္ေန႔မွစ၍

ဆိုင္ကယ္မ်ား ျပန္လည္တင္သြင္းရန္ ခြင့္ျပဳေပးျခင္း ျဖစ္သည္။

နယ္စပ္လမ္းေၾကာင္းမွတဆင့္ ေမာ္ေတာ္ဆိုင္ကယ္အသစ္ လိုင္စင္ေလွ်ာက္ထားမႈ (ITC Card)

အပါအဝင္ အမွန္တင္သြင္းမႈမ်ားကို ေမလ ၁၃ ရက္မွစ၍ တင္သြင္းခြင့္ျပဳေၾကာင္းကို ယမန္ေန႔

ေမလ ၁၂ ရက္ေန႔ မြန္းလြဲပိုင္းက ျမဝတီနယ္စပ္ကုန္သြယ္ေရးဌာနမွ တဆင့္ နယ္စပ္ကုန္သည္မ်ားသို႔

အသိေပးအေၾကာင္းၾကားစာ ေပးပို႔ထားသည္ ဟု ကုန္သည္တစ္ဦးက ေျပာသည္။

ယခုလို ဆိုင္ကယ္တင္သြင္းမႈအား ခြင့္ျပဳျခင္း၊ ခြင့္မျပဳျခင္း အေၾကာင္းၾကားစာမ်ားတြင္

စစ္ေကာင္စီအေနျဖင့္ ေရရာသည့္ အေၾကာင္းျပခ်က္တစ္စုံတစ္ရာ မပါေပ။

ျမဝတီနယ္စပ္လမ္းေၾကာင္းမွတဆင့္ ျမန္မာျပည္တြင္းသို႔ ထိုင္းႏိုင္ငံထုတ္ဆိုင္ကယ္မ်ား၊ ထိုင္း-ဗီယက္နမ္

ဖက္စပ္ဆိုင္ကယ္ အသစ္မ်ားကို ကုမၸဏီမ်ားမွတဆင့္ တင္သြင္းမႈမ်ားရွိသလို ထိုင္း ႏွင့္ ဂ်ပန္

တပတ္ရစ္ ဆိုင္ကယ္မ်ားကိုလည္း တစ္ႏိုင္တပိုင္စီးပြားေရးလုပ္ငန္းရွင္မ်ားက

နည္းလမ္းအသြယ္သြယ္ျဖင့္ တင္သြင္းလ်က္ရွိေနသည္။

ၿပီးခဲ့သည့္ ေမ ၈ ရက္ေန႔မွစ၍ ဆိုင္ကယ္တင္သြင္းခြင့္ကို စစ္ေကာင္စီမွ ပိတ္ပင္လိုက္ၿပီးေနာက္

နယ္စပ္ေဒသႏွင့္ ျပည္တြင္းရွိဆိုင္ကယ္ အေရာင္းဆိုင္မ်ားကို ဝင္ေရာက္ စစ္ေဆးရွာေဖြဖမ္းဆီးျခင္းမ်ား

ျပဳလုပ္ခဲ့၍ ယေန႔ ေမလ ၁၃ ရက္ေန႔ မြန္းလြဲပိုင္းအထိ ျမဝတီနယ္စပ္ရွိ

ဆိုင္ကယ္အေရာင္းဆိုင္မ်ားမွာ ပိတ္သိမ္းထားဆဲျဖစ္ေၾကာင္း သိရသည္။

#KIC