News

လူငယ္ ၂ ဦး လက္ဗလာနဲ႔သာ ဆႏၵျပခဲ့ၾကေသာ္လည္း …

ဆန္ဒပြပြီး ပြန်လာသော လူငယ် ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိဟု စစ်ကောင်စီထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဆန္ဒပြပြီး အပြန်လမ်းတွင် ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးကို

လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးမှာ အသက် ၂၀ အရွယ် မောင်ဟိန်းအောင်ဆက်နှင့်

အသက် ၁၇ နှစ်အရွယ် မောင်ရဲသုဝေ လင်းတို့ ဖြစ်သည်။

၎င်းတို့ နှစ်ဦးသည် မေ ၁၁ ရက်က မူဆယ်မြို့တွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး

နေအိမ်သို့ အပြန်တွင် အရပ်ဝတ် စစ်သားများနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ အာဘော်များကို ထုတ်လွှင့်နေသည့် မြန်မာ့အသံသတင်းဌာန၏ မေလ ၁၂ ရက်

ည ၈ နာရီသတင်းတွင် မောင် ဟိန်းအောင်ဆက်နှင့် မောင်ရဲသု ဝေလင်းတို့ကို ဖမ်းဆီးစစ်ဆေးထားချက်အရ

ဟိုနားရပ်ကွက်အတွင်းမှ နေအိမ် တအိမ်ကို ဝင်ရှာရာတွင် M-22 သေနတ် ၅ လက်၊ ကျည်အိမ် ၅ ခု၊

ကြိုးဆွဲ လက်ပစ်ဗုံး ၁၆ လုံးနှင့် ၇.၆၂ ကျည် ၃၁၅ တောင့်တို့ကို သိမ်း ဆည်းမိကြောင်း သတင်း ထုတ်ပြန်ထားသည်။

စစ်တပ်ပိုင် မြဝတီသတင်းဌာနကလည်း ၎င်းတို့ ၂ ဦးကို M-22 သေနတ် ၅ လက်၊

လက်လုပ်မိုင်း ၁၆ လုံးနှင့်အတူ ဖမ်းဆီးရရှိ ပါသည်ဟု သတင်း ထုတ်ပြန်ထားသည်။

မောင်ရဲသုဝေလင်း၏ မိသားစုဝင်တဦးက “မောင်လေးက ၁၀ တန်းကျောင်းသားပါ။ ဖမ်းခံရတုန်းက ဆိုင်ကယ်နဲ့ လူနဲ့ပဲ ဖမ်းခံ ရတာ။

သတင်းမှာ ပါလာတော့မှ လက်နက်တွေနဲ့ မိတယ်ဆိုတာ လုံးဝ မဟုတ်ဘူး။ အိမ်ထဲက လူတွေလည်း အကုန်ထွက် ဆိုလို့ ရတယ်။

ဒီကလေးက အေးအေးဆေးဆေးနေတဲ့ ကလေးတယောက်ပါ။ သူ့ကို လက်နက်တွေနဲ့ ပတ်သက်နေတယ်ဆို တာ စွပ်စွဲခံရတာပါ” ဟု ပြောသည်။

မိသားစုဝင်များက မူဆယ်မြို့ရဲစခန်းသို့ လိုက်သွားရာတွင် ဖမ်းဆီးခံရထားရသည့် လူငယ်နှစ်ဦးကို

ရိုက်နှက်ထားသဖြင့် မျက် နှာများ ဖူးယောင်နေသည့် အနေအထားဖြင့် တွေ့မြင်ခဲ့ရသည်ဟု သိရသည်။

မောင်ဟိန်းအောင်ဆက်နှင့် မောင်ရဲသုဝေလင်းတို့ကို ဆန္ဒပြပြီး အပြန်လမ်းတွင် ဖမ်းဆီးသွားသော်လည်း

ယခုအခါ လက် နက်ခဲယမ်းများနှင့် အတူ ဖမ်းမိထားသည်ဟု စွပ်စွဲထားခြင်းများကြောင့်

တရားမျှတမှု မရှိဘဲ ကြီးလေးသည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရမည်ကိုလည်း စိုးရိမ်သည်ဟု အဆိုပါ မိသားစုဝင်က ဆိုသည်။

ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးဘက်မှ အမှုလိုက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက

၎င်း၏အမှုသည် နှစ်ဦးထဲတွင် မောင်ရဲသုဝေလင်းသည် အသက် ၁၈ နှစ် မပြည့်သေးသဖြင့်

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ တရားရုံးတွင် လျှောက်ထားကာ ခံဝန်ဖြင့်

မိဘအုပ်ထိန်းမှုအောက်တွင်ထား၍ ကလေးသူငယ်ဆိုင်ရာ တရားရုံးတွင်သာ အမှု စစ်ဆေးရမည်ဟု ဆိုသည်။

ဒေါ်ဖြူဖြူဝင်းက “ဒီကလေးတွေကတော့ လက်နက်နဲ့ အမှု မပါသေးဘူး။ ၅၀၅ နဲ့ပဲ ချုပ်ရမန်ယူထားတယ်။

လက်နက်နဲ့ ပတ်သက်လို့တော့ ရမန်ကို မယူထားဘူး။ လက်နက်မိတဲ့ အိမ်က တရားခံပြေး ရှိတယ်။

ဒီတရားခံပြေးကိုပဲ လက်နက်နဲ့ ပတ်သက်တဲ့ ချုပ်မိန့် တောင်းထားတယ်။

ဖမ်းဝရမ်းထုတ်မှာပေါ့။ ကလေးနှစ်ယောက်ကိုတော့ လောလောဆယ် ၅၀၅ ပါပဲ။

ဒါပေမယ့် နောက်ထပ်လည်း ဖြစ်ရင်လည်း ဖြစ်လာနိုင်တယ်။ ပြောလို့တော့ မရသေးပါဘူး” ဟု ပြောသည်။

ထိုအမှုကို လာမည့် မေလ ၂၆ ရက်တွင် ရုံးထုတ် စစ်ဆေးမည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူ၂ ဦး၏ သူငယ်ချင်း မောင်စိုင်းနောင်ကလည်း “ကျနော်တို့က အမြဲ တွဲပြီး ဆန္ဒပြနေတာပါ။

သူတို့က လက် နက်ခဲယမ်းတွေ ဖွက်ထားတယ်။ သိမ်းထားတယ်ဆိုတာ လုံးဝ မဟုတ်ဘူး။

အဲဒီ လက်နက်တွေမိတဲ့ အိမ်က တခြား နေရာ တနေရာ ဖြစ်ပါတယ်။

သူတို့နဲ့ ဘာမှ မသက်ဆိုင်တာကို ဆွဲပြီး ချိတ်ထားတာ” ဟု ပြောသည်။

မောင်ဟိန်းအောင်ဆက်နှင့် မောင်ရဲသုဝေလင်းတို့ကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ဧရာဝတီက

မူဆယ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တဦးကို

ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိပါ။

မူဆယ်မြို့တွင်း ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ထိ စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြခြင်းကြောင့်

ဖမ်းဆီးခံရသည့် လူငယ်ဦး ရေ ၅၀ ထက် မနည်း ရှိသည်။

စစ်တပ်က အာဏာသိမ်းခြင်းကို နိုင်ငံတဝှမ်းရှိ လူထုက ဆန့်ကျင်ဆန္ဒပြနေကြရာ ဖေဖော်ဝါရီမှယနေ့ထိ

ဖမ်းဆီးခံထားရသူ ဦးရေ ၃၈၀၀ ကျော် ရှိနေပြီး အများစုကို အများပြည်သူ အကျိုးပျက်စီးစေမှုဆိုင်ရာ

ဥပဒေ ပုဒ်မ ၅၀၅ -က ဖြင့် စစ် ကောင်စီက တရားစွဲဆိုထားသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ်သည့် လူငယ်အများစုကို ဖမ်းဆီးမိပါက ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်သော်လည်း

အချို့ လူငယ်များကို နိုင်ငံတော်အား ဆန့်ကျင်ခြင်း၊ အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်ရန် ကြံစည်ခြင်း

စသည့် ပြစ်ဒဏ်ကြီး လေးသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားခြင်းများလည်း ရှိသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူငယ်ခေါင်းဆောင်တဦး ဖြစ်သည့် ကိုဝေမိုးနိုင်ကိုလည်း

ဧပြီ ၁၅ ရက်က ဆိုင်ကယ်သပိတ်ပြု လုပ်နေစဉ် ကားဖြင့်တိုက်ကာ ဖမ်းဆီးသွားခဲ့ပြီး

တရားစွဲဆိုရာတွင် တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု အပြင် ဓားပြမှု၊ လူသတ်မှု၊ အပြင်းအထန်

နာကျင်စေမှု၊ မတရား ဖမ်းဆီးချုပ်နှောင်ထားမှု စသည့် ပုဒ်မ စုစုပေါင်း ၁၀ ခုဖြင့် တရားစွဲဆို ထားသည်။

zawgyi

ဆႏၵျပၿပီး ျပန္လာေသာ လူငယ္ ၂ ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းမိဟု စစ္ေကာင္စီထုတ္ျပန္

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕တြင္ ဆႏၵျပၿပီး အျပန္လမ္းတြင္ ဖမ္းဆီးခံရသည့္ လူငယ္ ၂ ဦးကို

လက္နက္ခဲယမ္းမ်ား ႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း စစ္ေကာင္စီက ထုတ္ျပန္ထားသည္။

ဖမ္းဆီးခံထားရသည့္ လူငယ္ ၂ ဦးမွာ အသက္ ၂၀ အ႐ြယ္ ေမာင္ဟိန္းေအာင္ဆက္ႏွင့္

အသက္ ၁၇ ႏွစ္အ႐ြယ္ ေမာင္ရဲသုေဝ လင္းတို႔ ျဖစ္သည္။

၎တို႔ ႏွစ္ဦးသည္ ေမ ၁၁ ရက္က မူဆယ္ၿမိဳ႕တြင္း စစ္အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပလႈပ္ရွားမႈတြင္ ပါဝင္ခဲ့ၿပီး

ေနအိမ္သို႔ အျပန္တြင္ အရပ္ဝတ္ စစ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးလိုက္ျခင္း ျဖစ္သည္။

စစ္ေကာင္စီ၏ အာေဘာ္မ်ားကို ထုတ္လႊင့္ေနသည့္ ျမန္မာ့အသံသတင္းဌာန၏ ေမလ ၁၂ ရက္

ည ၈ နာရီသတင္းတြင္ ေမာင္ ဟိန္းေအာင္ဆက္ႏွင့္ ေမာင္ရဲသု ေဝလင္းတို႔ကို ဖမ္းဆီးစစ္ေဆးထားခ်က္အရ

ဟိုနားရပ္ကြက္အတြင္းမွ ေနအိမ္ တအိမ္ကို ဝင္ရွာရာတြင္ M-22 ေသနတ္ ၅ လက္၊ က်ည္အိမ္ ၅ ခု၊

ႀကိဳးဆြဲ လက္ပစ္ဗုံး ၁၆ လုံးႏွင့္ ၇.၆၂ က်ည္ ၃၁၅ ေတာင့္တို႔ကို သိမ္း ဆည္းမိေၾကာင္း သတင္း ထုတ္ျပန္ထားသည္။

စစ္တပ္ပိုင္ ျမဝတီသတင္းဌာနကလည္း ၎တို႔ ၂ ဦးကို M-22 ေသနတ္ ၅ လက္၊

လက္လုပ္မိုင္း ၁၆ လုံးႏွင့္အတူ ဖမ္းဆီးရရွိ ပါသည္ဟု သတင္း ထုတ္ျပန္ထားသည္။

ေမာင္ရဲသုေဝလင္း၏ မိသားစုဝင္တဦးက “ေမာင္ေလးက ၁၀ တန္းေက်ာင္းသားပါ။ ဖမ္းခံရတုန္းက ဆိုင္ကယ္နဲ႔ လူနဲ႔ပဲ ဖမ္းခံ ရတာ။

သတင္းမွာ ပါလာေတာ့မွ လက္နက္ေတြနဲ႔ မိတယ္ဆိုတာ လုံးဝ မဟုတ္ဘူး။ အိမ္ထဲက လူေတြလည္း အကုန္ထြက္ ဆိုလို႔ ရတယ္။

ဒီကေလးက ေအးေအးေဆးေဆးေနတဲ့ ကေလးတေယာက္ပါ။ သူ႔ကို လက္နက္ေတြနဲ႔ ပတ္သက္ေနတယ္ဆို တာ စြပ္စြဲခံရတာပါ” ဟု ေျပာသည္။

မိသားစုဝင္မ်ားက မူဆယ္ၿမိဳ႕ရဲစခန္းသို႔ လိုက္သြားရာတြင္ ဖမ္းဆီးခံရထားရသည့္ လူငယ္ႏွစ္ဦးကို

႐ိုက္ႏွက္ထားသျဖင့္ မ်က္ ႏွာမ်ား ဖူးေယာင္ေနသည့္ အေနအထားျဖင့္ ေတြ႕ျမင္ခဲ့ရသည္ဟု သိရသည္။

ေမာင္ဟိန္းေအာင္ဆက္ႏွင့္ ေမာင္ရဲသုေဝလင္းတို႔ကို ဆႏၵျပၿပီး အျပန္လမ္းတြင္ ဖမ္းဆီးသြားေသာ္လည္း

ယခုအခါ လက္ နက္ခဲယမ္းမ်ားႏွင့္ အတူ ဖမ္းမိထားသည္ဟု စြပ္စြဲထားျခင္းမ်ားေၾကာင့္

တရားမွ်တမႈ မရွိဘဲ ႀကီးေလးသည့္ ပုဒ္မမ်ားျဖင့္ တရားစြဲဆိုခံရမည္ကိုလည္း စိုးရိမ္သည္ဟု အဆိုပါ မိသားစုဝင္က ဆိုသည္။

ဖမ္းဆီးခံထားရသည့္ လူငယ္ ၂ ဦးဘက္မွ အမႈလိုက္ေပးမည့္ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚျဖဴျဖဴဝင္းက

၎၏အမႈသည္ ႏွစ္ဦးထဲတြင္ ေမာင္ရဲသုေဝလင္းသည္ အသက္ ၁၈ ႏွစ္ မျပည့္ေသးသျဖင့္

ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒအရ တရား႐ုံးတြင္ ေလွ်ာက္ထားကာ ခံဝန္ျဖင့္

မိဘအုပ္ထိန္းမႈေအာက္တြင္ထား၍ ကေလးသူငယ္ဆိုင္ရာ တရား႐ုံးတြင္သာ အမႈ စစ္ေဆးရမည္ဟု ဆိုသည္။

ေဒၚျဖဴျဖဴဝင္းက “ဒီကေလးေတြကေတာ့ လက္နက္နဲ႔ အမႈ မပါေသးဘူး။ ၅၀၅ နဲ႔ပဲ ခ်ဳပ္ရမန္ယူထားတယ္။

လက္နက္နဲ႔ ပတ္သက္လို႔ေတာ့ ရမန္ကို မယူထားဘူး။ လက္နက္မိတဲ့ အိမ္က တရားခံေျပး ရွိတယ္။

ဒီတရားခံေျပးကိုပဲ လက္နက္နဲ႔ ပတ္သက္တဲ့ ခ်ဳပ္မိန႔္ ေတာင္းထားတယ္။

ဖမ္းဝရမ္းထုတ္မွာေပါ့။ ကေလးႏွစ္ေယာက္ကိုေတာ့ ေလာေလာဆယ္ ၅၀၅ ပါပဲ။

ဒါေပမယ့္ ေနာက္ထပ္လည္း ျဖစ္ရင္လည္း ျဖစ္လာႏိုင္တယ္။ ေျပာလို႔ေတာ့ မရေသးပါဘူး” ဟု ေျပာသည္။

ထိုအမႈကို လာမည့္ ေမလ ၂၆ ရက္တြင္ ႐ုံးထုတ္ စစ္ေဆးမည္ဟု သိရသည္။

ဖမ္းဆီးခံထားရသူ၂ ဦး၏ သူငယ္ခ်င္း ေမာင္စိုင္းေနာင္ကလည္း “က်ေနာ္တို႔က အၿမဲ တြဲၿပီး ဆႏၵျပေနတာပါ။

သူတို႔က လက္ နက္ခဲယမ္းေတြ ဖြက္ထားတယ္။ သိမ္းထားတယ္ဆိုတာ လုံးဝ မဟုတ္ဘူး။

အဲဒီ လက္နက္ေတြမိတဲ့ အိမ္က တျခား ေနရာ တေနရာ ျဖစ္ပါတယ္။

သူတို႔နဲ႔ ဘာမွ မသက္ဆိုင္တာကို ဆြဲၿပီး ခ်ိတ္ထားတာ” ဟု ေျပာသည္။

ေမာင္ဟိန္းေအာင္ဆက္ႏွင့္ ေမာင္ရဲသုေဝလင္းတို႔ကို ဖမ္းဆီးထားျခင္းႏွင့္ ပတ္သက္၍ ဧရာဝတီက

မူဆယ္ၿမိဳ႕ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနႏွင့္ မူဆယ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၏ တပ္ဖြဲ႕ဝင္တဦးကို

ဖုန္းျဖင့္ ဆက္သြယ္ ေမးျမန္းေသာ္လည္း ေျဖဆိုျခင္း မရွိပါ။

မူဆယ္ၿမိဳ႕တြင္း ေဖေဖာ္ဝါရီ ၁ ရက္မွ ယေန႔ထိ စစ္အာဏာရွင္အား ဆန႔္က်င္ဆႏၵျပျခင္းေၾကာင့္

ဖမ္းဆီးခံရသည့္ လူငယ္ဦး ေရ ၅၀ ထက္ မနည္း ရွိသည္။

စစ္တပ္က အာဏာသိမ္းျခင္းကို ႏိုင္ငံတဝွမ္းရွိ လူထုက ဆန႔္က်င္ဆႏၵျပေနၾကရာ ေဖေဖာ္ဝါရီမွယေန႔ထိ

ဖမ္းဆီးခံထားရသူ ဦးေရ ၃၈၀၀ ေက်ာ္ ရွိေနၿပီး အမ်ားစုကို အမ်ားျပည္သူ အက်ိဳးပ်က္စီးေစမႈဆိုင္ရာ

ဥပေဒ ပုဒ္မ ၅၀၅ -က ျဖင့္ စစ္ ေကာင္စီက တရားစြဲဆိုထားသည္။

စစ္အာဏာရွင္ ဆန႔္က်င္ေရး ျပဳလုပ္သည့္ လူငယ္အမ်ားစုကို ဖမ္းဆီးမိပါက ပုဒ္မ ၅၀၅- က ျဖင့္ အမႈဖြင့္ေသာ္လည္း

အခ်ိဳ႕ လူငယ္မ်ားကို ႏိုင္ငံေတာ္အား ဆန႔္က်င္ျခင္း၊ အၾကမ္းဖက္မႈ လုပ္ရပ္မ်ား လုပ္ေဆာင္ရန္ ႀကံစည္ျခင္း

စသည့္ ျပစ္ဒဏ္ႀကီး ေလးသည့္ ပုဒ္မမ်ားျဖင့္ တရားစြဲဆိုထားျခင္းမ်ားလည္း ရွိသည္။

စစ္ကိုင္းတိုင္း မုံ႐ြာၿမိဳ႕တြင္ လူငယ္ေခါင္းေဆာင္တဦး ျဖစ္သည့္ ကိုေဝမိုးႏိုင္ကိုလည္း

ဧၿပီ ၁၅ ရက္က ဆိုင္ကယ္သပိတ္ျပဳ လုပ္ေနစဥ္ ကားျဖင့္တိုက္ကာ ဖမ္းဆီးသြားခဲ့ၿပီး

တရားစြဲဆိုရာတြင္ တပ္မေတာ္အေပၚ အၾကည္ညိဳပ်က္ေစမႈ အျပင္ ဓားျပမႈ၊ လူသတ္မႈ၊ အျပင္းအထန္

နာက်င္ေစမႈ၊ မတရား ဖမ္းဆီးခ်ဳပ္ေႏွာင္ထားမႈ စသည့္ ပုဒ္မ စုစုေပါင္း ၁၀ ခုျဖင့္ တရားစြဲဆို ထားသည္။